အခန်း (၁၅၂) ယောက္ခမကို လာဘ်ထိုးခြင်း

245 17 0
                                    

" မိန်းမ စိတ်လျော့ပါကွာ၊ နင့်ရဲ့ ချွေးမလောင်းနဲ့ အကိုဝမ်ဆန့်ရှေ့မှာ ငါ့ကို အရှက်ရအောင် မလုပ်စမ်းနဲ့ " ချောင်ဂျင်ချန်းသည် မိန်းမဖြစ်သူ ထန်နူကို နောက်ထပ် စိတ်မဆိုးစေရန် ချော့မော့ပြောဆိုလိုက်သည်။

" မလိုချင်ဘူး၊ ငါ့ကို အကုန်လုံး မြန်မြန်ရှင်းပြ " ချောင်ဂျင်ချမ်းက ဝေ့လည်ကြောင်ပတ် လုပ်နေသောကြောင့် ထန်နူတစ်ယောက် အတော်လေး ဒေါသထွက်သွား​၏။

ချောင်ချင်ချမ်းသည် မိန်းမဖြစ်သူနှင့် ရန်ဖြစ်တိုင်း အကူညီမဲ့ခဲ့ရသည်။ အခြားတစ်ဖက်တွင် စုဝမ်ဆန်က လင်မယားနှစ်ယောက် ပြဿနာတက်နေသည်ကို ဝင်ရောက်စွက်ဖက်ရန် စိတ်မရှိပေ။ ထို့ကြောင့် စုဝမ်ဆန်က ခပ်မဆိတ်သာ နေနေပြီး ချောင်ဂျင်ချမ်းကို ကူညီခြင်း မရှိခဲ့ချေ။

နောက်ဆုံးတော အဘွားထန်နူက စိတ်ကိုလျော့လိုက်ပြီး ချောင်ဂျင်ချမ်း​၏ရှင်းပြချက်ကို စောင့်နေလိုက်သည်။

အချိန်အတန်ကြာအောင် ရှင်းပြပြီးနောက် ထန်နူက စိတ်ကိုလျော့ပြီး ချောင်ဂျင်ချမ်းကို ခွင့်လွှတ်ပေးလိုက်သည်။

ထို့နော​က် သူမက ရဲ့ချန်ကို ထက်ရှသော အကြည့်နှင့် စိုက်ကြည့်လိုက်သည်။ " ရဲ့ချန်ကို အဘွားကို မှန်မှန်ပြော၊ ဒီအပြင် နင့်မှာ မိန်းမဘယ်နှယောက် ရှိသေးလဲ " ထန်နူက ရဲ့ချန်ကို ချက်ချင်း စစ်ဆေး မေးမြန်တော့သည်။

အဘွားထန်နူသည် အမျိုးသမီးတို့​၏ အလိုလိုသိစိတ်အရ ရဲ့ချန်တွင် နောက်ထပ် မိန်းမများ ရှိဦးမည်ဟု တပ်အပ် ပြောနိုင်ပေသည်။

" အဲ ကျွန်တော့် အိမ်မှာ နေနေတဲ့ နောက်ထပ်မိန်းမ နှစ်ယောက်တော့ ရှိပါသေးတယ် " ရဲ့ချန်က ရိုးသားစွာ ဝန်ခံလိုက်သည်။

" ဘာ ... " ထန်နူသည် ရဲ့ချန်တွင် တခြားမိန်းမများ ရှိနေသည့်အဖြစ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သူက လူရှုပ်လူပွေတစ်ဦးပင်လော။

" နင့်မှာ ငါ့ရဲ့မြေးချောလေး ယမ်ယမ်တစ်ယောက်လုံး ရှိနေတာတောင် ဘာဖြစ်လို့ တခြားမိန်းမတွေ ထပ်ယူထားသေးတာလဲ " ထန်နူက စိတ်ဆိုးပြီး ရဲ့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆိုတော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now