အခန်း (၁၀၅) လုပ်ကြံသတ်ဖြတ်သူများ အသင်း

257 14 0
                                    

သူ​၏ပစ်မှတ်ကို သတ်ဖြတ်ရန် လွဲချော်သွားမှန်း သိသိချင်း လုပ်ကြံသတ်ဖြတ်သူက ထိုနေရာမှ ချက်ချင်း ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ကံမကောင်းစွာ သူ သတ်ဖြတ်ရန် ကြိုးစားနေသူက သူ့ရှေ့သို့ တစ်မုဟုတ်ခြင်း ရောက်လာခဲ့​၏။ ရဲ့ချန်က သူ​၏ဝိညာဉ်အသိကို အသုံးပြုပြီး လူသတ်သမားကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

" မင်း ဘယ်ကို ထွက်ပြေးမလို့ ပြင်နေတာလဲ၊ ပြောစမ်း... မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ " ရဲ့ချန်က ထိုလုပ်ကြံ သတ်ဖြတ်သူကို လွှတ်လိုက်သောသူအား သိလိုသည်။

ရုတ်တရက် လုပ်ကြံသတ်ဖြတ်သူ နောက်မှ ဓားပျံများ ဒါဇင်ခန့် ပေါ်ထွက်လာသည်။ လုပ်ကြံသတ်ဖြတ်သူက ထိုဓားပျံများ​၏ရွေ့လျားမှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ပုံ ပေါ်သည်။

" ဒီသိုင်းကွက်နဲ့ ငါ လူတော်တော်များများကို သတ်ပြီးပြီ၊ အခု မင်း အလှည့်ပေါ့ " လုပ်ကြံသတ်ဖြတ်သူက သူ​၏သိုင်းကွက်ကို ရဲ့ချန်အား ဝင့်ကြွားစွာ ပြသလိုက်​၏။

" ဟူးလား... " လုပ်ကြံသတ်ဖြတ်သူက ဓားများကို မပစ်လွှတ်ဘဲ လှည့်ပတ် ကစားနေသည်။ သူက သာမန်လူမဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။

သူ​၏ လုပ်ကြံသတ်ဖြတ်ခြင်း စွမ်းရည်အဆင့်က အဆင့်တစ်ခုထိ ရောက်ပြီ ဖြစ်သည်။ သို့သော် လုပ်ကြံသက်ဖြတ်သူ​၏ ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်တည်ထောင်ခြင်းနယ်ပယ် အဆင့်မျှသာ ရှိနေသေးသည်။ " ဆိုးလိုက်တာကွာ၊ ဒီမြို့ထဲမှာရှိတဲ့ လုပ်ကြံသတ်ဖြတ်သူတွေက နည်းနည်း စိတ်ကြီးဝင်နေတယ်နဲ့ တူတယ် " ရဲ့ချန်က စိတ်ထဲက တွေးတောလိုက်သည်။

လုပ်ကြံသတ်ဖြတ်သူက သူ​၏လက်ချောင်းများကို အသုံးပြုပြီး ဓားပျံများကို ရဲ့ချန်​၏အနီးဝန်းကျင်တွင် လှည့်ပတ် ပျံသန်းစေလိုက်​၏။ ဓားပျံများက ရဲ့ချန်​၏အနီးဝန်းကျင်တွင် အရပ်မျက်နှာအသီးသီးသို့ စက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ် ပျံသန်းနေတော့သည်။

ဓားပျံများက ပျံသာပျံသန်းနေသည် ရဲ့ချန်ကို လုံးဝ မတိုက်ခိုက်သေးပေ။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now