အခန်း (၁၅၃) နွေဦးနန်းတော်

254 20 0
                                    

ရဲ့ချန်သည် နတ်သမီးတံခါးဝ​၏ သိုလှောင်ခန်းမထဲမှ ကောင်းကင်မက်မွန်သီး အချို့ကို ထုတ်ယူလိုက်​၏။ သူက ဤသစ်သီးများကို မရောင်းချရသေးသည့်အတွက် ခန်းမထဲတွင် အတော်များများ စုဆောင်းမိထားသည် မဟုတ်ပါလား။

ထို့ကြောင့် မြေခွေးပေါက်စလေး ရဲ့လျှိုကသာ ဤသစ်သီးများကို အများဆုံး စားပစ်နေသည်။

သူက ကောင်းကင်မက်မွန်သီး အလုံးနှစ်ဆယ်ခန့်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ထိုအရာကိုကြည့်ပြီး အဘွားထန်နူ နှင့် စုမန်ချီတို့ မှင်သက်မိကုန်ကြ​၏။

သူတို့​၏ရှေ့မှောက်တွင်ပင် ရဲ့ချန်က မျက်လှည့်တစ်ခုကို ပြလိုက်သလို လုပ်ပြသွားခဲ့သည် မဟုတ်ပါလား။

လူထိုများထဲတွင် ချောင်ယမ်ယမ် နှင့် ချောင်ဂျင်ချန်းတို့သာ ရဲ့ချန်က ကျင့်ကြံသူတစ်ဦးမှန်း သိထားကြသည်။

" ရဲ့ချန် နင်က ကျင့်ကြံသူတစ်ယောက်လို့တော့ ငါ့ကို လာမပြောနဲ့နော် " စုမန်ချီက ထိုင်ခုံကနေ ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

စုဝန်ဆန်က အလွန်တရာ ဩဇာအာဏာရှိသော လူတစ်ယောက် ဖြစ်သည်။ သူက ဤသို့သော အဖြစ်များကို တွေ့ဖူးကြုံဖူးခဲ့​၏။ ယင်းက ကျင့်ကြံသူတို့သာ လုပ်နိုင်သောအရာ ဖြစ်သည်။

လျှို့ဝှက် နဂါးစစ်တပ်က စုဝမ်ဆန်​၏လက်အောက်တွင် ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် စုမန်ချီ ပျောက်ဆုံးသွားစဉ်က လိုက်ရှာရန် အမိန့်ပေးနိုင်ခဲ့ခြင်း ဖြစ်​၏။

" ဟုတ်တယ်၊ ငါက ကျင့်ကြံသူတစ်ယောက်ပါ " ရဲ့ချန်က ဤကိစ္စအား သည်နေရာက လူများကို မဖုံးကွယ်လိုသောကြောင့် အမှန်တိုင်း ဖြေလိုက်​၏။

" ဟဟဟဟ ... မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး " စုဝမ်ဆန်က ဂုဏ်ယူစွာ ရယ်မောနေတော့သည်။ ထို့နောက် အရယ်ရပ်သွားပြီး ရဲ့ချန်ကို ထပ်မေးလိုက်သည်။ " မင်း အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ " သူက ကျင့်ကြံသူများ​၏အကြောင်းကို အနည်းငယ် သိထားသည် မဟုတ်ပါလား။

" ယောက္ခမကြီးက ကျုပ်ကို ချီးကျူးနေပြန်ပါပြီ၊ ကျုပ်ရဲ့အဆင့်က အတော်လေး နိမ့်ကျနေပါသေးတယ် " ရဲ့ချန်က နိမ့်ကျသော ကိုယ်ရေးအကျဉ်းသာ ရှိစေလိုသည်။ သူတွင်ရှိသော အင်အားနှင့်ပတ်သက်ပြီး ကြွားလုံးထုတ်ရန် ဆန္ဒမရှိပါချေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Wo Geschichten leben. Entdecke jetzt