အခန်း (၁၄၅) စုမန်ချီ၏ ဖြားယောင်းမှု

340 18 0
                                    

ရဲ့ချန်က ရေချိုးခန်းဆီသို့ ချက်ချင်း ထွက်လာခဲ့သည်။ လမ်းလျှောက်နေစဉ်မှာလည်း သူ​၏ပေါင်ခြံကို လက်နှစ်ဖက်ဖြင့် အုပ်ပြီး ကွတကွတဖြင့် လျှောက်နေရသည်။

စုမန်ချီသည် ရဲ့ချန်က ချက်ချင်း ထွက်ပြေးသွားသည့်အတွက် အတော်လေး မကျေမနပ် ဖြစ်သွား​၏။ စုမန်ချီက ရဲ့ချန်ကို အဘယ်ကြောင့် ဤမျှလွယ်လွယ်ကူကူဖြင့် ထွက်ပြေးခွင့် ပြုနိုင်မည်နည်း။

" ကျွန်မလည်း ရေချိုးခန်း သွားချင်လို့ " အဘိုးချောင် နှင် အဘိုးဖြစ်သူကို ထိုသို့ပြောပြီးနောက် စုမန်ချီက ရဲ့ချန်ထွက်သွားသော ရေချိုးခန်းဆီသို့ ချက်ချင်း လိုက်လာခဲ့သည်။

ထိုအရာကို မြင်ပြီး ချောင်ယမ်ယမ်​၏မျက်ဝန်းထဲတွင် သံသယဖြစ်သော အငွေ့အသက်တစ်ခု ယှက်သန်းသွားခဲ့သည်။

ရေချိုးခန်းထဲသို့ ရောက်လာသောအခါ ရဲ့ချန်က အပူငြိမ်းစေရန် ရေပိုက်က ရေကို လက်နှစ်ဖက်ဖြင့် ခပ်ယူပြီး မျက်နှာသစ်ချလိုက်သည်။

စုမန်ချီက သူ့ကို ရပ်တည်နိုင်စွမ်း မရှိသည်အထိ စနောက်မည်ဟု ရဲ့ချန် လုံးဝ ထင်မထားခဲ့ချေ။

ရုတ်တရက် လူတစ်ယောက်က သူ​၏နောက်ကနေ ပွေ့ဖက်လိုက်ကြောင်း ရဲ့ချန် ခံစားလိုက်ရ​၏။ ထိုလူက သူ​၏လက်နှစ်ဖက်ဖြင့် လည်ပင်းအား ဖက်ထားသောကြောင့် ရဲ့ချန် မလူးသာ မလွန့်သာ အခြေအနေ ဖြစ်နေသည်။

" အ အ ... " ရဲ့ချန်သည် သူ​၏ကျောမှ  နူးညံ့သော အရာတစ်ခု​၏အထိအတွေ့ကို ခံစားလိုက်ရ​၏။ ရဲ့ချန်သည် နောက်သို့လှည့်မကြည့်ဘဲ သူ​၏ကျောကို တိုက်ခိုက် ပွတ်သပ်သော အရာက ဘာမှန်း ခန့်မှန်းမိပါသည်။

" စုမန်ချီ ခင်ဗျား ဘာလုပ်တာလဲ၊ ကျုပ်ကို မစတော့နဲ့၊ ရပ်လိုက်တော့ " စုမန်ချီ​၏ဖျားယောင်းမှုက သူ့ကို မခံ မရပ်နိုင်အောင် ဖြစ်စေသည် မဟုတ်ပါလား။

စုမန်ချီ​၏တောင်ဘို့ကြီး နှစ်လုံးက လျှို့ယွဲ့ထက်ပင် အနည်းငယ် ပိုကြီးမားပေသည်။ ထို့အပြင် ၎င်း​၏အထိအတွေ့က အလွန်တရာ နူးညံ့နေသေးသည်။

" ခဏလေး သူ အတွင်းခံတောင် ဝတ်မထားဘူးလို့ ငါ့ကို လာမပြောနဲ့နော် " ရဲ့ချန်သည် စုမန်ချီ​၏တောင်ဘို့ကြီး နှစ်လုံးက အဝတ်ပါးလေးသာ ခြားနားထားကြောင်း ခံစားမိလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now