အခန်း (၁၇၇) စုတ်ပြဲသွားသည့် စေ့စပ်စာချုပ်

278 13 0
                                    

“ ချင်းယု ညည်းတို့ ဘာလုပ်နေတာလဲ “ ရဲ့ချန်၏သာယာမှုလေးကို အနှောက်အယှက် ပေးလိုက်သည့် အသံတစ်သံက ထွက်ပေါ်လာတော့သည်။
ရဲ့ချန်က အသံထွက်ပေါ်လာရာ ဦးတည်ချက်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုအသံထွက်ပေါ်လာရာ နေရာက တံခါးပေါက်၀မှ ဖြစ်သည်။ တံခါးရှေ့တွင် ရှားချင်ယုနှင့် အနည်းငယ် ရုပ်ချင်းဆင်သည့် အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးကို ရဲ့ချန် မြင်လိုက်ရ၏။
ယခု ထိုအမျိုးသမီးက ကုန်စုံအိတ်ကြီး တစ်အိတ်ကို သယ်ဆောင်ထားသည်။ ထိုအမျိုးသမီးက ကုန်စုံ ရောင်းသူတစ်ဦး ဖြစ်ပုံ ရ၏။
ရဲ့ချန်သည် ထိုအမျိုးသမီး၏ တည်ရှိမှုက ရှားချင်ယု၏ အမေဖြစ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။
“ ဟင် … အမေ “ ရှားချင်ယုက ရဲ့ချန်၏ရင်ခွင်ထဲမှ အလောတကြီး ရုန်းထွက်လိုက်သည်။ လူတစ်ယောက်က မြင်သွားသည့်အတွက် ရဲ့ချန်ကလည်း အသာတကြည် လွှတ်ပေးလိုက်သည်။
ရှားချင်ယု၏အမေက ရီအန်း ဖြစ်သည်။ ယခု သူမက အသက်လေးဆယ့်နှစ် ၀န်းကျင်ခန့် ရှိနေပြီ ဖြစ်၏။
“ ချင်းယု ညည်းဘေးက လူက ဘယ်သူတုန်း “ ရီအန်းသည် သမီးဖြစ်သူကို ပွေ့ဖက်ထားသောသူအား သိချင်စိတ် ဖြစ်လာ၏။
ရှားချင်ယုက အဖြေပြန်မပေး နိုင်သေးချေ။ သူမ၏ခန္ဓာကိုယ်က ရဲ့ချန်၏ နှိုးဆွမှုကြောင့် အားနည်းနေဆဲပင် ရှိသေးသည် မဟုတ်ပါလား။
“ အန်တီ၊ ကျွန်တော့်ကို ကျွန်တော်ပဲ မိတ်ဆက်ပေးပါရစေ၊ ကျွန်တော့်နာမည်က ရဲ့ချန်ပါ၊ ရှားချင်ယုရဲ့ သတို့သားလောင်းပါ “ ရဲ့ချန်က သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။
“ ဘာရယ် သတို့သားလောင်း ဟုတ်လား၊ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “ ရီအန်းသည်လည်း ဤကိစ္စများကို သိထားဟန် မတူပေ။
သမီးဖြစ်သူ ငယ်ငယ်ကတည်းက စေ့စပ်ထားသည်ကို သူမက အဘယ်ကြောင့် မသိရသနည်း။
နောက်ဆုံးတော့ အဘိုးရှားတျန်က ဧည့်ခန်းထဲသို့ ပြန်ရောက်လာခဲ့သည်။ “ ရီအန်း၊ ညည်းပြန်လာပြီလား၊ ချင်းယုရဲ့ အနာဂတ် ခင်ပွန်းလောင်းနဲ့ ပတ်သက်ပြီး ငါ မိတ်ဆက်ပေးပါ့မယ် “ ရှားတျန်က ပြောလိုက်သည်။
“ ယောက္ခမ၊ သူတို့က ဘယ်လိုလုပ်ပြီး စေ့စပ်ထားတဲ့ လူတွေ ဖြစ်ကုန်တာလဲ “ ရီအန်းသည် သမီးဖြစ်သူအား သူမ မသိဘဲ အဘယ်ကြောင့် စေ့စပ်ပေးထားမှန်း သိလိုသည်။
“ လာ လာ ဒီကို လာကြ၊ ငါ ရှင်းပြမယ် “ အဘိုးရှားတျန်က ရဲ့ချန်၏ မူလဇစ်မြစ်နှင့် အဘယ်ကြောင့် ရှားချင်ယုနှင့် စေ့စပ်ပေးထားမှန်း အသေးစိတ် ရှင်းပြလိုက်တော့သည်။
အဘိုးရှားတျန်က ရှင်းပြပြီးနောက် ရီအန်းက အရာရာတိုင်းကို နားလည်သွားပြီ ဖြစ်သည်။
“ ရဲ့ချန်၊ အန်တီ နဲ့ ချင်းယုကို ကူညီပေးခဲ့တဲ့အတွက် မောင်ရင့်ရဲ့အဘိုးကို အန်တီက အရမ်း ကျေးဇူးတင်နေတာ၊ ဒါပေမဲ့ အန်တီ့မှာ မောင်ရင့်ရဲ့အဘိုးကို ကျေးဇူးဆပ်ဖို့ အခွင့်ရေး မရခဲ့ဘူး “ အန်တီရီအန်းက ရဲ့ချန်ကို ရည်ရွယ်ပြီး ဦးညွတ် လိုက်၏။
ရီအန်းသည် ရဲ့ဟန်အပေါ်တွင် အသက်တစ်ချောင်း အကြွေးတင်နေပေသည်။ အကယ်၍ ရဲ့ဟန်သာ နှစ်တစ်ထောင် ဂျင်ဆင်းကို မပေးခဲ့လျှင် သူမ နှင့် ရှားချင်ယုတို့က ကမ္ဘာပေါ်တွင် တည်ရှိနေတော့မည် မဟုတ်ပေ။
“ အန်တီ၊ ထပါဗျာ၊ ကျွန်တော့်ကို ဒီလိုတွေ လုပ်စရာ မလိုပါဘူး “ ရဲ့ချန်က ရီအန်းကို ထရပ်ရန် ကူညီပေးလိုက်သည်။ အန်တီရီအန်း ထိုသို့ လုပ်နေသည်ကို ကြည့်ရင်း သူသည်လည်း မသက်မသာ ခံစားနေရသည် မဟုတ်ပါလား။ အန်တီရီအန်းကို ကူညီခဲ့သည့်လူက သူ၏အဘိုး ဖြစ်သည်။ ထို့ကြောင့် ရဲ့ချန်က အန်တီရီအန်း၏ ကျေးဇူးတင်မှုကို မခံလိုပေ။
“ ရဲ့ချန်၊ မင်း ဒါကို ကောင်းကောင်း သိမ်းထားပါ “ အဘိုးရှာတျန်က ရဲ့ချန်ကို စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ကို ပေးလိုက်၏။
ရှားတျန် ပေးလိုက်သည့် စာချုပ်က အတော်လေး ဟောင်းနေပြီ ဖြစ်သည်။ ယင်းက ဆယ်နှစ်ကျော်ကျော်ပင် ရှိနေလောက်ပြီ ဖြစ်သည်။ စာရွက်ပေါ်တွင် ရေးထားသည့် စာကလည်း လက်ရေးမူသာ ဖြစ်ပေသည်။
စာရွက်ပေါ်တွင် ရဲ့ချန် နှင့် ရှားချင်ယုတို့၏ နာမည်များ ရေးထားပြီး အောက်နားတွင် ရှားတျန် နှင့် ရဲ့ဟန်တို့၏ လက်မှတ်များ ပါရှိသည်။
“ ဒီကို ပေး၊ ငါ ကြည့်ဦးမယ် “ ရှားချင်ယုကလည်း အထဲတွင် မည်သည့်အရာများ ပါမှန်း သိလိုသည်။
“ ရော့ … “ ရဲ့ချန်က စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ကို ရှားချင်ယုအား လှမ်းပေးလိုက်သည်။
ထိုစေ့စပ်ကြောင်းလမ်းခြင်း စာချုပ်အား ကြည့်ရှုပြီးနောက် ယင်းက အမှန်တကယ် သူမ နှင့် ရဲ့ချန်တို့ကို စေ့စပ်ပေးထားကြောင်း ရှားချင်ယု မြင်လိုက်ရ၏။
သူမက ထိုစာရွက်ကို စုတ်ဖြဲချင်နေပြီ ဖြစ်သည်။ ကံမကောင်းစွာ အနားတွင် အဘိုးဖြစ်သူ နှင့် မိခင်ဖြစ်သူတို့က ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမ အကူညီမဲ့စွာဖြင့် ထိုစာရွက်ကို ရဲ့ချန်အား ပြန်ပေးလိုက်ရတော့သည်။
“ အဖေ၊ ဘယ်မှာလဲ၊ သား အဖေနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ် “ အပြင်ဘက်မှ အဘိုးရှားတျန်ကို လိုက်ရှာနေသည့် အသံတစ်သံအား ကြားလိုက်ရ၏။
ရဲ့ချန်အတွက် ထိုအသံက ရင်နှီးလှပေသည်။ ယင်းက ရှားဝူလျမ်း၏အသံ ဖြစ်သည်။
နောက်ဆုံးတော့ ရှားဝူလျန်းက အိမ်သို့ ပြန်လာပြီ ဖြစ်သည်။ သူက ရောက်ရောက်ချင်း ရှားတျန်ကို လိုက်ရှာနေခြင်း ဖြစ်သည်။
ရှားဝူလျမ်းတစ်ယောက် အခန်းထဲသို့ ရောက်လာသောအခါ သူနှင့် လုံး၀ ရင်းနှီးသည့် လူတစ်ယောက်ကို မြင်လိုက်ရ၏။ ယင်းသည် သူ၏အစီအစဉ်များကို အနှောက်အယှက် ပေးနေသည့် ရဲ့ချန် ဖြစ်သည်။
ရှားဝူလျမ်းသည် ထိုလူက သူ၏အိမ်တွင် ရောက်နေသောကြောင့် အံ့သြတကြီး ဖြစ်သွားလေသည်။ “ ချင်းယု၊ နင်က ဘာဖြစ်လို့ ဒီသာမန်ကောင်လေးကို အိမ်ကို ခေါ်လာရတာလဲ၊ နင်က ဒီကောင်လေးကို နင့်အဘိုးကို ပြချင်နေတာလား ဟုတ်လား “ ရှားဝူလျမ်းက နှုတ်ကြမ်းကြမ်းဖြင့် ချက်ချင်း အော်ဟစ် ကြိမ်းမောင်း နေတော့သည်။
“ ဟွန့် … “ ရှားချင်ယုက ဖခင်ဖြစ်သူ၏ စကားများကို ပြန်မဖြေပေ။ သူမက ဦးခေါင်းကို တစ်ဖက်သို့ လှည့်ပြီး ဖခင်ဖြစ်သူ၏ စကားများကို မကြားယောင် ဆောင်နေလေသည်။
“ ဝူလျမ်း၊ မင်း ဘာစကား ပြောလိုက်တာလဲ “ ရှားတျန်က ရှားဝူလျမ်းကို ကြိမ်းမောင်းလိုက်သည်။ သားဖြစ်သူက ရဲ့ချန်ကို စော်ကား နေသည့်အတွက် သူ အတော်လေး စိတ်ဆိုးသွား၏။
“ အဖေ၊ ဘာဖြစ်လို့ သားကို ဆူနေတာလဲ၊ သား ဘာအမှား လုပ်လို့လဲ “ ရှားတျန်က သူ့ကို စိတ်ဆိုးနေသောကြောင့် ရှားဝူလျမ်း ၀မ်းနည်းသွားလေသည်။
“ မင်းက မေးနေသေးတာလား၊ ရဲ့ချန်က ငါတို့အိမ်ရဲ့ အရေးကြီး ဧည့်သည်တစ်ယောက်ကွ၊ မင်းကများ သူ့ကို နှင်ထုတ်နေသေးတယ်၊ သူ့ကို မြန်မြန် တောင်းပန်လိုက် “ ရှားတျန်က ရှားဝူလျမ်းအား ရဲ့ချန်ကို တောင်းပန်ဖို့ ပြောလိုက်သည်။
ရဲ့ချန်က ဖခင်ဖြစ်သူ၏ အရေးကြီး ဧည့်သည်တစ်ယောက်ဟု ကြားပြီး ရှားဝူလျမ်းတစ်ယောက် မှင်သက်မိသွားလေသည်။ ဖခင်၏အရေးကြီး ဧည့်သည်တစ်ယောက်ဖြစ်နေသည့် ထိုလူငယ်လေးက အမှန်တကယ် မည်သူ ဖြစ်မည်နည်း။
ရှားဝူလျမ်းသည် ရဲ့ချန်၏တည်ရှိမှုနှင့် ပတ်သက်ပြီး စတင် သုံးသပ် ကြည့်လိုက်သည်။ သို့သော် ဖင်ခင်၏အမိန့်ကြောင့် ရှားဝူလျမ်းက ရဲ့ချန်ကို တောင်းပန်လိုက်သည်။ “ အစောက ငါ့ရဲ့ရှိုင်းပြမှုကို မေ့လိုက်ပါ “ ရှားဝူလျမ်း၏ တောင်းပန်မှုက ဟန်ဆောင်မှု မပါ၀င်ပေ။
“ ကောင်းပြီး၊ ကျုပ် မေ့လိုက်ပါ့မယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ထဲမထားပါနဲ့ “ လူတိုင်း၏ရှေကမှောက်တွင်ပင် ရဲ့ချန်က ရှားဝူလျမ်း၏ တောင်းပန်မှုကို လက်ခံလိုက်သည်။
“ အဖေ၊ ဒီလူက ဘယ်သူလဲ “ ရှားဝူလျမ်းက ရဲ့ချန်၏တည်ရှိမှုအား မေးမြန်းလိုက်သည်။ သူက သည်မိသားစုတွင် အဘယ်ကြောင့် အရေးကြီး ဧည်သည် ဖြစ်နေရသနည်း။
“ သူက ရဲ့ချန်၊ ချင်းယုရဲ့ ခင်ပွန်းလောင်း “ ရှားတျန်သည် ရဲ့ချန်က မည်သူဖြစ်ကြောင်း ရှင်းပြလိုက်သည်။
“ ဗျာ … ခင်ပွန်းလောင်း ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ချင်းယုနဲ့ ဂျမ်းမော့ရှီကို လက်ထပ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာ အဖေလည်း သိသားနဲ့၊ အခု ဒီကိစ္စကို ဘယ်လို လုပ်ကြမလဲ “ ရှားဝူလျမ်းသည် ဖခင်ဖြစ်သူက ရှားချင်ယုကို ဤကဲ့သို့ လူတစ်ယောက်နှင့် စီစဉ်ပေးနေသောကြောင့် ဘ၀င်မကျ ဖြစ်သွားလေသည်။
“ ဒီဆုံးဖြတ်ချက်က လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကတည်းက လုပ်ထားတာကွ၊ ပြောင်းလဲဖို့ လုံး၀ မဖြစ်နိုင်ဘူး “ ရှားတျန်က စိတ်ဆိုးမာန်ဆိုးဖြင့် ရှားဝူလျမ်းကို အော်လိုက်သည်။
“ အချိန် ဘယ်လောက်ပဲ ရှိရှိ၊ သား အဲဒီကိစ္စကို လက်မခံနိုင်ဘူး အဖေ “ ရှားဝူလျမ်းသည် ရှားချင်ယုကို ထိုလူနှင့် လက်ထပ်ပေးရန် မည်သို့မှ သဘောတူမည် မဟုတ်ပေ။
မည်သည့် အကြောင်းအရာပင် ဖြစ်စေ ရှားချင်ယုက ချမ်းသာသည့် ဂျမ်မော့ရှီနှင့်သာ လက်ထပ်ရပေမည်။ ဂျမ်မော့ရှီက မိသားစုပိုင် စီးပွားရေးလေးကို ပြန်လည် ခေါင်းထောင်နိုင်အောင် ထောက်ပံ့ပေးနိုင်မည်ဟု ရှားဝူလျမ်း မျှော်လင့်ထားသည် မဟုတ်ပါလား။
“ မင်း လက်ခံတာ လက်မခံတာကို ငါက ဂရုစိုက်ရမှာလား၊ အဲဒီအချိန်ကျရင် မင်းကို နှောက်ယှက်ခွင့် ပေးမှာမဟုတ်ဘူး “ အဘိုးရှားတျန်က သတိပေးလိုက်သည်။
အဘိုးရှားတျန်က အတော်လေး စိတ်မရှည် ဖြစ်နေသည်ကို ကြည့်ရင်း တစ်ဖက်က ရှားဝူလျမ်း၏မျက်နှာက မည်းမှောင်လာတော့သည်။ သမီးဖြစ်သူ၏ အနာဂတ်ကို ဤကဲ့သို့ အဆုံးသတ်ရန် ခွင့်မပြုနိုင်ပေ။
“ စော့ကြည့်ဦးပေါ့၊ ကျုပ်ကို တားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ “ ရှားဝူလျမ်းသည် ဂျမ်းမော့ရှီ၏ အကူအညီဖြင့် ဆိုလျှင် ရဲ့ချန်ကို နှင်ထုတ်နိုင်မည်ဟု အတော်လေး ယုံကြည်ချက် ရှိနေပေသည်။
“ မင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်က လုပ်ထားတာ ကြာလှနေပြီ “ အဘိုးရှားတျန်သည် စေ့စပ်ကြောင်းလမ်းခြင်း စာချုပ် လုပ်ပြီးပြီး ဖြစ်သောကြောင့် ဘာမျှ လုပ်နိုင်တော့မည် မဟုတ်ကြောင်း ပြောပြလိုက်သည်။
“ စေ့စပ်ကြောင်းလမ်းခြင်း စာချုပ် “ ရှားဝူလျမ်းက ရဲ့ချန်၏လက်ထဲတွင် ကိုင်ထားသည့် စာချုပ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ရဲ့ချန်၏လက်ထဲက စာချုပ်ကို ဗြုန်းခနဲ့ ဆွဲလုလိုက်တော့သည်။
ရှားဝူလျမ်းက စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ထဲတွင် ပါသည့် အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ “ ဒါတွေက စာရွက်ပေါ်မှာ ရေးထားတဲ့ စာလုံးလေးတွေပါပဲ၊ ဘာမှ အဓိပ္ပာယ် မရှိဘူး “ လူတိုင်း၏ရှေ့တွင်ပင် ရှားဝူလျမ်းက စာချုပ်ကို စုတ်ဖြဲပစ်လိုက်တော့သည်။
“ မင်း အတင့်ရဲလှချည်လား “ အဘိုးရှားတျန်သည် အလွန်အမင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်လေသည်။ ထိုသားမိုက်က သူ့ကို နောက်တစ်ကြိမ် ဒေါသထွက်စေရန် လုပ်နေပြီ မဟုတ်ပါလား။
“ အဟွတ် … “ အဘိုးရှားတျန်သည် ဒေါသ အလွန်အကျွံ ထွက်သွားသောကြောင့် သွေးများ အန်ထွက်လာတော့သည်။ သူ၏ရင်ဘတ်ကိုလည်း နာကျင်စွာ ဆုပ်ကိုင်ထားလေသည်။
“ ဘိုးဘိုး … ယောက္ခမ … “ ရှားချင်ယု နှင့် ရီအန်းတို့က ဝှီးချဲပေါ်တွင် ထိုင်နေသည့် အဘိုးရှားတျန်ဆီ ပြေးသွားလေသည်။
ရဲ့ချန်သည်လည်း ရှားဝူလျမ်း လုပ်လိုက်သော အရာအတွက် အတော်လေး ဒေါသထွက်သွားလေသည်။ ဤလူက ငွေအတွက် ဆိုလျှင် သူ၏မိသားစုကိုပင် နာကျင်အောင် လုပ်ဖို့ ၀န်မလေးသူ ဖြစ်နေပေသည်။ အဘိုးရှားတျန်တွင် နှလုံးရောဂါ ရှိနေသည့်တိုင် ထိုအရူးက စိတ်တိုအောင် ဆွပေးနေသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now