အခန်း (၁၀၃) အဆင့်များ တိုးလာခြင်း

325 20 0
                                    

ရဲ့ချန်သည် ဖူလန်လင်း၏သန့်စင်သော ယင်ချီများ ရရှိပြီးနောက် သူ​၏အင်အားများ ကြီးမားစွာ တိုးတက်လာကြောင်း ခံစားမိလိုက်​၏။ ရဲ့ချန်​၏အင်အားများက လတ်တလော အရှင်သခင်နယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

" လင်းအာ... အခု မင်းရဲ့အဆင့်က ဘယ်ရောက်ပြီလဲ " ရဲ့ချန်က သူနှင့် ယင်ယန်ကျင့်စဉ် လေ့ကျင့်ပြီးနောက် ဖူလန်လင်း​၏အဆင့်များ မည်မျှအထိ တက်လာကြောင်း မေးလိုက်သည်။

" အခု ငါက ဒဏ္ဍာရီထဲက နတ်သခင်နယ်ပယ်အဆင့်ကို ခြေတစ်လှမ်းဝင်နေပြီ၊ ဒီနယ်ပယ်အထိ ဘယ်လိုလုပ်ပြီး ချိုးဖြတ်သွားသလဲဆိုတာလည်း ငါ မသိဘူး " ပထမဆုံးအနေဖြင့် ဖူလန်လင်းတစ်ယောက် ဤဒဏ္ဍာရီအဆင့်သို့ ချိုးဖြတ်သွားသည့်အတွက် အင်မတန် အံ့အားသင့်သွားတော့သည်။

ဖူလန်လင်းသည် ဤဘဝတွင် ထိုနယ်ပယ်သို့ ရောမှ ရောက်ပါ့မလားဟု သံသယဝင်ခဲ့ရသည်။ သို့သော် ယခုတော့ ထိုဒဏ္ဍာရီလာ အဆင့်သို့ သူမ ရောက်ရှိသွားပြီ ဖြစ်​၏။ ယင်းက သူမ​၏ကလေးလေးကို ကျေးဇူးတင်ရပေမည်။

ရဲ့ချန် " အင်း... အရမ်းကောင်းတယ်၊ ကျုပ်လည်း အရှင်သခင်နယ်ပယ် အဆင့်လေးကို ရောက်သွားပြီ "

" ယောက်ျားလေး... နင့်ခန္ဓာကိုယ်မှာ ဘာတွေ လျှို့ဝှက်ထားသေးလဲ၊ ငါတို့ ယင်ယန်ကျင့်ကြံတာလေး တစ်ခုတည်းနဲ့တော့ ဒီလောက် အဆင့်တွေ ခုန်တက်သွားဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ " ဖူလန်လင်းက သူမ​၏ယောက်ျားပေါက်စလေးနှင့် ပတ်သက်ပြီး အလွန်တရာ စပ်စုလိုစိတ် ပြင်းပြသွားသည်။

" ဒါက ဘာဖြစ်လို့လဲဆိုတော့... ကျုပ်မှာ ရှေးဟောင်း ယန်ခန္ဓာကိုယ် ရှိနေလို့ပဲ၊ ကျုပ်နဲ့ ယင်ယန်ကျင့်ကြံတဲ့ မိန်းကလေးတိုင်းက သာမန်ထက်လွန်ကဲတဲ့ အကျိုးကျေးဇူးတွေကို သေချာပေါက် ရရှိလိမ့်မယ် " ရဲ့ချန်က သူနှင့်ပတ်သက်ပြီး အနည်းငယ် ရှင်းပြလိုက်သည်။

ဖူလန်လင်း " ယောက်ျားလေး... ဒီကမ္ဘာက မိန်းကလေးတွေသာ အဲ့အကြောင်းကို သိသွားရင် နင့်အတွက် အရမ်း အန္တရာယ်များတယ်နော်၊ သူတို့က ဒီကိစ္စကို သိသိချင်း နင့်ကို အိပ်ရာဆီ ချက်ချင်း ခေါ်သွားကြလိမ့်မယ် "

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now