အခန်း (၉၉) မိန်းကလေးနှင့် သန့်စင်သော ဖီးနစ်သွေး

326 17 0
                                    

ချူးယွဲ့ချန်​၏ အကူအညီဖြင့် ရဲ့ချန်သည် ဟူးလန် မြင့်မြတ်သော နယ်မြေက အောင်မြင်စွာ ထွက်လာနိုင်သည်။ ထို့နောက် သူက ချောက်ကမ်းပါးပေါ်သို့ ချက်ချင်း ပျံတက်လာတော့သည်။

အချိန်က နံနက်ခင်း မိုးလင်းနေပြီ ဖြစ်သည်။ ရဲ့ချန်က မြေပြင်ပေါ်သို့ ဆင်းသက်ပြီး နွေးထွေးသော နံနက်ခင်း​၏နေရောင်ခြည်ကို မက်မောစွာ ငေးကြည့် ခံစားနေမိ​၏။

" ငါ အိမ်ပြန်ပြီး အနားယူမှဖြစ်မယ် " ယနေ့သည် ကျောင်းများပိတ်သော တနင်္ဂနွေနေ့ ဖြစ်သည့်အတွက် ရဲ့ချန်က အေးချမ်းစွာ အနားယူနိုင်သည် မဟုတ်ပါလား။

" ဆရာ... နင့်နောက်ကို လူတစ်ယောက် လိုက်လာနေတယ်၊ သူလိုက်လာတဲ့ အရှိန်ကလည်း အတော်လေး မြန်တယ် " ချူးယွဲ့ချန်သည် ရဲ့ချန်ကို လူတစ်ယောက်က ချောက်ကမ်းပါးအောက်မှ အပေါ်သို့ တက်လာကြောင်း ပြောလိုက်သည်။

စက္ကန့်အနည်းငယ်ခန့် ကြာပြီးသော် အနီရောင်ဝတ်စုံ ဝတ်ထားပြီး မျက်နှာဖုံးတပ်ထားသော မိန်းကလေးတစ်ဦးက ချောက်ကမ်းပါး အပေါ်သို့ ရောက်လာသည်။

ရဲ့ချန်က ထိုမိန်းကလေး​၏ စွမ်းအင်အဆင့်ကို မခံစားမိချေ။ သို့သော် မိန်းကလေးက သူ့ အနားသို့ ရောက်လာသောအခါ အန္တရာယ်ရှိသည့် ခံစားချက်ကိုတော့ ရရှိလိုက်သည်။

ပျံသန်းနေသော ငှက်ရုပ်တစ်ရုပ်က ရဲ့ချန်​၏အပေါ်တွင် ပတ်ပတ်လည် ပျံသန်းနေသည်။

ဖူလန်လင်းက ရဲ့ချန်ကို တစ်ချက် အကဲခက်လိုက်သည်။ ထို့အပြင် ရဲ့ချန်​၏ခန္ဓာကိုယ်ကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်ပြန်သည်။ သူမ​၏ငှက်ရုပ်က အဝတ်စကို အနံ့ခံ လိုက်လာရင်း ထိုလူငယ်လေးအား တွေ့လိုက်ရခြင်း ဖြစ်သည်။

ထိုလူငယ်လေး​၏အင်အားက မြေကြီးနယ်ပယ် အဆင့် ၂ မျှသာ ရှိသေးသည်ကို မြင်ပြီး ဖူလန်လင်းတစ်ယောက် ထူးဆန်းလှသည်ဟု ခံစားမိလိုက်သည်။

အဆင့်နိမ့်သော လူတစ်ယောက်အတွက် သေမင်းသစ်တောကို ဖြတ်သန်း၍ အန္တရာယ်က လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ချေ။ သေမင်းသစ်တောထဲတွင် မှော်သားပေါင်း များစွာရှိကာ အားအနည်းဆုံး မှော်သားရဲပင် အရှင်သခင်နယ်ပယ်အဆင့် ရှိကြသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now