အခန်း (၁၈၅) မင်းက ဒီပန်းပွင့်တွေထက် ပိုလှတယ်

247 15 0
                                    

ရဲ့ချန်တစ်ယောက် ဆေးဥယျာဉ်သို့ ရောက်လာသောအခါ အံ့အားသင့်ဖွယ် ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ ထိုအချိန်တွင် မြေခွေးပေါက်စလေး ရဲ့လျှိုသည် ဆေးဥယျာဉ်အတွင်းက အရည်သွေးမြင့် ဆေးပင်အချို့ကို စားသောက်နေသည် မဟုတ်ပါလား။
ထိုအရာကို ကြည့်ရင်း ရဲ့ချန်တစ်ယောက် မြေခွေးပေါက်စလေး ရဲ့လျှိုဆီ တစ်မုဟုတ်ချင်း ပြေးသွားတော့သည်။ ထို့နောက် သူက မြေခွေးပေါက်စလေး ရဲ့လျှိုကို ဆေးပင်များဆီမှ ချက်ချင်း အဝေးသို့ ဆွဲခေါ်ထားလိုက်သည်။
“ အု … အု … အာဝူ … ဂီး … “ ရဲ့လျှိ်ုက ရဲ့ချန်၏လက်ထဲမှ လွတ်ရန် အတင်း ရုန်းကန်လျှက် ရှိနေသည်။ သူမသည် သူမ ဆေးပင်များ စားသောက်နေစဉ် ရဲ့ချန်က အနှောက်အယှက် လာပေးသောကြောင့် ဘ၀င်မကျ ဖြစ်နေပုံ ပေါ်နေ၏။
“ မြေခွေးစုတ် မြေခွေးပျက်၊ နင်က ငါ့ရဲ့ဆေးပင်တွေကို ဘယ်လိုတောင် စားပစ်ရက်တာလဲ “ ရဲ့ချန်က မြေခွေးပေါက်စလေး ရဲ့လျှိုကို အော်ဟစ် ဆူပူလိုက်သည်။
ရဲ့ချန်သည် မြေခွေးပေါက်စလေးက သူမ ကြိုက်သည့်အချိန်တိုင်း ထွက်လာနိုင်မည်ဟု ထင်မထားခဲ့ပေ။ သူခေါ်သည့် အချိန်မှသာ ထွက်လာနိုင်မည်ဟု ရဲ့ချန် ထင်ထားခဲ့သည် မဟုတ်ပါလား။ ကြည့်ရသည်မှာ ရဲ့လျှိုက သူမ ကြိုက်သည့်အချိန်တိုင်း ထွက်လာနိုင်ပုံ ပေါ်၏။
ယင်းသည် ရဲ့ချန် စိုက်ထားသည့် ဆေးပင်များအတွက် အင်မတန် အန္တရာယ် ရှိသည့်ကိစ္စပင် ဖြစ်၏။ ထို့ကြောင့် ရဲ့ချန်က မြေခွေးပေါက်စလေး ရဲ့လျှို၏ရန်မှ ကာကွယ်ရန်အတွက် ဆေးပင်များအား အကာအကွယ်တစ်ခု ချက်ချင်း လွှမ်းခြုံထားလိုက်သည်။
ရဲ့လျှိုသည် သူမ၏မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။ သူမ၏မျက်နှာက ရဲ့ချန်ကို စိတ်ဆိုးနေကြောင်း ပေါ်လွင်နေ၏။
“ ယောက်ျား၊ နင် ဘာလုပ်နေတာလဲ “ ချောင်ယမ်ယမ် နှင့် ချူးယွဲ့ချန်တို့က ရဲ့ချန်ဆီ လျှောက်လာကြသည်။
ချောင်ယမ်ယမ် လမ်းလျှောက်လာသောအခါ အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေ၏။ မနေ့ညက ရဲ့ချန်၏ဖွားဖက်တော်ကြီး ဒဏ်ကြောင့် ချောင်ယမ်ယမ်၏ပန်းပွင့်လေး ယောင်ကိုင်းသွားပုံ ရ၏။
“ ငါ့ဆေးပင်တွေကို စားနေတဲ့ အဖျက်ဆီးကောင် ပေါက်စလေးကို ဖမ်းနေတာ “ ရဲ့ချန်က ရဲ့လျှိုကို ပြလိုက်သည်။
“ ဟီဟီဟီ … နင်က သူ့ကို လုံလောက်အောင် မကျွေးလို့ နေမှာပေါ့ဟ၊ အဲဒါကြောင့် သူက ဥယျာဉ်ထဲမှာ လာခိုးစားနေတာ ဖြစ်မယ် “ ချူးယွဲ့ချန်က တခစ်ခစ် ရယ်မောနေ၏။
“ ငါ သူ့ကို နေ့တိုင်း အစားအစာ လောက်လောက်ငှငှ ကျွေးပါတယ်ဟာ၊ ဒီမြေခွေး ပေါက်စလေးကကို လောဘကြီးလွန်းနေတာ “ နေ့စဉ် ရဲ့ချန်က ရဲ့လျှိုကို အစားအစာ ၀လင်အောင် ကျွေးမွေးပါသည်။ သို့သော် မြေခွေးပေါက်စလေး ရဲ့လျှိုကကို ရဲ့ချန် ကျွေးသည့် အစားအစာနှင့် မတင်းတိမ်နိုင်ဘဲ ဆေးဥယျာဉ်ထဲတွင် လာခိုးစားခြင်း ဖြစ်သည်။
“ ယောက်ျား၊ နင်က ဒီချစ်စရာ သတ္တဝါလေးနဲ့ ပတ်သက်ပြီး ဘာဖြစ်လို့ ဒီလောက်ထိ ကပ်စေးနဲနေတာလဲ “ ချောင်ယမ်ယမ်သည် ရဲ့လျှိုကို ရဲ့ချန်၏လက်ထဲမှ ဆွဲယူလိုက်သည်။
ချောင်ယမ်ယမ်က ရယ်စရာ သတ္တဝါလေးများကို ချစ်ခင်လှပေသည်။ ထို့ကြောင့် ရဲ့လျှိုအပေါ်တွင် သူမ၏ဆက်ဆံရေးက နွေးနွေးထွေးထွေး ရှိလှပေသည်။ ချောင်ယမ်ယမ်က ဆေးဥယျာဉ်ထဲက ဆေးပင်များ သို့မဟုတ် ကောင်းကင်မက်မွန်သီးများကို အမြဲတမ်း ယူယူကျွေးပြီး ရဲ့လျှိုကို ဖက်ဆီးခဲ့ခြင်း ဖြစ်သည်။
“ ဟုတ်တယ်၊ ငါ ကပ်စေးနဲတယ်၊ ဆေးပင်ဆိုတာက အင်အားတွေ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်ခုပဲဟ၊ ဒီမြေခွေး ပေါက်စလေးကိုသာ အကုန်လုံး စားခွင့်ပေးလိုက်မယ်ဆိုရင် ငါတို့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ “ ရဲ့ချန်က ဆေးပင် အားလုံးကို စားခွင့်ပြုနိုင်မည် မဟုတ်ပေ။
“ ယွဲ့ချန်၊ နတ်သမီး တံခါး၀ထဲမှာ ဒီ၀င်္ကပါကို အသက်သွင်းလို့ရမယ့် အထူးအကာအကွယ် ရှိလား “ ရဲ့ချန်က နတ်သမီးတံခါး၀၏ အချက်အလက် အချို့ကို မေးမြန်းလိုက်၏။
“ ဒါပေါ့၊ ရှိတာပေါ့၊ ဒီ၀င်္ကပါကို ပိတ်ဆို့ထားလိုက်မယ်ဆိုရင် ဒီထဲကို နင်ကလွဲပြီး တခြားလူ ဘယ်သူမှ ၀င်နိုင်မှာ မဟုတ်ဘူး၊ နင့်ရဲ့မိန်းမတွေလည်း အပါအ၀င်နော်၊ သူတို့လည်း အထဲ ၀င်နိုင်မှာ မဟုတ်ဘူး “ ချူးယွဲ့ချန်က ရှင်းပြလိုက်သည်။
“ ငါ နားလည်ပြီ၊ ဒီ၀င်္ကပါကို အသက်သွင်းလိုက်တော့၊ ဒီမှာရှိတဲ့ ဆေးပင်တွေ အားလုံးကို ဟောဒီ့မြေခွေးပေါက်စလေးကြောင့် ကုန်ဆုံးသွားမယ့် အဖြစ်မျိုး ငါတကယ် မလိုချင်ဘူး “ ရဲ့ချန်သည် ပိတ်ဆို့ခြင်း ၀င်္ကပါကို အသက်သွင်းရန် ချူးယွဲ့ချန်အား ပြောလိုက်သည်။
ချူးယွဲ့ချန်က လက်ကို ဝေ့ယမ်းလိုက်သောအခါ ဆေးဥယျာဉ်အတွင်း၀ယ် ဖောက်ထွင်းမြင်နိုင်သည့် အကာအကွယ်ဒိုင်းများက ချက်ချင်း ၀န်းရံလာ၏။
ရဲ့လျှိုက ချောင်ယမ်ယမ်၏လက်ထဲမှ လွတ်မြောက်ရန် အတင်း ရုန်းကန်နေလေသည်။ သူမက သူမ၏အမြီးလေးဖြင့် ဆေးဥယျာဉ်ကို ကာကွယ်ထားသည့် ဒိုင်းကို တိုက်ခိုက်ရန် ကြိုးစားနေလေသည်။
“ ခရက် … “ ရဲ့လျှို၏အမြီးက ဒိုင်းကို လှုပ်အောင်ပင် မတိုက်ခိုက်နိုင်ပေ။ ထိုဒိုင်းများက အလွန်တရာ မာကျောလှချေသည်။ ထို့ကြောင့် ရဲ့လျှိုက ထိုဒိုင်းကာကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
“ အခုတော့ ဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်သွားပြီ “ ရဲ့ချန်သည် ထိုပြဿနာကို ပြေပြေလည်လည် ဖြေရှင်းနိုင်သောကြောင့် အတော်လေး ကျေနပ်သွား၏။ ယခု ရဲ့ချန်၏ဆေးပင်များက မြေခွေးပေါက်စလေး ရဲ့လျှိုရန်မှ လွတ်ကင်းသွားပြီ ဖြစ်၏။
“ အု … အု … အာဝူ “ ရဲ့လျှိုက ရဲ့ချန်ကို မျက်စောင်းထိုးနေ၏။ သူမသည် ရဲ့ချန်က သူမ၏ အနှစ်သက်ဆုံး စားစရာနေရာကို ပိတ်ပစ်လိုက်သောကြောင့် စိတ်ဆိုးနေပုံ ပေါ်နေ၏။
“ စိတ်လျော့ပါဟယ်၊ ရော့ … ဒါက နင့်အတွက် “ ချောင်ယမ်ယမ်သည် ရဲ့လျှို စိတ်ဆိုးပြေစေရန် ကောင်းကင်မက်မွန်သီး တစ်လုံးပေးပြီး ချော့လိုက်သည်။ ရဲ့လျှိုက ကောင်းကင်မက်မွန်သီးကို ကြိုက်မှန်း ချောင်ယမ်ယမ်က သိထားသည် မဟုတ်ပါလား။
အစကတည်းက ရဲ့လျှိုက သူမ၏ရှေ့က ကောင်းကင်မက်မွန်သီးကို မသိယောင် ဆောင်နေခဲ့၏။ သူမကို မက်မွန်သီးတစ်လုံးတည်းဖြင့် လာဘ်ထိုးရန် လွယ်ကူသည်ဟု ထင်နေသည်လော။
ရဲ့လျှိုကို မက်မွန်သီးတစ်လုံးတည်းဖြင့် လာဘ်ထိုး၍ မရသည်ကို ကြည့်ရင်း ချောင်ယမ်ယမ်က နောက်ထပ်တစ်လုံးကို ထုတ်ယူလိုက်သည်။ “ နှစ်လုံးဆိုရင်ရော ဘယ်လိုလဲ “ ချောင်ယမ်ယမ်က သူမ၏လက်ထဲက မက်မွန်သီးနှစ်လုံးကို မြှောက်ပြလိုက်သည်။
ရဲ့လျှိုက ချောင်ယမ်ယမ်၏လက်ထဲက မက်မွန်သီးနှစ်လုံးကို ချက်ချင်း လှမ်းယူလိုက်သည်။ မြေခွေးလေး ရဲ့လျှိုသည် မှန်းဆရ အတော်လေး လွယ်ကူလှချေသည်။
ချောင်ယမ်ယမ်က မက်မွန်သီးကို မက်မက်မောမော စားနေသည့် ရဲ့လျှို၏ဦးခေါင်းကို ပွတ်သပ်ပေးလိုက်၏။
“ ဪ ဟုတ်သားပဲ၊ ယောက်ျား နင် လုလုအတွက် အ၀တ်အစားလေးဘာလေး ၀ယ်ပေးသင့်တယ်နော်၊ သူ့မှာ အစေခံ ၀တ်စုံလေး သုံးစုံပဲ ရှိတယ်၊ တခြား ၀တ်စုံတစ်စုံမှ မရှိသေးဘူး “ ချောင်ယမ်ယမ်သည် ရဲ့ချန်ကို ရှောင်လုလုအား အ၀တ်အစားတချို့ ၀ယ်ပေးရန် ပြောလိုက်သည်။
အမှန်စင်စစ် ချောင်ယမ်ယမ်က သူမအတွက် အ၀တ်စားအချို့ ပေးရန် စဉ်းစားမိသေး၏။ ကံမကောင်းစွာ သူမ၏အ၀တ်အစားများက ရှောင်လုလု ၀တ်ဆင်ရန်အတွက် သေးငယ်နေသည် မဟုတ်ပါလား။ အထူးသဖြင့် ရှောင်လုလု၏ရင်ဘတ်ဆိုဒ်က ချောင်ယမ်ယမ်က ပိုမို ကြီးမားနေခြင်းပင် ဖြစ်သည်။
ထိုအကြောင်းပြချက်များကြောင့် ချောင်ယမ်ယမ်က ရဲ့ချန်ကို ရှောင်လုလုအား စတိုးဆိုင်တစ်ဆိုင် သွားပြီး အ၀တ်အစားသစ်များ ၀ယ်ပေးစေချင်နေသည်ပင် ဖြစ်၏။ တခြားအကြောင်းပြချက်တစ်ခုသည် သူတို့နှစ်ယောက်ကို နီးစပ်စေချင်သည်။ ချောင်ယမ်ယမ်သည် ရှောင်လုလုက အမြဲတမ်းလိုလို အိမ်တွင် တစ်ယောက်တည်း ကျန်ခဲ့သည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေရသည် မဟုတ်ပါလား။
“ ကောင်းပြီလေ၊ ငါ ရှောင်လုလုအတွက် အ၀တ်စားအသစ်တချို့ လိုက်၀ယ်ပေးလိုက်ပါ့မယ် “ ရှောင်လုလုက အိမ်အလုပ်များကို ကြိုးကြိုးစားစား လုပ်ဆောင်ပေသည်။ ထို့ကြောင့် သူမကို လက်ဆောင်အနည်းငယ် ပေးလိုက်ခြင်းက ဆိုးတော့ မဆိုးပေ။
“ ဒါဆိုလည်း နင်က ဘာကိုစောင့်နေတာလဲ၊ မြန်မြန်သွားတော့လေ “ ချောင်ယမ်ယမ်က လောဆော်လိုက်၏။
“ ဒါပေမဲ့ … “ ရဲ့ချန်က နတ်သမီးတံခါး၀ထဲတွင် အချိန်ကြာကြာ နေလိုသေး၏။ ပွင့်ထားသည် အသုံးဆောင်ပစ္စည်း ဂိုထောင်ကို သူ သွားရောက် စစ်ဆေးလိုသည် မဟုတ်ပါလား။
“ မြန်မြန်သွားစမ်းပါဟာ၊ ခုချိန်မှာ ရှောင်လုလုက အိမ်မှာ တစ်ယောက်တည်းရယ် “ ချောင်ယမ်ယမ်သည် ရဲ့ချန်ကို နတ်သမီးတံခါး၀ထဲက အလျင်အမြန် ထွက်သွားစေလိုဟန် ဖြစ်နေသည်။
ချောင်ယမ်ယမ်က အတင်းအကျပ် တိုက်တွန်းနေသောကြောင့် ရဲ့ချန်တစ်ယောက် နတ်သမီးတံခါး၀ထဲမှ ထွက်လာခဲ့သည်။ နတ်သမီးတံခါး၀ထဲမှ ထွက်လာသောအခါ ရဲ့ချန်တစ်ယောက် နားနေခန်းထဲ ရောက်လာသည်။
ရဲ့ချန်က ရှောင်လုလုကို စတင် ရှာဖွေလိုက်သည်။ လောလောဆယ် ရှောင်လုလုက ခြံ၀င်းထဲတွင် ရှိနေ၏။ ရဲ့ချန်သည် ရှောင်လုလုတစ်ယောက် ခြံ၀င်းထဲတွင် မည်သည့်အရာများ လုပ်နေမှန်း သိချင်စိတ်ဖြစ်လာ၏။
ရဲ့ချန်တစ်ယောက် ခြံ၀င်းထဲသို့ ရောက်လာသောအခါ ရှောင်လုလုက ပန်းပင်များအား ရေလောင်းနေကြောင်း မြင်လိုက်ရ၏။ ကြည့်ရသည်မှာ ရှောင်လုလုသည် ခြံ၀င်းကို တန်ဆာဆင်ရန် ပန်းပင်များ စိုက်ပျိုးရသည်ကို နှစ်သက်ပုံ ရ၏။
ရဲ့ချန်သည် ပန်းပင်များ ရေလောင်းနေသည့် ရှောင်လုလုအနားသို့ လျှောက်သွားလိုက်၏။
လူတစ်ယောက်၏ခြေသံကို ကြားလိုက်သောကြောင့် ရှောင်လုလုက နောက်သို့ လှည့်ကြည့်လိုက်၏။ “ အကိုကြီး ရဲ့ချန်၊ နိုးလာပြီလား “ ရှောင်လုလုက ရဲ့ချန်ကို အပြုံးကလေးဖြင့် နှုတ်ဆက်လိုက်၏။
“ အင်း၊ ငါနိုးပြီ “ ရဲ့ချန်က ရှောင်လုလု၏ဘေးတွင် ရပ်လိုက်သည်။
“ ဒီမှာ မင်း ဘာလုပ်နေတာလဲ “ ရဲ့ချန်က မေးလိုက်သည်။
“ ကျွန်မ ဒီပန်းလေးတွေကို လာကြည့်တာလေ၊ မမလန်လင်း စိုက်ထားတဲ့ ပန်းပင်တွေက အရမ်းလှတာပဲ၊ ကျွန်မ ဒီလို ပန်းလေးတွေကို ရွာမှာနေတုန်းက တစ်ခါမှ မမြင်ဖူးခဲ့ဘူး “ ရှောင်လုလုသည် ရဲ့ချန်၏ခြံ၀င်း ရှေ့က ကွင်းလုံးပြည့် ပန်းပင်များကို သဘောအကျကြီး ကျနေလေသည်။
ရဲ့ချန်၏အထင်သာ မမှားလျှင် ထိုပန်းပွင့်များက နတ်သမီးတံခါး၀ထဲက ပန်းပင်များ ဖြစ်ရပေမည်။ ဖူလန်လင်းက နတ်သမီးတံခါး၀ထဲက ပန်းပင်များကို နှုတ်ယူပြီး သူ၏ခြံ၀င်းထဲတွင် စိုက်ထားခဲ့ပုံ ပေါ်၏။
“ အင်း မင်းပြောတာမှန်တယ်၊ ဒီပန်းပွင့်တွေက အရမ်းလှတယ်၊ ဒါပေမဲ့ မင်းက ဒီပန်းပွင့်တွေထက် ပိုလှတယ်လို့ ငါထင်တယ် “ ရဲ့ချန်က အမှန်တိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
ရဲ့ချန်၏စကားကို ကြားပြီးနောက် ရှောင်လုလု၏မျက်နှာက အနီရောင် အဖြစ်သို့ ပြောင်းသွားလေသည်။ အကြောင်းပြချက် အချို့တွက် ရှောင်လုလုသည် ရဲ့ချန်ဆီက ချီးကျူးမှုကို ရရှိသည့်အတွက် အတော်လေး ပျော်ရွှင်သွား၏။ ရှောင်လုလုသည် ရဲ့ချန်ကိုပင် မော့မကြည့်ရဲတော့ပေ။
“ အကိုကြီး ရဲ့ချန်၊ ကျွန်မ အကို့အတွက် မနက်စာ သွားပြင်လိုက်ဦးမယ် “ ရှောင်လုလုသည် ရဲ့ချန်၏အဝေးသို့ ထွက်ပြေးရန် ဆင်ခြေတစ်ခုကို ရှာပေးလိုက်သည်။
“ မလိုပါဘူး၊ လာ ငါနဲ့လိုက်ခဲ့ “ ရဲ့ချန်က ရှောင်လုလုကို လက်ကိုဆွဲပြီး တားထားလိုက်သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now