အခန်း (၅၈) ပိုင်ချုံးနှင့် သူ့လူများကို ကိုင်တွယ်ဖို့ စီစဉ်ခြင်း

287 19 0
                                    

ရဲ့ချန်လည်း သူလိုချင်သည့်သက်သေများကို ရရှိခဲ့ပြီဖြစ်၍ လျှို့ယွဲ့တို့ရှိနေသော ဆေးရုံကြီးဆီသို့ ပြန်လှည့်လာခဲ့သည်။

ရဲ့ချန် ရှာတွေ့လာသောအရာများကိုမြင်လျှင် လျှို့ယွဲ့တို့ ဧကန်မုချ အံ့အားသင့်သွားပါလိမ့်မည်။ ထို့နောက် မကြာမီ ဆေးရုံကြီးဆီသို့ ရောက်ရှိလာပြီဖြစ်၍ လေသာဆောင်ပေါ်သို့ ဆင်းသက်လိုက်သည်။

ကံကောင်းထောက်မစွာ ညအခါဖြစ်သောကြောင့် ရဲ့ချန်​၏တည်ရှိမှုကို မည်သူမျှ မမြင်ကြပေ။ ရဲ့ချန်လည်း စစ်ထိုရွဲ့​၏လူနာဆောင်သို့ ချက်ချင်း လျှောက်သွားတော့သည်။

လျှို့ယွဲ့က အစကတည်းက ရဲ့ချန်ကို လိုက်ရှာနေခဲ့သည်။ ရဲ့ချန်​၏ကားဟာ ဆေးရုံတွင် ကျန်နေခဲ့သည်။ သို့သော် ထိုလူကတော့ ဘယ်ရောက်နေမှန်းပင် မသိချေ။

" ကျွီး... " လျှို့ယွဲ့တစ်ယောက် တံခါးဖွင့်သံကို ကြားလိုက်ရသည်။ သူမနောက်သို့ လှည့်ကြည့်လိုက်ရာ တံခါးဖွင့်၍ ဝင်လာသောသူဟာ ရဲ့ချန်ဖြစ်ကြောင်း သိလိုက်ရသည်။

" ရဲ့ချန်... ရှင် ဘယ်တွေ လျှောက်သွားနေတာလဲ " လျှို့ယွဲ့က ရဲ့ချန်အထဲရောက်လာသည်နှင့် တန်းမေးလိုက်တော့သည်။

" ကျုပ်က အဘွားရွဲ့ကို အဆိပ်ခပ်ဖို့ ကြံစည်တဲ့လူနဲ့ပတ်သက်ပြီး သဲလွန်စ တစ်ခုလောက် သွားရှာတာပါ။ ပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကိုလည်း ကျုပ်တွေ့ခဲ့တယ် " ထို့နောက် ရဲ့ချန်လည်း ဆဲလ်ဖုန်းကိုဖွင့်ပြီး ပိုင်ချုံးနှင့် သုယောင်တို့​၏ စကားဝိုင်းဗွီဒီယိုအား လျှို့ယွဲ့ကို ပြလိုက်တော့သည်။

" ပိုင်ချုံး... ရှင်က ကျွန်မနဲ့ ကျွန်မအဘွားကို ဒီလို လုပ်ဝံ့တယ်ပေါ့လေ။ ရှင် စောင့်ကြည့်လိုက်ပါ " လျှို့ယွဲ့ဟာ ရဲ့ချန်​၏ဖုန်းထဲမှ ဗွီဒီယိုအားကြည့်ပြီး ချက်ချင်းပင် ဒေါသထွက်လာပြီး အော်ပြောလိုက်ပါတော့သည်။

" ယွဲ့အာ... ဘာဖြစ်လို့လဲ " အိပ်ပျော်နေသော စစ်ထိုရွဲ့ဟာ လျှို့ယွဲ့​၏အော်သံကို ကြားလိုက်ရပြီး အလန့်တကြား နိုးလာသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Tahanan ng mga kuwento. Tumuklas ngayon