အခန်း (၁၉၈) ဝင်္ကပါ

198 11 0
                                    

“ နေပါဦး၊ ဒီနေရာကို ငါ နှစ်ကြိမ်တောင် ဖြတ်လာပြီးပြီ မဟုတ်လား “ ရဲ့ချန်သည် ဤနေရာက သူဖြတ်လာပြီးပြီ ဖြစ်ကြောင်း သတိထားမိသွားသည်။ သို့သော် ဤနေရာကို အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်ရောက်နေရသနည်း။
“ ဒီနေရာက နံရံတွေက ရွေ့လျားနိုင်တယ်လို့တော့ ငါ့ကို လာမပြောနဲ့နော် “ ရဲ့ချန်သည် ဤနေရာက နံရံများက ရွေ့လျားနိုင်သည်ဟု စတင်သံသယ ၀င်လာတော့သည်။ ယင်းတို့က ရွေ့လျားနိုင်လျှင် ရဲ့ချန်ကို ထိုနေရာက လွှမ်းမိုးချယ်လှယ်တော့မည်သာ ဖြစ်သည်။
ရဲ့ချန်က ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။ ထို့နောက် သူဖြတ်ကျော်ခဲ့သည့် လမ်းများ၏ဖွဲ့စည်း တည်ဆောက်ပုံကို သေချာ မှတ်သားထားခဲ့သည်။
မီတာတစ်ရာကျော်ကျော်ခန့် လမ်းလျှောက်လာခဲ့ပြီးသော် ရဲ့ချန်တစ်ယောက် သူဖြတ်လာခဲ့သည့် လမ်းပေါ်သာ ပြန်ရောက်လာခဲ့သည်။
ရဲ့ချန်တစ်ယောက် ယခင်နေရာသို့ ပြန်ရောက်လာသောအခါ နံရံများ၏ဖွဲ့စည်းတည်ဆောက်ပုံများက ပြောင်းလဲနေကြောင်း မြင်လိုက်ရသည်။ ရဲ့ချန် ယခင်ဖြတ်ကျော်ခဲ့သည့် လမ်းက ယခုတော့ နံရံတစ်ခုက ဖုံးကွယ်ထားသည် မဟုတ်ပါလား။
“ တောက် … အကြိမ်တိုင်း ဒီ၀င်္ကပါက ငါ့ကို ကစားနေတာပဲ “ ရဲ့ချန်သည် ၀င်္ကပါတစ်ခုက သူ့ကို ကစားနေမည်ဟု မျှော်လင့်မထားပေ။
“ အေးပေါ့လေ၊ ဒီလိုဆိုမှတော့ အဲနံရံတွေကို ငါကလည်း ဖျက်ဆီးပြရသေးတာပေါ့ “ ဤအခြေအနေတိုင်း ဆိုလျှင် ရဲ့ချန်က သူ၏ရှေ့က နံရံအားလုံးကို ဖျက်ဆီးပစ်ရန် လိုအပ်ပေသည်။ သို့မှသာ ထွက်လမ်းတစ်ခုကို အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ပါလား။
“ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း “ ရဲ့ချန်က ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း သိုင်းကွက်ကို အသုံးပြုပြီး နံရံကို တိုက်ခိုက်လိုက်သည်။
“ ဘမ်း … “ အလွန်တရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဟိန်း၍ ထွက်လာတော့သည်။
ထူးထူးဆန်းဆန်း ရဲ့ချန်၏အစောက ထိုးချက်ဖြင့်ပင် နံရံကြီးက ခြစ်ရာတစ်ရာမျှပင် ထင်မသွားခဲ့ပေ။
“ ဘာလဲဟ “ ရဲ့ချန်သည် သူ၏ထိုးချက်နှင့်ပင် ထိုနံရံကြီးက အနည်းငယ်မျှ ခြစ်ရာမထင်သည်ကိုကြည့်ရင်း တအံ့တသြ ဖြစ်သွားလေသည်။
“ ရတယ်လေ၊ နောက်တစ်ခါ ထပ်ထိုးကြည့်တာပေါ့ “ ရဲ့ချန်က နောက်တစ်ကြိမ် ထပ်ထိုးရန် ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက အင်အားကို ထိန်ချန်ထားတော့မည် မဟုတ်ပေ။
“ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း ….ဘမ်း “ ဤတစ်ကြိမ်တွင် ပေါက်ကွဲသံကြီးက ယခင်တစ်ကြိမ်ထက် ပိုကျယ်ပေသည်။
သို့သော် ရဲ့ချန်က စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်သည့်တိုင် နံရံကြီးက တုန့်တုန့်ပင် မလှုပ်ပေ။
“ တောက် … ဒါကြီးက ဘာနံရံကြီးလဲကွာ “ ဤနေရာက နံရံကြီးက အတော်လေး ထူးဆန်းလှချေသည်။ ယင်းက ကမ္ဘာပေါ်က ကျောက်ခဲများထက်ပင် ပို၍ မာကျောလွန်းလှသည် မဟုတ်ပါလား။
ရဲ့ချန်က နောက်တစ်ကြိမ် ထပ်ထိုးရန် ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင် ရဲ့ချန်က မီးသွေးကြောကိုပါ ဖွင့်ရန် ကြံရွယ်ထားပေသည်။
“ ဆရာ၊ နင်ဘာလုပ်လုပ် အလကားပဲ “ ချူးယွဲ့ချန်က ရဲ့ချန်၏စိတ်ထဲကနေ လှမ်းပြောလိုက်သည်။
“ ယွဲ့ချန်၊ နင်ဘာကို ဆိုလိုတာလဲ “ ရဲ့ချန်သည် ယခုအခြေအနေနှင့် ပတ်သက်ပြီး ချူးယွဲ့ချန်၏ရည်ရွယ်ချက်ကို သိလိုစိတ် ဖြစ်လာ၏။
“ နင်သိလား၊ ဒီနေရာက နတ်ဘုံက လာတဲ့ ကျောက်တုံးတွေကို သုံးပြီး တည်ဆောက်ထားတာ၊ ဒီကျောက်တုံးတွေက ကောင်းတယ်လို့ မပြောနိုင်ပေမဲ့ နတ်ဘုံက အားအနည်းဆုံး ကျင်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်ဖို့တော့ လုံလုံလောက်လောက် သန်မာတယ် “ ချူးယွဲ့ချန်က ထိုနံရံများတွင် အသုံးပြုထားသည့် ကျောက်များအကြောင်းကို အသေးစိတ် ရှင်းပြလိုက်သည်။
“ ဒါဆို နင်ပြောချင်တာက ဒီနေရာကို နတ်ဘုံကလာတဲ့ လူတစ်ယောက်က တည်ဆောက်ခဲ့တာပေါ့ “ ချူးယွဲ့ချန်၏အဖြေကို နားထောင်ပြီးနောက် ရဲ့ချန်သည် ဤနေရာက နတ်ဘုံကလာသည့် လူတစ်ယောက် ချန်ထားခဲ့သည့် အမွေအနှစ်များဖြစ်ကြောင်း ခန့်မှန်းမိသွား၏။
“ အဲဒါက ဖြစ်နိုင်ပါတယ်၊ ဒီနေရာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ နတ်ဘုံက လာတယ်လို့ ခန့်မှန်းလို့ ရတယ်၊ အင်း … နတ်ဘုံက အတော်လေး အားကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် တည်ဆောင်ခဲ့တာ နေမယ် “ ချူးယွဲ့ချန်က ဤနေရာကို အချိန်အတော်ကြာ စောင့်ကြည့်ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူမလည်း ဤ၀င်္ကပါကို ဖန်တီးခဲ့သူအား စတင် သုံးသပ်မိသွားသည်။
“ ဒါက တကယ့် သတင်းကောင်းပဲ “ ရဲ့ချန်က အတော်လေး ပျော်ရွှင်နေပုံရသည်။ ဤနေရာက နတ်ဘုံက လာသည့် လူတစ်ယောက် ချန်ထားခဲ့သည့် နေရာဖြစ်သာ အမှန်ဖြစ်လျှင် သိမ်းဆည်းထားသည့် ရတနာများစွာ ရှိနေမည်မှာ သေချာသလောက် ရှိ၏။
ယင်းသည် ရဲ့ချန်ကို ၀င်္ကပါအား ကျော်လွှားရန် အလွန်တရာ စိတ်အားထက်သန်သွားစေသည်။
“ ဒါဆို ဒီ၀င်္ကပါထဲကနေ ဘယ်လိုထွက်ရမလဲဆိုတာ နင်သိလား “ ရဲ့ချန်က ချူးယွဲ့ချန်ကို ဤ၀င်္ကပါ၏ထွက်လမ်းအား မေးမြန်းလိုက်သည်။ သူမက သူ့ထက် ဗဟုသုတ ပိုမိုကြွယ်ဝသောကြောင့် သူမက ၀င်္ကပါ၏ထွက်လမ်းအား သိနေသင့်သည် မဟုတ်ပါလား။
“ ဆရာ၊ ဒါက နည်းနည်းတော့ ခက်တယ်ဟ၊ ဒီ၀င်္ကပါကို ထိန်းချုပ်ထားတဲ့ ဗဟိုချက်ကို ငါရှာမပေးနိုင်ဘူး၊ ဒါကြောင့် နင့်ဘာသာနင်ပဲ ရှာမှ ရတော့မယ် “ ချူးယွဲ့ချန်က ၀င်္ကပါ၏ဗဟိုချက်ကို ရှာဖွေရန် အခက်အခဲရှိနေပေသည်။ ယင်းသည် ဤ၀င်္ကပါ၏တည်နေရာကို ဖုံးကွယ်ပေးထားသည့် အစွမ်းတစ်ခုခု ရှိနေပုံပေါ်၏။
“ ကောင်းပါပြီ၊ စိတ်ထဲမထားပါနဲ့၊ ငါ့ဘာသာငါပဲ ရှာလိုက်တော့မယ် “ ချူးယွဲ့ချန်က မသိသောကြောင့် ရဲ့ချန်က ထွက်လမ်းကို ကိုယ်တိုင်ရှာဖွေရန် ဆုံးဖြတ်လိုက်တော့သည်။
ရဲ့ချန်က လမ်းတစ်ခုကို ရှာဖွေရန် စတင်လိုက်တော့သည်။ ထို့နောက် သူက အလွန်တရာ လျင်မြန်သည့် အရှိန်တစ်ခုဖြင့် ပျံသန်းလိုက်သည်။ ရဲ့ချန်၏စိတ်ကူးက အလွန်တရာ ရိုးရှင်းလှပေသည်။ သူက နံရံများ၏ ရွေ့လျားမှုထက် ပိုမို မြန်ဆန်နေပါက ဤနေရာကနေ ထွက်လာနိုင်မည် မဟုတ်ပါလား။
ရဲ့ချန်သည် ထိုနည်းလမ်းက ထိုက်ထိုက်တန်တန် ကြိုးစားရမည်ဟု ခံစားလိုက်ရသည်။
တစ်နေရာတွင် ချယ်ရီပန်းပွင့်ဂိုဏ်းက အခြေအနေ မကောင်းတော့ပေ။ သူတို့အားလုံးက ဆိုးဆိုးဝါးဝါး ဒဏ်ရာ ရထားပုံ ပေါ်နေ၏။ သူတို့က သွေးကျားဟု အမည်ရှိသော မှော်သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာများ ရထားခြင်း ဖြစ်သည်။
ထိုမှော်သားရဲက အနက်ရောင်အကွက်နှင့် အနီရောင်အမွေးရှိသည့် အထူးမျိုးစိတ်တစ်ကောင် ဖြစ်ပေသည်။ ထိုမှော်သားရဲက အလွန်တရာ မြန်ဆန်ပြီး ၎င်း၏အမဲလိုက် အကွက်များကလည်း အတော်လေး ရက်စက်လှချေသည်။
ချယ်ရီပန်းပွင့်ဂိုဏ်း၏ အင်အားဖြင့်ပင် ဤတစ်ကြိမ်တွင် အသက်အန္တရာယ်နှင့် နီးကပ်နေသည့် ရှုံးပွဲတစ်ခုကို ခံစားနေရပြီ ဖြစ်သည်။ သူတို့ထဲက တစ်ယောက်သာလျှင် သွေးကျားကို ကိုင်တွယ်နိုင်သော်လည်း သူတို့တွေ့ဆုံခဲ့သည်မှာ သွေးကျား ဆယ့်ငါးကောင် ဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သွေးကျားတစ်အုပ်က ချင်းချမ်နှင့် ချယ်ရီပန်းပွင့်ဂိုဏ်း၏ အခင်းအကျင်း ငါးခုကို အလွယ်တကူ ဖိတိုက်နိုင်ခဲ့သည်။
မယှဉ်နိုင်သည့်နောက်ဆုံး သူမတို့ခြောက်ယောက်က အတင်းဖိတိုက်နေသည့် သွေးကျားများအောက်မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။
ကံမကောင်းစွာပင် သွေးကျားများ တိုက်ခိုက်ခဲ့သည့် ဒဏ်ရာများကြောင့် ချယ်ရီပန်းပွင့်ဂိုဏ်း အုပ်စုရှိရာ နေရာကို သွေကျားများက ခြေရာခံ လိုက်လာနိုင်ကြသည်။
သွေးကျားတို့သည် လူတစ်ယောက်၏သွေးနံ့ကို မိုင်တစ်ရာကျော်ကပင် အနံ့ခံနိုင်စွမ်း ရှိသော မှော်သားရဲမျိုးစိတ်ပင် ဖြစ်သည်။
“ နင်တို့တွေ အကုန်လုံး ဒီနေရာကနေ လမ်းရှာပြီး ထွက်သွားတော့၊ ငါ ဒီသွေးကျားတစ်သိုက်ကို အာရုံပြောင်းထားလိုက်မယ် “ ချင်းချမ်သည် အကြီးအကဲ ငါးယောက်ကို ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် အမိန့်ပေးလိုက်သည်။
သူတို့သာ ဤနေရာတွင် ဆက်နေလျှင် သူတို့ဆီ ဦးတည် လိုက်လာနေသည့် သွေးကျားတစ်အုပ်၏ စားသုံးမှုကြောင့် အားလုံး သေပွဲ၀င်ရမည့် သဘောတွင် ရှိနေ၏။
“ အမ၊ အမကရော ဘယ်လိုလုပ်မှာလဲ “ မိန်းကလေး လေးယောက်က ချင်းချမ်၏အခြေအနေအတွက် အတော်လေး စိုးရိမ်သွားကြသည်။ သူမတို့ ထွက်သွားလျှင် ချင်းချမ်က မည်သို့ လုပ်ရမည်နည်း။
“ ငါတို့မှာ တခြားနည်းလမ်း မရှိတော့ဘူး၊ ဒါက အာလုံး သေသွားတာထက်တော့ အများကြီး ပိုကောင်းပါတယ်၊ မြန်မြန်လုပ်၊ ဒီကနေ မြန်မြန် ထွက်သွားတော့ “ ချင်းချမ်က အကြီးကဲငါးယောက်ကို ချက်ချင်း ထွက်သွားရန် အမိန့်ပေးလိုက်သည်။
“ ဒါပေမဲ့ … “ မိန်းကလေးတစ်ယောက်က ချင်းချမ်၏အမိန့်ကို ငြင်းဆန်ရန် ပြင်လိုက်သည်။
“ ဘာမှ ဆက်မပြောတော့နဲ့၊ ဒီကနေ မြန်မြန် ထွက်သွားစမ်း၊ ဒါက ဂိုဏ်းခေါင်းဆောင်ဆီက တိုက်ရိုက် အမိန့်တစ်ခုပဲ “ ချင်းချမ်က သူမ၏အဆင့်အတန်းကို အသုံးပြုပြီး အကြီးကဲ ငါးယောက်ကို ထွက်သွားရန် အမိန့်ပေးလိုက်သည်။
“ သွားရအောင် “ အကြီးကဲ အမျိုးသားတစ်ယောက်က မိန်းကလေး လေးယောက်ကို ထွက်သွားရန် ခေါ်လိုက်သည်။ သူတို့သာ ဆက်လက် ငြင်းခုံနေလျှင် အားလုံး ဤနေရာတွင်ပင် သေဆုံးသွားမည် မဟုတ်ပါလား။
မိန်းကလေး လေးယောက် ထွက်သွားသောအခါ အားလုံး နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ သူတို့သည် ချင်းချမ်က သူတို့၏လုံခြုံမှုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနေသည်ကို ကြည့်ရင်း ၀မ်းနည်းစိတ်တို့ လှိုက်တက်လာကြလေသည်။
အကြီးအကဲ ငါးယောက်၏ပုံရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချင်းချမ်သည်လည်း ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်လာခဲ့သည်။ ထို့နောက် သူမဆီသို့ ဦးတည်ပြေးလာနေသည့် သွေးကျားတစ်အုပ်ကို ကြိုဆိုလိုက်တော့သည်။
ချင်းချမ်သည် ဤနေရာက အလွန်တရာ အန္တရာယ်များမည်ဟု ထင်မထားခဲ့ပေ။ သူမသာ စောစောစီးစီးက ကြိုသိခဲ့လျှင် ဤလိုနေရာမျိုးကို ခြေဦးပင် လှည့်ခဲ့မိမည် မဟုတ်ချေ။
နောင်တဟူသည် အမြဲတမ်း နောက်ကျမှသာ ရတတ်သည့် အမျိုးဖြစ်သည်။ အရာအားလုံးက ဖြစ်ပြီးသွားပြီ မဟုတ်ပါလား။ ယခုချိန်တွင် သူမလုပ်နိုင်သည့် အရာတစ်ခုသည် သူမ၏နောက်တွင် လိုက်လာသော သွေးကျားအုပ်ထံမှ အဝေးသို့ ပြေးထွက်ခြင်းသာ ဖြစ်ပေသည်။
ချင်းချမ်သည် သူမ၏စွမ်းအင်ကို အကုန်သုံး၍ သွေးကျားအုပ်နှင့် ဝေးရာသို့ ပြေးထွက်လာခဲ့သည်။ ချင်းချမ်က အချိန်ကို ဆွဲထားနိုင်သည့်တိုင် ကြာကြာတော့ ရမည် မဟုတ်ပေ။ သူမ၏စွမ်းအင်များကလည်း ကုန်ဆုံးစပြုလာပြီ ဖြစ်သည်။ သူမ အချိန်ကြာကြာ ဆွဲမထားနိုင်တော့မည်မှာလည်း သေချာသလောက် ရှိနေပြီ မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Där berättelser lever. Upptäck nu