အခန်း (၁၃၄) သက်တော်စောင့် စမ်းသပ်မှုကို အောင်မြင်ခြင်း

225 12 0
                                    

" ဒါပေါ့ ဒါပေါ့၊ မင်း အောင်မြင်တယ် " လုံကျန်းက စကားကို နှစ်ကြိမ်ထပ်၍ ပြောလိုက်ရ​၏။

လုံကျန်းသည် ဤအဖြစ်မျိုးကို သူ စစ်တပ်တွင် နေစဉ်အခါက တစ်ကြိမ် မြင်ဖူးခဲ့​၏။ ထိုအချိန်အခါက နိုင်ငံ​၏ပထမဆုံး စစ်တပ်သည်သာ ထိုသို့ လုပ်နိုင်ကြသည်။ သို့သော် ခြားနားချက်သည် သူတို့က သူတို့တတ်နိုင်သည်ထက် အဆမတန် ကြီးမားလွန်းသော တာဝန်များကို ထမ်းဆောင်ရခြင်း ဖြစ်​၏။

နဂါးစစ်တပ်သည် ဤနိုင်ငံတွင် စွမ်းအားအကြီးဆုံး စစ်တပ်တစ်တပ် ဖြစ်​၏။ ယခုအချိန်ထိ နဂါးစစ်တပ်က နိုင်ငံတစ်နိုင်ငံလုံးတွင် စွမ်းအားအကြီးဆုံး ဖြစ်နေသေးသည် မဟုတ်ပါလား။

နဂါးစစ်တပ်က အဖွဲ့ဝင်တစ်ဦးသည် တပ်ရင်းက အထူးစစ်သည်တော် ဆယ်ဦးကို တိုက်ခိုက် အနိုင်ယူနိုင်စွမ်းရှိ​၏။

ထို့ကြောင့် လုံကျန်းသည် ၂၀၀ ကီလိုဂရမ် အလေးချိန်ရှိသော အလေးတုံးအား အလွယ်တကူ မ,နိုင်သည့် ရဲ့ချန်ကို ကြည့်ရင်း သံသယဝင်လာပြီ ဖြစ်​၏။

လုံကျန်းသည် ရဲ့ချန်က နဂါးစစ်တပ်​၏အဖွဲ့ဝင် တစ်ဦးပင်လောဟု စတင် တွေးတောလာသည်။

" ကောင်းပြီလေ၊ ဒါဆို ငါတို့ ဒုတိယစမ်းသပ်မှုဆီ သွားရအောင် " လုံကျန်းသည် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သော လူသုံးဦးကို ခေါ်လာခဲ့သည်။

သူတို့အားလုံး အခန်းထဲသို့ ရောက်လာသောအခါ ထိုနေရာတွင် သဲအိတ်များစွာကို မြင်လိုက်ရ​၏။

ရဲ့ချန် နှင့် အခြားနှစ်ယောက်သည် သူတို့ကို ထိုသဲအိတ်များဖြင့် မည်သည့်အရာများ လုပ်ခိုင်းမည်နည်းဟု သိချင်စိတ် ဖြစ်လာ​၏။

" လူတိုင်း တစ်ယောက်ကို တစ်အိတ်စီ ယူလိုက် " လုံကျန်းက ကြမ်းပြင်ပေါ်က သဲအိတ်များကို ယူရန် ပြောလိုက်သည်။

ရဲ့ချန် နှင့် အခြားနှစ်ယောက်က သဲအိတ်များကို တစ်ယောက် တစ်အိတ်စီ ကောက်ယူလိုက်သည်။ သဲအိတ်များ​၏အလေးချိန်သည် အနည်းဆုံး ၇၅ ကီလိုဂရမ် ဝန်းကျင်ခန့် အလေးချိန်ရှိ​၏။

လုံကျန်းက အဝတ်စများကို ထုတ်ယူပြီး ရဲ့ချန် အပါအဝင် အခြားနှစ်ယောက်​၏ မျက်လုံးများကို စည်းလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now