အခန်း (၇၈) မူလန်ယင်း

422 21 0
                                    

ရဲ့ချန်တစ်ယောက် သူအိပ်ပျော်နေစဉ်အတွင်း သူ​၏နှာခေါင်းက တစ်စုံတစ်ခုကြောင့် ယားယံလာသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ လျှို့ယွဲ့က သူ​၏ရင်ဘက်ပေါ်တွင် လဲလျောင်းရင်း ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ သူ့နှာခေါင်းကို ယားယံအောင် လျှို့ယွဲ့က သူမ​၏ချိုချိုးလေးဖြင့် မထတထိ ပွတ်နေခြင်းပင် ဖြစ်သည်။

" နောက်ဆုံးတော့ ယောက်ျားလည်း နိုးလာပြီပဲ " လျှို့ယွဲ့က ပြောလိုက်သည်။

ရဲ့ချန်က အိပ်ရာဘေးမှ နာရီကို တစ်ချက်ကြည့်လိုက်သောအခါ နာရီက ညရှစ်နာရီထိုးနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

အချစ်ပွဲနွှဲပြီးနောက် ရဲ့ချန်လည်းပဲ လျှို့ယွဲ့နှင့်အတူ ပင်ပန်းစွာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

" ကျုတ်... ကျုတ်... ကျုတ်... " အစာအိမ်ထဲမှ ဒေါသတကြီး အော်ဟစ်လိုက်သောအသံကြီးက ထွက်ပေါ်လာသည်။

" ယွဲ့... ဗိုက်ဆာနေပြီလား " ရဲ့ချန်က မေးလိုက်သည်။

လျှို့ယွဲ့ခမျာ အတော်လေးကို ရှက်သွားရှာသည်။ သူမ​၏မျက်နှာနှင့် နားရွက်ဖျားလေးများပါ ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲသွားတော့သည်။ မနက်ကတည်းက သူမက ဘာမှမစားရသေးပေ။ ထို့ကြောင့် သူမ ဆာနေမည်ဆိုပါက ဆာနေလောက်ပြီ ဖြစ်သည်။

" ဒါဆို အိပ်နေအုံး၊ ကိုယ် မင်းအတွက် ညစာ စီစဉ်ပေးမယ် " ရဲ့ချန်က ချက်ချင်း အိပ်ရာမှထကာ သူ​၏အင်္ကျီနှင့် ဘောင်းဘီများကို ပြန်ဝတ်လိုက်သည်။

ထို့နောက် ရဲ့ချန်က အခန်းထဲမှ ထွက်ခွာလာပြီး ပထမအထပ်က မီးဖိုချောင်ဆီသို့ ဦးတည်လိုက်တော့သည်။

လျှို့ယွဲ့တစ်ယောက် ရဲ့ချန်က သူမကို ကောင်းမွန်စွာ ဂရုစိုက်နေသည်ကိုကြည့်ရင်း သူမ​၏ရင်ထဲတွင် ချိုမြိန်မှုတို့အား ခံစားလိုက်ရတော့သည်။ မိန်းမအတွက် အစားအစာချက်ပေးသောယောက်ျားက ရှားပါးလှသည် မဟုတ်ပါလား။

ထို့နောက် သူမခန္ဓာကိုယ်က စေးကပ်လာသောကြောင့် လျှို့ယွဲ့တစ်ယောက် အမြန်ဆုံး သန့်ရှင်းရေးလုပ်လိုလှပြီ ဖြစ်သည်။ သူမက အိပ်ရာ​၏အစွန်းသို့ လေးဘက်ကုန်း၍ တွားသွားလိုက်ပြီး ကြမ်းပြင်ပေါ်သို့ ခြေချလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now