အခန်း (၄၀) နားလည်မှု လွဲခြင်း

373 34 0
                                    

ရဲ့ချန် အချိန် ဘယ်လောက်ကုန်အောင် အိပ်စက်နေမှန်း မသိတော့ပေ။ သူ မျက်လုံးကိုဖွင့်လိုက်သောအခါ တန်ဆာများဖြင့် အလှဆင်ထားသော မျက်နှာကျက်တစ်ခုကို မြင်လိုက်ရသည်။ ဤအခန်းက သူနေသော ဟိုတယ်အခန်း မဟုတ်ပေ။ သူ ကမန်းကတန်း ပတ်ဝန်းကျင်ကို လေ့လာလိုက်သောအခါ ကြီးမားသောအိပ်ရာကြီးတစ်ခုကိုမြင်လိုက်ရသည်။ ရဲ့ချန် ထိုကုတင်ကြီးကို ပြန်သတိရလာသည်။ ထိုဟာက နတ်သမီးတံခါးဝထဲ၌ ယင်ယန်ကျင့်စဉ် လေ့ကျင့်ရန် လျာထားသည့် ကုတင်ကြီးပင် ဖြစ်သည်။

သူ​၏ဘေးမှာတော့ ချောင်ယမ်ယမ်က ကျက်သရေရှိစွာ အိပ်စက်နေဆဲရှိသေးသည်။ သူမက ယခုအချိန်ထိ ပင်ပန်းနွမ်းနယ်နေဟန် ရသည်။

" ဆရာ... နိုးပြီလား " ချူးယွဲ့ချန်​၏အသံက အခန်းတံခါးဘေးမှ ထွက်ပေါ်လာသည်။

ရဲ့ချန်တစ်ယောက် မွှန်ထူသွားကာ အနားရှိစောင်တစ်ထည်အား အမြန်ယူလိုက်ပြီး သူ​၏လျှို့ဝှက်အပ်သော အစိတ်အပိုင်းများအား ဖုံးထားလိုက်လေတော့သည်။

" ယွဲ့ချန်... မင်းဘာလို့ ဒီထဲကို ဝင်လာတာလဲ " ရဲ့ချန် မေးလိုက်သည်။

ချူးယွဲ့ချန်က ခေါင်းကို တစ်ချက်ယမ်းလိုက်သည်။ " ဆရာ... ဆရာ့ကိုယ်ဆရာ ဖုံးကွယ်ဖို့ ကြိုးစားမနေပါနဲ့တော့။ မနေ့ညက ဆရာ့တစ်ကိုယ်လုံးကို ကျွန်မ အကုန်မြင်ဖူးပြီးသွားပြီ။ ဒါကြောင့်မလို့ ကျွန်မကို ဘာမှ ရှက်နေစရာ မလိုတော့ပါဘူး "

ချူးယွဲ့ချန်​၏စကားကို ကြားလိုက်ရသောအခါ ရဲ့ချန် သူ့ရဲ့ဦးခေါင်းကို မိုးကြိုးပစ်ချသလို ခံစားလိုက်ရသည်။ သူနှင့်ချောင်ယမ်ယမ်တို့ ယင်ယန်ကျင့်စဉ် ကျင့်နေသည်အား ချူးယွဲ့ချန် မြင်နိုင်လိမ့်မည်ဟု သူလည်း ထင်မထားခဲ့ပေ။

" လူဆိုးမ... မင်းက ဘယ်လိုလုပ်ပြီး သူများရဲ့အချစ်ပွဲကို ချောင်းကြည့်နိုင်ရတာလဲ... ဟမ်။ မင်း မရှက်ဘူးလား " ရဲ့ချန်က သူမကို ဆူလိုက်သည်။

" အဲ့ဒါက ကျွန်မအပြစ်မဟုတ်ဘူး... ရဲ့ချန်။ အဲ့ဒီ့ဇာတ်လမ်းကို ကျွန်မကို ပြပါလို့... ကျွန်မ ဘယ်သူ့ကိုမှ မတောင်းဆိုခဲ့ဘူး " ချူးယွဲ့ချန်က မျက်နှာရဲရဲလေးနှင့် ပြန်လည် ချေပလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now