အခန်း (၁၃၉) ရေချိုးခန်းထဲက ဟိုလိုလို သည်လိုလို အခြေအနေ

347 14 0
                                    

အိမ်စောစောပြန်ရန် ခွင့်ပြုချက်တောင်းပြီးနောက် လီချင်းကျူက ရဲ့ချန်ကို သူမ​၏နေအိမ်သို့ ခေါ်လာခဲ့သည်။

" ဪ ဟုတ်သားပဲ၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ " လီချင်းကျူက ရဲ့ချန်​၏နာမည်ကို မေးလိုက်သည်။

" ကျုပ်က ရဲ့ချန်ပါ၊ ခင်ဗျားနာမည်ကရော " ရဲ့ချန်က သူမ​၏နာမည်ကို သိသော်လည်း မသိယောင်ဆောင်၍ မေးလိုက်သည်။

" ကျွန်မက လီချင်းကျူပါ၊ တွေ့ရတာ ဝမ်းသာပါတယ် " လီချင်းကျူက ရဲ့ချန်ကို ပြုံးပြလိုက်သည်။

" ဪ လီချင်းကျူတဲ့လား၊ ကျုပ် ခင်ဗျားနာမည်ကို ကြားဖူးတယ်၊ ဟွာချင်းကျောင်းရဲ့ ကျောင်းပန်းလေးပွင့်ထဲက တစ်ပွင့်မဟုတ်လား " ရဲ့ချန်သည် ထိုမိန်းကလေးကို ကျောင်းပန်းတစ်ပွင့်ဖြစ်သော လီချင်းကျူ ဟုတ်မဟုတ် အတည်ပြုလိုသည်။

" ရှင် ဘယ်လိုသိတာလဲ၊ ရှင်လည်း အဲဒီကျောင်းကပဲလား " လီချင်းကျူသည် ရဲ့ချန်က သူမ​၏အကြောင်းကို သိထားမည်ဟု ထင်မထားခဲ့ပေ။

" ဟုတ်တယ်၊ ကျုပ်က ဒုတိယနှစ်မှာ တက်နေတာပါ၊ ခင်ဗျားကို သိထားတာ ကြာပါပြီ " ရဲ့ချန်သည် လီချင်းကျူက မည်သည့်နေရာက ဆက်ဆံရေးကြဲတတ်မှန်း လုံးဝ စဉ်းစားမရချေ။ လီချင်းကျူနှင့် စတွေ့ကတည်းက သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံနေသည် မဟုတ်ပါလား။

" ဪ ဒီတော့ ရှင်က ဂျူနီယာလေးပေါ့၊ ကျွန်မက အခု တတိယနှစ်ရောက်ပြီ " လီချင်းကျူက ရဲ့ချန်ကို ဂျူနီယာဟု ခေါ်လိုက်သည်။

ထိုစကားကိုကြားပြီး ရဲ့ချန် တစ်ချက် ပြုံးမိလိုက်သည်။ " ကောလဟာလတွေ ပြောနေကြတာတော့ ခင်ဗျားက လူတိုင်းကို အေးတိအေးစက်ပဲ ဆက်ဆံတတ်တယ်တဲ့၊ အခု ကြည့်ရသလောက်ကတော့ အဲဒီလို ဟုတ်ပုံမရပါဘူး " ရဲ့ချန်သည် ဤကိစ္စနှင့်ပတ်ပတ်ပြီး သိချင်စိတ်ဖြစ်နေမိ​၏။

" တကယ်တော့ ကျောင်းမှာ အေးတိအေးစက် ဆက်ဆံတတ်ဖို့ သေချာလေ့ကျင့်ထားရတာ၊ ဒါမှ တခြားလူတွေရဲ့အနှောက်အယှက် ပေးတာကို ကျွန်မ မခံရမှာလေ၊ နေ့တိုင်း ကျွန်မအနားကို ချဉ်းကပ်ဖို့ ကြိုးစာနေတဲ့လူတွေက အမြဲတမ်း အများကြီး ရှိနေတာ မဟုတ်လား၊ သူတို့က နည်းလမ်းအမျိုးမျိုးနဲ့ ကျွန်မအနားကို ချဉ်းကပ်ဖို့ မရမက ကြိုးစားကြတယ်၊ ဒါကြောင့် အဲဒီလူတွေကို အဝေးလွင့်သွားစေဖို့ လူတိုင်းအပေါ် ဆက်ဆံတဲ့ ကျွန်မရဲ့ဆက်ဆံရေးတွေကို ပြောင်းလဲလိုက်ရတာပေါ့ " လီချင်းကျူသည် ကျောင်းတွင် အေးအေးချမ်းချမ်း ပညာသင်ရန်သာ ဆန္ဒရှိခဲ့သည်။ သူမ​၏ရည်ရွယ်ချက်က ကောင်းမွန်သော ဘွဲ့တစ်ခုရရှိပြီး အလုပ်ကောင်းကောင်းတစ်ခု ရရှိရန်သာ ဖြစ်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now