အခန်း (၂၂) ခံစားချက်များ ပွင့်အံလာခြင်း

491 51 0
                                    

ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့ ကျောင်းပေါက်ဝဆီသို့ လျှောက်လာကြသည်။ "  မင် ဘာဖြစ်လို့ ရုတ်တရက်ကြီး ထကူညီလိုက်တာလဲ..." ရဲ့ချန် အနည်းငယ်သိချင်စိတ်ဖြစ်လာတာကြောင့် မေးလိုက်သည်။

" အဲ့ဒီ့လူတွေက နင့်ကို စော်ကားပြောဆိုနေတာကို ငါမကြိုက်ဘူး..." ချောင်ယမ်ယမ် ပြောလိုက်သည်။

" ဟဟဟဟဟ..." ရဲ့ချန် ရယ်မောနေလိုက်သည်။

" နင်က ဘာကြောင့် ရယ်နေရတာလဲ..." ချောင်ယမ်ယမ်က မေးလိုက်သည်။

ရဲ့ချန် " ငါနဲ့ပတ်သက်ပြီး ဂရုစိုက်မယ့် မင်းလိုမိန်းကလေးတစ်ယောက်လောက် ရှိလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ခဲ့ဘူး..."

ရဲ့ချန်​၏စကားကိုကြားလိုက်ရပြီး ချောင်ယမ်ယမ် မျက်နှာက ရဲရဲနီသွားသည်။ " အဲ့ဒါက ဘာကြောင့်လဲဆိုတော့ နင်က ဒီမိန်းမငယ်လေးရဲ့ ကယ်တင်ရှင် ဖြစ်နေလို့ပေါ့...ဒါကြောင့် နင့်ကို ငါ့ရဲ့ကြင်နာမှုကို ပြန်ပေးလိုက်တာပဲ..." ချောင်ယမ်ယမ်က အကြောင့်ပြချက်တစ်ခု ရှာဖို့ ကြိုးစားလိုက်သည်။

ရဲ့ချန် " ဟေ့ ချောင်ယမ်ယမ် ငါ အစောတုန်းက စားစရာတွေမှာထားတယ်..."

" အဲ့ဒီ့ စားစရာတွေ မေ့ထားလိုက်တော့...ပင်လယ်စာစားသောက်ဆိုင်ကို ငါနဲ့လိုက်ခဲ့...နင့်ဟာတွေ ငါအကုန်ပြန်ပေးမယ်..." ချောင်ယမ်ယမ်က ရဲ့ချန်လက်ကို ဆွဲလာလိုက်သည်။ သုံးမီးနစ်လောက်တောင် လမ်းမလျှောက်ရပေ။ သူတို့ စားသောက်ဆိုင်သို့ ရောက်လာကြသည်။

ချောင်ယမ်ယမ် " ငါတို့ ရောက်ပြီ..."

ရဲ့ချန် လှပသော စားသောက်ဆိုင်ရဲ့ခန်းမတစ်ကို မြင်လိုက်ရသည်။ ချောင်ယမ်ယမ်က သူ့ကို အထဲသို့ ဖိတ်ခေါ်ပါသည်။ သူတို့နှစ်ယောက် အထဲသို့ ဝင်လာသောအခါ စားပွဲထိုးလေးတွေက ကြိုဆိုကြသည်။

" အကိုလေးနဲ့ အမလေးတို့ ရိုးရိုးစားပွဲမှာထိုင်မလား ကိုယ်ပိုင် အခန်းယူမှာလား ခင်ဗျာ့..." စားပွဲထိုးလေးက မေးလိုက်သည်။

ချောင်ယမ်ယမ် " ကျေးဇူးပြုပြီး ကိုယ်ပိုင်အခန်းတစ်ခန်း ပြင်ဆင်ပေးပါ..." ချောင်ယမ်ယမ်က သူမလက်ထဲက အဖွဲ့ဝင်ကဒ်ကို စားပွဲထိုးအားပေးလိုက်ပြီး ပြောလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now