အခန်း (၁၃၅) သန့်စင်သော ယင်ခန္ဓာကိုယ်ရှိသည့် ရှားချင်ယု

276 17 0
                                    

" ဒေါက် ... ဒေါက် ... ဒေါက် ... " ရဲ့ချန်သည် CEO ​၏အခန်းတံခါးကို ခေါက်လိုက်​၏။

" ဝင်ခဲ့ " အထဲက အေးစက်လှပသော မိန်းကလေးသံတစ်သံသည် ရဲ့ချန်ကို အခန်းထဲဝင်ရန် ခွင့်ပြုချက် ပေးလိုက်​၏။

ခွင့်ပြုချက် ရရှိပြီးနောက် ရဲ့ချန်က အခန်းထဲသို့ တံခါးဖွင့်ပြီး ဝင်ရောက်လာသည်။

ရဲ့ချန် အခန်းထဲ ဝင်လာသောအခါ မျက်နှာလှလှလေး နှင့် ပြည့်စုံပြီး ရှာမှရှားသည့် ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရ​၏။ ထိုမိန်းကလေး​၏အမူအရာသည် အေးစက်သော အငွေ့အသက်တို့က လွှမ်းခြုံနေ​၏။ ထို့အပြင် ထိုအေးစက်မှုများကို ပိုမို အသက်ဝင်စေရန် မျက်ဝန်းပြာပြာတို့က ထပ်မံ ပေါင်းထည့်ပေးထားပြန်သည်။

မိန်းမချောလေးသည် ရဲ့ချန်ကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်​၏။ အစကနေ အဆုံးထိ မိန်းကလေး​၏မျက်နှာ အမူအရာက တစ်စက်မျှ ပြောင်းလဲမသွားချေ။ သူမက ရဲ့ချန်ကို အေးစက်စက်နိုင်သော အကြည့်တစ်ခုဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

သည်အေးစက်မှု အမျိုးအစားက လော့ဘင် နှင့် မတူပေ။ မိန်းကလေး​၏အေးစက်မှုသည် တခြားလူများက သူမအနားသို့ ချဉ်းကပ်ရန် ခက်ခဲသွားစေဖို့ ကာရံထားသည့် တံတိုင်းကြီးတစ်ခုဖြင့် တူလှချေသည်။

ရဲ့ချန်သည် မိန်းကလေး​၏ခန္ဓာကိုယ်မှ အလွန်တရာ သန့်စင်သော ယင်ချီများ ဖြာထွက်နေသည်ကို သတိထားမိသွားပြီး တအံ့တဩ ဖြစ်သွား​၏။

" ဒီမိန်းကလေးမှာ သန့်စင်သော ယင်ခန္ဓာကိုယ် ရှိနေတာလား " ရဲ့ချန် တီးတိုး ရေရွတ်လိုက်​၏။

" အိုး ဆရာရေ၊ နင်တော့ သန့်စင်သော ယင်ခန္ဓာကိုယ်ရှိတဲ့ မိန်းကလေးနဲ့ တွေ့နေပြီ၊ နင့်ရဲ့ကံက မိန်းမနဲ့ပတ်သက်လာရင်တော့ သေအောင်မိုက်တာပဲ " ချူးယွဲ့ချန်သည် ရဲ့ချန်​၏ကံတရားကို ချီးကျူးလိုက်​၏။

ရဲ့ချန်​၏ခန့်မှန်းချက်က မှန်သွားသည်။ ဤမိန်းကလေးတွင် အမှန်တကယ် သန့်စင်သော ယင်ခန္ဓာကိုယ် ရှိနေသည် မဟုတ်ပါလား။ သန့်စင်သော ယင်ခန္ဓာကိုယ်သည် သာမန်အပျိုစင်တစ်ယောက် နှင့် အကျိုးသက်ရောက်မှုချင်း အဆမတန် ကွာခြားလှသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now