အခန်း (၇၃) အရာအားလုံးမှာ နိဂုံးရှိတယ်

291 17 0
                                    

" ခင်ဗျားတို့ အကုန်လုံး... ဘာဖြစ်လို့ တုံဏှီဘာဝေ လုပ်နေကြတာလဲ၊ သူ့လက်ထဲကဖုန်းကို မြန်မြန်လုကြစမ်း၊ ဒီလိုမှ မဟုတ်ရင် ငါတို့ဘဝတွေတော့ မြောင်းထဲရောက်ပြီ " ရှောင်ပင်းက ပိုင်ချုံးဖော်ကောင်လုပ်လိုက်သော ရှယ်ယာရှင် ၂၃ ယောက်ကို အော်ပြောလိုက်တော့သည်။

လူ ၂၃ ယောက်သည် ချက်ချင်း ထိုင်ခုံပေါ်မှထကာ ရဲ့ချန်ဆီသို့ ဦးတည်လိုက်တော့သည်။

သို့သော် သူတို့ ရဲ့ချန်ဆီသို့ မရောက်မီမှာပင် ကြမ်းပြင်ပေါ်သို့ လဲကျကုန်​၏ ။

" ဘာမှားနေတာလဲဟ... ငါ့ခန္ဓာကိုယ်က ဘာဖြစ်လို့ အရမ်းကြီးလာတာလဲ " လူ ၂၃ ယောက်ထဲက တစ်ယောက်က သူ​၏ခန္ဓာကိုယ်က အလွန်ကြီးမားလာသည့်အတွက် မလှုပ်ရှားနိုင်ဖြစ်နေသောကြောင့် ညည်းတွားနေတော့သည်။

ယင်းက ရဲ့ချန်က သူ​၏အော်ရာကို ထုတ်လွှတ်ပြီး ထိုလူများအား ဖိနှိပ်လိုက်ခြင်းပင်ဖြစ်သည်။ ရဲ့ချန်က သူ​၏အော်ရာကို အနည်းငယ်မျှသာ ထုတ်လွှတ်ထားသော်လည်း ထိုလူများအား ကြမ်းပြင်ပေါ်သို့ လဲကျစေရန် ဖိနှိပ်ဖို့အတွက်တော့ လုံလောက်နေချေပြီ။

ရှောင်ပင်းက ထိုအရာကိုကြည့်ပြီး အံ့အားသင့်နေသည်။ သို့သော် ကံမကောင်းစွာပင် သူက ပါးစပ်ပင် မဟနိုင်ရှာပေ။ သူ​၏ပါးစပ်ကို သော့တစ်ခုခုနှင့် ခတ်ထားဘိသကဲ့သို့ စကားလုံးဝ မပြောနိုင်ပေ။

" ခင်ဗျားတို့အကုန်လုံး အဲ့လို ခဏနေအုံး " ရဲ့ချန်က ချောင်ဂျင်ချမ်း​၏တစ်ဖက်က ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ ရဲ့ချန်က ချောင်ဂျင်ရှမ်းဆီမှ ချောင်ယမ်ယမ့်အကြောင်းကို ပိုမို သိလိုသည် မဟုတ်ပါလား။

ပြဿနာတွင် မပါဝင်သော ရှယ်ယာရှင်ငါးဦးသည်လည်း ရဲ့ချန်ကို ကြောက်ရွံ့နေကြသည်။ သူတို့က သူတို့​၏ထိုင်ခုံတွင် ထိုင်ရန် မဝံ့မရဲ ဖြစ်နေကြသည်။ စကားပြောဖို့အတွက်ဆို ဝေလာဝေးပင်။

နောက်ဆုံးမှာတော့ နာရီဝက်ခန့်ကြာပြီးနောက် လျှို့ယွဲ့နှင့် လော့ဘင်တို့​က အခန်းထဲသို့ ပြန်ရောက်လာကြသည်။ လော့ဘင်တို့ အခန်းထဲသို့ ဝင်မလာခင် ရဲ့ချန်က သူ​၏အော်ရာအားလုံးကို ရုတ်သိမ်းထားလိုက်သည်။ ထိုအချိန်တွင် လော့ဘင်နှင့် လျှို့ယွဲ့တို့နောက်တွင် ရဲသားဆယ်ယောက်ခန့်က ရပ်နေကြသည်။ ထိုရဲသားများကို လော့ဘင်က ခေါ်ထားပုံ ရလေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now