အခန်း (၁၈၄) ရှားပါးပစ္စည်း အနည်းငယ် ရသွားသော ရဲ့ချန်

207 16 0
                                    

ရဲ့ချန်သည် အိပ်မောကျနေရာမှ နိုးလာ၏။ သူအနီးကို ဝေ့ကြည့်လိုက်သောအခါ ချောင်ယမ်ယမ်၊ လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီတို့က အိပ်စက်နေဆဲပင် ရှိကြောင်း မြင်လိုက်ရ၏။ သူမတို့လေးဦးသည် မနေ့ညက အချစ်ကြမ်းမှုကြောင့် အတော်လေး ပင်ပန်းနေဟန် ရ၏။
“ ဟေ့ … ယမ်ယမ်၊ ထတော့ “ ရဲ့ချန်က ချောင်ယမ်ယမ့်ကို နှိုးလိုက်သည်။
“ ယောက်ျား၊ ငါ နည်းနည်းလောက် အိပ်ပါရစေဟာ၊ အရမ်း အိပ်ချင်နေလို့ “ ချောင်ယမ်ယမ်က အိပ်ချင်မူးတူးဖြင့် ပြောလိုက်၏။ သူမက ယခုချိန်ထိ အိပ်ရာက ထလိုသည့်ဟန် မပေါ်သေးပေ။
ရဲ့ချန်က လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီတို့ကိုလည်း နှိုးကြည့်လိုက်၏။ သူမတို့အားလုံးက မထချင်သေးပေ။ ပင်ပန်းသည်ဟုဆိုကာ ပြန်လည် အိပ်ပျော်သွားတော့သည်။
ရဲ့ချန် တစ်ချက် ပြုံးလိုက်သည်။ သူမနေ့ညက အချစ်ပွဲနွှဲစဉ်က နည်းနည်းကြမ်းသွားပုံ ပေါ်၏။ အထူးသဖြင့် ချောင်ယမ်ယမ် နှင့် မိန်းမသုံးယောက်၏ ပုံစံက အလွန်တရာ ပင်ပန်း နွယ်နယ်နေဟန် ပေါက်နေသည် မဟုတ်ပါလား။
ချောင်ယမ်ယမ်၊ လျှို့ယွဲ့၊ ဖူလန်လင်း နှင့် စုမန်ချီတို့ဆီက ယင်ချီများ၏ အကျိုးကျေးဇူးကြောင့် ရဲ့ချန်က အရှင်သခင်နယ်ပယ် အဆင့်ငါးသို့ အလွယ်တကူ ချိုးဖြတ် တက်ရောက်နိုင်သွားပြီ ဖြစ်၏။
ချောင်ယမ်ယမ်ကလည်း မြေကြီးနယ်ပယ် အဆင့်သုံးသို့ ချိုးဖြတ် တက်ရောက်သွားပြီ ဖြစ်၏။ ချောင်ယမ်ယမ်က အဆင့်သုံးဆင့်ထိ ချိုးဖြတ် တက်ရောက်သွားသောကြောင့် ရဲ့ချန် အတော်လေး အံ့အားသင့်သွားရသည်။
လျှို့ယွဲ့က ယခု စိတ်ဝိညာဉ် သိမ်မွေ့နယ်ပယ် အဆင့်ရှစ်သို့ ချိုးဖြတ် တက်ရောက်သွားပြီ ဖြစ်၏။
စုမန်ချီက အတော်လေး အားနည်းသေး၏။ သူမက ယခုမှ စိတ်ဝိညာဉ် တည်ထောင်ခြင်းနယ်ပယ် အဆင့်ကိုးသာ ရှိသေး၏။
ဖူလန်လင်းအတွက်တော့ သူမက ယခင်အတိုင်း နတ်သခင်နယ်ပယ်သို့ ခြေတစ်လှမ်း၀င်အဆင့်သာ ရှိနေသေး၏။ သူမက နောက်တစ်ဆင့်သို့ တက်ရန် ပြဿနာတစ်ခုခု ရှိနေဟန် ရ၏။ သူမက နတ်သခင် မွေးဖွားခြင်းနယ်ပယ် အဆင့်သို့ တက်ရောက်ရန် ရဲ့ချန်နှင့် အကြိမ်များများ ယင်ယန် ကျင့်ကြံကောင်း ကျင့်ကြံရနိုင်၏။
မိန်းမအားလုံးက အိပ်ရာမှ မထချင်သေးပုံ ဖြစ်နေသည်ကို ကြည့်ရင်း ရဲ့ချန်သည် ယင်ယန်ကျင့်ကြံခြင်း ခန်းမထဲမှ တစ်ယောက်တည်း ထွက်လာခဲ့၏။ ထို့နောက် သူက လေ့ကျင့်ရေး ခန်းမသို့ သူ၏အင်အားကို တည်ငြိမ်စေရန် လေ့ကျင့်ဖို့ ထွက်လာခဲ့သည်။
ရဲ့ချန်သည် လေ့ကျင့်ရေး ခန်းမ၏အလယ်တွင် ခြေချင်းချိတ် ထိုင်ချလိုက်၏။ နာရီအတော်များ ကုန်ဆုံးပြီး နောက်ဆုံးတော့ ရဲ့ချန်၏အင်အားများက တည်ငြိမ်လာပြီ ဖြစ်၏။
‘ နင် ပြီးပြီလား “ ချူးယွဲ့ချန်က ရဲ့ချန်၏ဘေးတွင် ပေါ်လာ၏။
“ အင်း ပြီးပြီ၊ ယမ်ယမ်နဲ့ တခြားမိန်းမတွေရော နိုးပြီးလား “ ရဲ့ချန်က မိန်းမများ အိပ်ရာမှ ထမထ မေးမြန်းလိုက်၏။
“ ဟင့်အင်း … သူတို့ အိပ်တုန်းပဲ ရှိသေးတယ်၊ အဲဒါက နင့်အမှားလေ၊ နင်က တစ်ညလုံး သူတို့ကို သေအာင် လုပ်နေပြီးတော့ … ခစ်ခစ်ခစ် “ ချူးယွဲ့ချန်က ရဲ့ချန်ကို စနောက်နေလေသည်။
“ နင် … “ ရဲ့ချန်က ချူးယွဲ့ချန်ကို လက်ညှိုးထိုးလိုက်၏။ သူမက သူနှင့် မိန်းမဖြစ်သူတို့ ညက လုပ်နေသည့်အရာအားလုံးကို ချောင်းကြည့်မည်ဟု မျှော်လင့်မထားပေ။
“ နင်က ချောင်ယမ်ယမ်တို့ နိုးပြီးလား၊ နိုးပြီးလားနဲ့ ခဏခဏ မေးနေတယ်၊ ဘာလဲ နင် မနေ့ညက ဒီလောက်လုပ်ခဲ့တာတောင် မတင်းတိမ်နိုင်သေးဘူးလား “ ချူးယွဲ့ချန်သည် ရဲ့ချန်ကို စနောက်ရန် သူမ၏အင်္ကျီစအား အောက်သို့ အနည်းငယ် ဆွဲချလိုက်၏။
ယနေ့ ချူးယွဲ့ချန်က လည်ဟိုက်ကြီးကြီးတစ်ခုပါသည့် အင်္ကျီကို ၀တ်ဆင်ထား၏။ ရဲ့ချန်က သူမ၏တောင်ကြားလေးကိုပင် မြင်နေရပြီ ဖြစ်၏။ သို့သော် ယခုတော့ သူမက အင်္ကျီကို အောက်သို့ ဆွဲချလိုက်သောကြောင့် ရဲ့ချန်၏အာရုံက တောင်ဘို့ကြီးနှစ်လုံးဆီသို့ လုံးလုံး ကျရောက်သွားတော့သည်။
ရဲ့ချန်က ချူးယွဲ့ချန်၏ အင်္ကျီနောက်ကွယ်က အလှတရားကို ကြည့်ရှုရန် အနားသို့ တရွေ့ရွေ့ တိုးကပ်လာ၏။ ချူးယွဲ့ကလည်း ရဲ့ချန်ကို အောင်မြင်ရန် ခွင့်မပြုပေ။ သူမက နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်သည်။
“ နင်လိုချင်တယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို ဖမ်းဖို့ မကြိုးစားတာလဲ “ ချူးယွဲ့ချန်က တခစ်ခစ် ရယ်မောနေ၏။
ရဲ့ချန်သည် အတိတ်က ချူးယွဲ့ချန်အား ဖမ်းမမိနိုင်ပုံတို့ကို ပြန်လည် သတိရလာ၏။ “ ဒီတစ်ကြိမ်တော့ ငါ နင့်ကို သေချာပေါက် မိအောင်ဖမ်းပြမယ် “ ရဲ့ချန်က အလွန်တရာ ယုံကြည်ချက် ရှိနေသည်။ ယခု သူက ချူးယွဲ့ချန်နှင့် ပထမဆုံး စတွေ့စဉ်က ရဲ့ချန်ထက် များစွာ သန်မာနေပြီ မဟုတ်ပါလား။
မှန်ပေသည်။ ရဲ့ချန်က ချူးယွဲ့ချန် ပေးခဲ့သည့်ကတိကို အမှတ်ရနေဆဲပင် ရှိသေး၏။ ရဲ့ချန်သာ ပိုမိုသန်မာလာပြီး သူမကို ဖမ်းမိနိုင်မည်ဆိုလျှင် သူမက ရဲ့ချန်ကို အိပ်ရာထက်တွင် အသုံးတော်ခံပေးမည်ဖြစ်ကြောင်း သဘောတူထားသည် မဟုတ်ပါလား။
နောက်ထပ်တစ်ကြိမ် ရဲ့ချန်က ချူးယွဲ့ချန်နှင့် လိုက်တမ်း ကစားရတော့သည်။ ရဲ့ချန်၏ ယခု အင်အားဖြင့် ချူးယွဲ့ချန်ကို ဖမ်းမိရန် မဖြစ်နိုင်သေးပေ။
“ ဆရာ၊ နင် ငါ့ကို မဖမ်းနိုင်သေးဘူးနော်၊ နင် ဒီထက်ပိုသန်မာလာအောင် ယင်ယန် များများ လေ့ကျင့်သင့်တယ်၊ ငါတော့ ယင်ယန်ကျင့်ကြံခြင်း ခန်းမဆီ သွားကြည့်လိုက်ဦးမယ် “ ထိုသို့ပြောပြီးနောက် ချူးယွဲ့ချန်၏ပုံရိပ်က လေ့ကျင့်ရေးခန်းမထဲမှ ပျောက်ကွယ်သွားတော့၏။
“ တောက်ကွာ … ငါတော့ ထပ်ပြီး ကစားခံလိုက်ရပြန်ပြီ “ ရဲ့ချန်သည် ချူးယွဲ့ချန်က သူ့ကို ကစားခဲ့သည့်အတွက် မကျေမနပ် ဖြစ်နေ၏။
“ နေနှင့်ဦးပေါ့ကွာ၊ တစ်နေ့နေ့တော့ နင် ငါ့ခန္ဓာကိုယ်အောက်မှာ ကယ်ပါယူပါ တစာစာ အော်နေရမယ့် တစ်ချိန်တော့ သေချာပေါက် ရောက်လာမှာပါ “ ရဲ့ချန်သည် ချူးယွဲ့ချန်ကို ကုတင်ပေါ်ခေါ်ပြီး မည်သို့လုပ်မည့်အကြောင်းကို စိတ်ကူးယဉ်နေတော့သည်။
ရဲ့ချန်သည် နတ်သမီးတံခါး၀က အဆင့်တက်မတက် သိချင်စိတ် ဖြစ်လာ၏။ ထို့နောက် သူက နတ်သမီးတံခါး၀၏ အခြေအနေ ဖော်ပြချက်များကို ဖွင့်လိုက်၏။
အဆင့် … ၅
အမည် … ရဲ့ချန်
အသက် … ၁၉
အင်အား … အရှင်သခင်နယ်ပယ် အဆင့်ငါး
အမွေအနှစ် … ပညာရှင် နတ်ဘုရား
ကျင့်စဉ် … ဘုရင့်နှလုံးသား ကျင့်စဉ်၊ ဒေဝါလမ်း ကျင့်စဉ်၊ အရိပ်ကိုးခု ခြေလှမ်း၊ ဖျက်ဆီးခြင်း လက်ဝါးသိုင်း၊ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း၊ မီးဓားတစ်သောင်း ကျင့်စဉ် … …
မိန်းမ … ချောင်ယမ်ယမ်၊ လျှို့ယွဲ့၊ ဖူလန်လင်း၊ စုမန်ချီ။
အတွေ့အကြုံ … ၅၀ / ၇၈၉
ရဲ့ချန်သည် နတ်သမီးတံခါး၀က အဆင့်နှစ်ဆင့်ထိ ခုန်တက်သွားမည်ဟု မျှော်လင့်မထားပေ။ ယင်းသည် သူ၏မိန်းမများနှင့် မကြာခဏ ယင်ယန် ကျင့်ကြံခြင်းကြောင့် ဖြစ်ပုံပေါ်၏။
ရဲ့ချန်သည် နတ်သမီးတံခါး၀က အဆင့်တက်သွားသောကြောင့် အဆင့်တက်လက်ဆောင်များ ရယူရန် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပြီ ဖြစ်၏။
ရဲ့ချန် ရရှိသည့် ပစ္စည်းများသည် နှစ်တစ်သိန်း ဂျင်ဆင်းနတ်ဘုရားတစ်ခု၊ အမွှာနဂါး ဒယ်စောက်တစ်အိုး၊ နှင်းပိုးခြည် ချုံထည်အသုံးအဆောင် တစ်ထည်၊ ထာ၀ရ ဆေးပြား တစ်ပြား၊ ဆေးလုံး မဏ္ဍိုင်သုံးလုံး၊ အဆင့်တစ် အသုံးဆောင် ပစ္စည်း ဂိုထောင် ဖွင့်ပေးခြင်း၊ ဖွင့်ပေးထားသည့် ဆေးဥယျာဉ်အတွင်းက သန့်ရှင်းရေး အဆောင်များ ဖြစ်ကြ၏။
ရဲ့ချန်သည် သူရရှိသည့် ပစ္စည်းများကို တစ်ခုချင်း စစ်ကြည့်လိုက်၏။ ပထမဆုံး ရရှိသည့် ပစ္စည်းက နှစ်တစ်သိန်း ဂျင်ဆင်းနတ်ဘုရား ဖြစ်၏။ ယင်းသည် ရွှေကြာပန်းနှင့် ရောစပ်ပြီး ဆေးလုံးတစ်လုံး ဖော်စပ်နိုင်၏။ ရဲ့ချန်သည် ထိုပစ္စည်းနှခုကို ရောစပ်ပြီး ရရှိလာမည့် ဆေးလုံးက မည်မျှထိ အကျိုးသက်ရောက်မှုရှိမှန်း သိလိုနေပြီ ဖြစ်၏။
ကံမကောင်းစွာပင် ဤဆေးအမယ်များ၏ အဆင့်သည် အဆင့် ၆ သို့မဟုတ် အဆင့် ၇ နှင့် ညီမျှသည့်အတွက် ရဲ့ချန်က ဖော်စပ်ရန် မဝံရဲသေးပေ။ ယခုချိန်တွင် ရဲ့ချန်က အဆင့် ၄ ဆေးလုံးကိုသာ ဖော်စပ်နိုင်သော်လည်း အောင်မြင်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းပင် ရှိပြီး မီးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်သေး၏။ ထို့ကြောင့် ဆေးအမယ်များက အလဟဿ ဖြစ်မည် မဟုတ်တော့ပေ။
ဆေးပညာကို ကျွမ်းကျင် တက်မြောက်လိုလျှင် လူတစ်ယောက်သည် နည်းစနစ် ကျစေရန်အလို့ငှာ ဆေးလုံးများကို ထပ်ခါထပ်ခါ အဆက်မပြတ် ဖော်စပ်နေရန် လိုအပ်၏။
ဒုတိယပစ္စည်းသည် အမွှာနဂါး ဒယ်စောက်အိုး ဖြစ်၏။ ယင်းသည် ဆေးဖော်စပ်ရန်အတွက် ဆေးမီးဖို တစ်အိုး ဖြစ်သည်။ ထိုဆေးမီးဖိုတွင် တစ်ဖက်တစ်ချက်စီ နဂါးခေါင်းများ ပါရှိသည်။ ရဲ့ချန်က ထိုပစ္စည်း၏ ဖော်ပြချက်များကို ဖတ်ကြည့်လိုက်သည်။
အမွှာနဂါး ဒယ်စောက်အိုး … ဤဆေးမီးဖိုသည် ဆေးဖော်စပ်ရာတွင် အောင်မြင်မှု ရာခိုင်နှုန်းကို ငါးဆယ်ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်သည့် ဆေးမီးဖိုတစ်အိုး ဖြစ်သည်။ ယင်းသည် ထုတ်လုပ်နိုင်သည့် ဆေးလုံးများကိုလည်း ထပ်ဆင့်တိုးနိုင်စွမ်း ရှိ၏။
အမွှာနဂါး ဒယ်စောက်အိုးအကြောင်းကို ဖတ်ပြီးနောက် ရဲ့ချန် အတော်လေး ပျော်ရွှင်သွား၏။ ထိုဆေးမီးဖိုသည် ဆေးကျင့်ကြံသူတစ်ဦးအတွက် အလွန်တရာ ရှားပါးသည့် ရတနာတစ်ခုဟုပင် ပြောနိုင်၏။
တတိယပစ္စည်းက နှင်းပိုးခြည် ခြုံထည် အသုံးဆောင် တစ်ထည် ဖြစ်၏။ ယင်းသည် ရေခဲသဘာ၀ ကျင့်ကြံသူတစ်ဦးအတွက် အလွန်တရာ သင့်တော်သည့် အဆင့် ၆ လက်နက်တစ်ခုပင် ဖြစ်၏။ ကံမကောင်းစွာပင် ရဲ့ချန်တွင် ရေခဲသဘာ၀ ကျင့်ကြံသည့် မိန်းမတစ်ယောက်ပင် ရှိမနေချေ။ ထို့ကြောင့် ယခုချိန်အတွက် ထိုပစ္စည်းက အသုံး၀င်သည့် ပစ္စည်းတစ်ခုတော့ ဖြစ်မနေပေ။
စတုတ္ထပစ္စည်းသည် ထာ၀ရ ဆေးပြား ဖြစ်ပေသည်။ ထိုဆေးပြားသည် နှစ်ပေါင်းသုံးသိန်းခန့် အသက်အဆီအနှစ်များ တည်ရှိ်သည်ဟု လူများက ပြောကြသည်။ ထိုဆေးလုံးက တစ်ကြိမ်သာ သက်ရောက်မှု ရှိပေသည်။ ထို့ကြောင့် လူတစ်ယောက်က ထိုဆေးလုံးကို နှစ်ကြိမ် မသောက်သုံးကြပေ။ သို့သော် ထိုဆေးလုံးက နတ်ဘုံတွင်ပင် အလွန်တရာ ရှားပါးသည့် ဆေးမျိုး ဖြစ်ပေသည်။ နတ်ဘုံက တန်ခိုးရှင်များသာ သည်အကြောင်းကို သိသွားလျှင် ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
အလွန်တရာ အသက်ကြီးနေပြီ ဖြစ်သည့် ဂူရွှမ်းသာ ရှိလျှင် ရဲ့ချန်က ထိုဆေးလုံးကို ပေးလိုက်မည် ဖြစ်သည်။ ကံမကောင်းစွာ ဤအချိန်တွင် ဆရာဖြစ်သူက မည်သည့်နေရာသို့ ရောက်ရှိနေမှန်းပင် ရဲ့ချန် မသိတော့ပေ။
ပဉ္စမပစ္စည်းသည် ဆေးလုံး မဏ္ဍိုင် ဖြစ်ပေသည်။ ထိုဆေးလုံးကို သောက်သုံးလိုက်မည်ဆိုလျှင် အသုံးပြုသူ၏အင်အားကို ဆယ့်ငါးမိနစ်တာ အချိန်ပိုင်းအတွင်း နှစ်ဆယ့်ငါးဆအထိ တိုးမြှင့်ပေးနိုင်၏။ ထိုဆေးလုံးကို သောက်သုံးခြင်းဖြင့် အခြားအကျိုးသက်ရောက်မှုများ လုံး၀ မရှိပေ။
ယင်းသည် အလွန်တရာ ထူးခြားဆန်းကြယ်သည့် ဆေးလုံးတစ်လုံး ဖြစ်ပေသည်။ ရဲ့ချန်အတွက် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ထိုဆေးလုံးကို အသုံးပြုနိုင်သည်။
ထို့အပြင် နတ်သမီးတံခါး၀ထဲတွင် ပွင့်လာသည့် အသုံး၀င်မှု အသစ်နှစ်ခုလည်း ရှိသေး၏။ ပထမတစ်ခုသည် အဆင့်တစ် အသုံးဆောင်ပစ္စည်း ဂိုထောင်တစ်ခု ဖြစ်သည်။ ထိုဂိုထောင်ထဲတွင် အဆင့်တစ်မှ အဆင်သုံးထိ ရှိသော အသုံးအဆောင်ပစ္စည်းများကို စီတန်းထားသည်။ အဆင့်က နိမ့်ကျသော်လည်း ရဲ့ချန်တွင် အတွန့်တက်ရန် မရှိပေ။ ယင်းသည် အခမဲ့ ပစ္စည်းများ ဖြစ်ပေသည်။ ထို့ကြောင့် အခမဲ့ပစ္စည်း အမြောက်အမြား ချီမြှင့်ပေးသည့်အတွက် ကျေးဇူးပင် တင်သင့်သည် မဟုတ်ပါလား။
ဒုတိယအသုံး၀င်မှုသည် သန့်ရှင်းရေး အဆောင်ဖြစ်သည်။ ထိုအဆောင်သည် ဆေးများကို အလွန်တရာ သန့်စင်သွားအောင် လုပ်နိုင်စွမ်း ရှိ၏။ ဤနည်းလမ်းသည် ဆေးဖက်၀င် ပစ္စည်းများကို ပို၍ပင် အာနိသင် ထက်မြတ်စွာ တိုးတက်လာမည် ဖြစ်သည်။
အရာရာတိုင်းသည် ရဲ့ချန်အတွက် အသုံး၀င်သည့် ပစ္စည်းချည်းသာ ဖြစ်ပေ၏။ နတ်သမီးတံခါး၀အတွင်းက စွမ်းအင်များသည်လည်း ပိုမို သန်စင်လာခဲ့၏။ ထို့ကြောင့် ရဲ့ချန် နှင့် မိန်းမဖြစ်သူတို့၏ ကျင်ကြံခြင်းများက ပို၍ မြန်ဆန်လာတော့မည် ဖြစ်သည်။
ရဲ့ချန်သည် ဆေးဥယျာဉ်ကို စစ်ဆေးရန် ထွက်လာခဲ့သည်။ သူစိုက်ထားခဲ့သည့် ဆေးပင်များက ဖွံ့ဖြိုးနေပြီလော။ ရဲ့ချန်က ဟူးလန် မြင့်မြတ်သော နယ်မြေမှ ရရှိလာသည့် ဆေးပင်ပျိုလေးများကို ဆေးဥယျာဉ်ထဲတွင် စိုက်ပျိုးထားသည် မဟုတ်ပါလား။ ထိုအချိန်က ရဲ့ချန်သည် အလွန်တရာ ငယ်ရွယ်ပြီး ရိတ်သိမ်းရန် အချိန်မကျသေးသည့် ဆေးပင်များကိုလည်း နှုတ်ယူလာခဲ့မိသည်။ ထိုကြောင့်လည်း ရဲ့ချန်က ထိုဆေးပင်များကို ဆေးဥယျာဉ်ထဲတွင် ပြန်လည် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပေသည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now