အခန်း (၄၉) ကံဆိုးခြင်းထဲမှ ကံကောင်းခြင်း

299 26 0
                                    

တကယ်တော့ VIP အခန်းထဲမှ စျေးပေးလိုက်သောသူက ရဲ့ချန်ပင် ဖြစ်သည်။ ရဲ့ချန်တစ်ယောက် သူနှင့်စျေးပြိုင်ပေးသောသူ မရှိစေရန် တိတ်တိတ်လေး မျှော်လင့်နေသည်။ အဘယ်ကြောင့်ဆိုသော် သူမှာ ၁၂ သန်းလောက် အသုံးလိုနေသောကြောင့်ပင် ဖြစ်သည်။ တခြား VIP အခန်းမှ လူများကသာ လေလံအပြိုင်ဆွဲလိုလျှင် သူက ဧကန်မုချ ငွေအမြောက်အမြား ကုန်ဆုံးပေလိမ့်မည်။

လျှို့ယွဲ့ " ရဲ့ချန်... ရှင့်ကြည့်ရတာ ဒီရှေးဟောင်းပစ္စည်းကို အတော်လေး စိတ်ဝင်စားပုံပဲနော်။ ဒါက သိပ်ပြီး ရှင်းလင်းမှုမရှိတဲ့ သာမန်ပစ္စည်းလေးပဲကို။ ရှေးတုန်းက ဆင်းသက်လာတဲ့ သာမန်လည်ဆွဲလေး တစ်ခုတောင် ဖြစ်ချင်ဖြစ်နေမှာ "

ရဲ့ချန် " ကျုပ် အဲ့ဒီ့ လည်ဆွဲလော့ကတ်သီးကို စိတ်ဝင်စားတယ် "

ရဲ့ချန်က ၎င်း​၏အသုံးဝင်ပုံအား ရှင်းမပြတော့ပေ။ ရှင်းပြသော်လည်း သူမက နားလည်နိုင်မည် မဟုတ်ပေ။

လေလံကြေညာသူ " လူကြီးမင်းတို့ရှင့်... ဒီပစ္စည်းကို ဘယ်သူမှ မလိုချင်တော့ဘူးလား။ ဒီလိုမှ မဟုတ်ရင် VIP အခန်းက ဆရာက ဒီလည်ဆွဲကို ရသွားပါလိမ့်မယ် "

ရဲ့ချန်တစ်ယောက် ဤလည်ဆွဲအား မည်သူမျှ မလိုချင်သည့်အတွက် အတော်လေးကို စိတ်လှုပ်ရှားလာသည်။ ထိုခံစားချက်က ဖော်ပြ၍ မဖြစ်နိုင်ပေ။

" နှစ်သန်းနဲ့ ငါးသောင်း "

ထိုအချိန်တွင် တခြား VIP အခန်းတစ်ခန်းမှ လေလံဆွဲလိုက်သောအသံအား ကြားလိုက်ရသည်။

ရဲ့ချန်လည်း တခြားလူတစ်ဦးက သူနှင့် စျေးအပြိုင်ပေးလိမ့်မည်ဟု မျှော်လင့်မထားချေ။ ထိုဟာက ရဲ့ချန်တွေးထားသလို လွယ်ကူမည့်ပုံတော့ မပေါ်ပေ။

​စျေးပြိုင်ပေးလိုက်သော ဒုတိယလူဟာ အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမက ရဲ့ချန်​၏ ညာဘက်အခန်းတစ်ခန်းမှာ နေရာရပုံပေါ်သည်။

" နှစ်သန်းနဲ့ ခြောက်သောင်း "

ရဲ့ချန် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူမနှင့် စျေးပြိုင်ပေးလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now