အခန်း (၁၃၀) အငယ်က ရန်ဘက်နှင့် ပြန်တွေ့ခြင်း

273 20 0
                                    

ရှောင်လုလုသည် ဓားတစ်ချောင်းကို ယူပြီး ကောင်းကင်မက်မွန်သီးကို အစိတ်အပိုင်း သေးသေးလေးများဖြစ်အောင် စတင် လှီးတော့သည်။ ထို့နော​က် သူမက စားပွဲပေါ်တွင် လူတိုင်းအတွက် လိုက်လံ ဝေငှပေးလိုက်​၏။

ကောင်းကင်မက်မွန်သီးကို စားရတော့မည့် အချိန်တွင် လျှို့ယွဲ့ နှင့် ဖူလန်လင်းတို့က စိတ်အလှုပ်ရှားဆုံး ဖြစ်​၏။ သူမတို့က ထိုသစ်သီးကို အလွန်တရာ နှစ်သက်လှသည် မဟုတ်ပါလား။

လော့ဘင်ကလည်း သူမရှေ့က ကောင်းကင်မက်မွန်သီးကို စတင် စားသောက်လိုက်​၏။ လော့ဘင်သည် အသီးစိတ်ကို သူမ​၏ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ယင်းက အလွန်တရာ ချိုမြိန်ပြီး အရသာရှိကြောင်း ခံစားမိလိုက်​၏။ ကောင်းကင်မက်မွန်သီးက သူမ​၏အစာအိမ်ထဲသို့ ရောက်သွားသော အခါတွင်လည်း ခန္ဓာကိုယ်က အလွန်အမင်း သက်သောင့်သက်သာ ရှိကြောင်း ခံစားလိုက်ရပြန်​၏။

လော့ဘင်​၏ဘဝတွင် ကောင်းကင်မက်မွန်သီးထက် ပိုမိုအရသာရှိသော အစားအစာကို တစ်ခါမျှ မစားဖူးခဲ့ချေ။

လော့ဘင်​၏ပန်းကန်ထဲက ကောင်းကင်မက်မွန်သီးစိတ်များသည် တစ်ခဏအတွင်း ကုန်ဆုံးသွားတော့​၏။ လော့ဘင်တစ်ယောက် ကျေနပ် နှစ်သိမ့်ခြင်း မရှိသေးချေ။ သူမ မက်မွန်သီးကို ထပ်မံ စားသုံးလိုသည်။

" ငါ ထပ်လိုချင်သေးတယ် " လော့ဘင်သည် မက်မွန်သီး ထပ်ရရန် ရှောင်လုလုဆီက ရှက်ရွံ့စွာ တောင်းခံလိုက်​၏။

ရဲ့ချန်က မက်မွန်သီးစိတ်များ အားလုံးကို ချက်ချင်း ဆွဲယူပြီး သူ​၏ပန်းကန်ထဲသို့ ထည့်ထားလိုက်​၏။

" ရဲ့ချန် နင် အကျင့်မယုတ်နဲ့နော်၊ ငါ့အတွက်လည်း နည်းနည်းပေး " လော့ဘင်သည် ရဲ့ချန်က မက်မွန်သီးစိတ်များ အားလုံးကို မောင်ပိုင်စီးသွားသောကြောင့် မကျေမနပ် ဖြစ်သွား​၏။

လော့ဘင် အံ့ကို တင်းနေအောင် ကြိတ်ထားလိုက်​၏။ သူမ​၏မျက်နှာကလည်း စိတ်ဆိုးလွန်းသဖြင့် နီရဲနေပြီ ဖြစ်​၏။

တစ်ဘက်တွင် ထိုင်နေသော ချောင်ယမ်ယမ်က ရဲ့ချန်​၏ခြေထောက်ကို ရုတ်တရက် စောင့်နင်းလိုက်​၏။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Kde žijí příběhy. Začni objevovat