အခန်း (၁၀၉) ရဲ့ချန်နှင့် ချောင်ကျင်း

308 16 0
                                    

" မင်းမှာ အစွမ်း ဘယ်လောက်ရှိသလဲဆိုတာ ကြည့်ကြသေးတာပေါ့ " ချောင်ကျင်းက သူ​၏သေမင်းလက်နက်ကြီးကို လေထဲတွင် ဝှေ့ယမ်းနေသည်။

" ချလပ်... " ကြီးမားသော တံစဉ်းကြီး​၏အသွားများက အခန်းအတွင်းက ဗလာနယ်ကိုပင် ထက်ပိုင်း ဖြတ်ပစ်လိုက်သည်။

ရဲ့ချန်က ထိုအရာကို ကြည့်ပြီး အံ့အားသင့်ခြင်း အလျင်း မရှိပါချေ။ ချောင်ကျင်းတွင်သာ ထိုသို့သော အင်အား မရှိလျှင် ကောင်းကင်နယ်ပယ် အဆင့်လေး ကျင့်ကြံသူဟူသော ဘွဲ့ထူးဖြင့် ထိုက်တန်မည် မဟုတ်ချေ။

" အ...အာ...ဟ...အီး...ဟီ...ဟီး... ဘယ်လိုလဲ၊ ငါ့ရဲ့ အစွမ်းကို မြင်ပြီလား " ချောင်ကျင်း​၏ရယ်မောပုံက ရုပ်ရှင်ဇာတ်ကားထဲက မကောင်းဆိုးဝါးကြီးတစ်ကောင် ရယ်နေပုံနှင့် အလွန်တရာ တူလှသည်။

" ဒီလောက် အားလေးနဲ့ ငါ့ကို သတ်ချင်နေတာလား " ရဲ့ချန်က ချောင်ကျင်းကို လှောင်ပြောင် လိုက်​၏။

" မင်းရဲ့ အင်အားကရော ဘယ်လောက်ရှိလို့လဲ၊ တော်တော် ဖင်ခေါင်းကျယ်တဲ့ကောင်၊ လာလေ... စမ်းကြည့်လိုက် " ချောင်ကျင်းက ရဲ့ချန်​၏အနီးအနားသို့ ပျံသန်းလာသည်။

ထို့နောက် သူက တံစဉ်းလက်နက်ကြီးဖြင့် ရဲ့ချန်​၏ခန္ဓာကိုယ်ကို ပိုင်းချလိုက်သည်။

ရဲ့ချန်က ချောင်ကျင်း​၏ တိုက်ခိုက်မှုကို အသာအယာပင် ရှောင်တိမ်းလိုက်သည်။

ချေင်ကျင်းက စိတ်မပျက်ဘဲ မဲမဲမြင်ရာ လိုက်လံ ခုတ်ပိုင်းတော့သည်။

ရဲ့ချန်က ချောင်ကျင်း​၏ ရာပေါင်းများစွာသော ဓားချက်များကို အသာအယာ ရှောင်တိမ်းနေဆဲသာ ဖြစ်သည်။ ချောင်ကျင်းက ရဲ့ချန်​၏ အင်္ကျီစကိုပင် ထိအောင် မတိုက်ခိုက်နိုင်ပေ။

" မင်း တော်တော် သတ္တိနည်းတဲ့ ကောင်ပဲ၊ ရှောင်ပဲ ရှောင်တတ်တာလား၊ လာစမ်းပါ...  တိုက်လှည့်စမ်းပါ " သူက ရဲ့ချန်ကို ထိအောင် မတိုက်ခိုက်နိုင်သည့် အဖြစ်ကို ကြည့်ရင်း ချောင်ကျင်းသည် ဤသို့ ပြောလိုက်သည်။ သို့မှသာ ရဲ့ချန်က သူ့ကို ပြန်လည် တိုက်ခိုက်မည် မဟုတ်ပါလား။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Donde viven las historias. Descúbrelo ahora