အခန်း (၁၈) အမှိုက်ပုံထဲမှ ငွေရှာခြင်း

432 42 0
                                    

သံပိုက်လုံးတွေ၊ သစ်သားချောင်းတွေ ကိုင်ဆောင်ထားပြီး တတ်တူးများထိုးထားသော လူတစ်စုက ရဲ့ချန်ဆီ ရောက်လာသည်။ ဆံပင်အရောင်ကို ရောသမမွှေအောင်ဆိုးထားသူများနှင့် ရွှေအိုရောင်ဆိုးထားသူတစ်ဦးက ရဲ့ချန်​၏ရှေ့မှာ တန်းစီရပ်နေကြသည်။ စုစုပေါင်း ခြောက်ယောက်ရှိသည်။ " အကိုကြီး ဒီကောင့်ရဲ့အမူအရာကိုကြည့်ရတာနဲ့တင် ဒီကောင်ပဲနေမှာပါ..." သူတို့ရဲ့ဘော့စ်ဖြစ်ပုံရသော လူတစ်ဦးကို ထိုလူငယ်လေးက မျက်နှာလို မျက်နှာရလုပ်ပြီး ပြောလိုက်သည်။

ရဲ့ချန် " မင်းတို့ ငါ့ဆီက ဘာလိုချင်လို့လဲ..."

" တကယ်တော့ ငါတို့ ဒီကိုလာတာက မင်းကိုရိုက်ဖို့ပဲ...ဒါကြောင့် မင်းရဲ့မျက်နှာတစ်ခုလုံးကို လုံးဝ မမှတ်မိစေရဘူးလို့ အာမခံတယ်..." လူမိုက်အဖွဲ့​၏ခေါင်းဆောင်က ပြောလိုက်သည်။

ရဲ့ချန် " ဒါပေမယ့် ငါမင်းတို့ကောင်တွေကို မသိဘူး...ပြီးတော့ မင်းတို့နဲ့ ငါ့ကြားမှာ ဘာပြဿနာမှ မရှိဘူးထင်တယ်..." ဒီမတိုင်မီ ရဲ့ချန် မြေအောက်ကမ္ဘာက လူတွေနှင့် အဆက်အဆံ လုံးဝ မရှိခဲ့ပေ။

" ဟဟဟ...မင်းက ငါတို့ဘော့စ်ရဲ့ ညီလေးကို ရိုက်နှက်လိုက်ပြီး တကယ်ပဲ မေ့ချင်ယောင်ဆောင် နေတာလား...ပြီးတော့ ဘာပြဿနာရှိလို့လဲလို့ ငါတို့ကို မေးနေသေးတယ်...အဲ့ဒါက ရယ်စရာမဟုတ်ဘူးလား..." ဆံပင်ရွှေရောင်နှင့်လူက ပြောလိုက်သည်။

" ဟမ့်...ဒီဘိုင်ဆန်က လာပြန်ပြီ...ငါနားလည်ပြီ...အဲ့ကောင်နဲ့ နောက်တစ်ခါ ထပ်တွေ့ရင် သေချာပေါက် ငါသူ့ရဲ့သွားတွေကို ရိုက်ချိုးပြစ်မယ်..." ဘိုင်ဆန်က သူ့ကို ပြဿနာထပ်ရှာချင်လိမ့်မည်ဟု မထင်ခဲ့တဲ့အတွက် သူ့ကို ရဲ့ချန် သနားပြီး လွှတ်ပေးခဲ့သည်။

တကယ်တော့ ရဲ့ချန်လည်း ထိုဟောင်နေတဲ့ခွေးတွေနဲ့ သတ်ပုတ်ရမှာကို ပျင်းပါသည်။ ထို့ကြောင့် ရဲ့ချန် သိုလှောင်လက်စွပ်ထဲက အဆောင်စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ရွှေရောင်ဆံပင်နှင့်လူ​၏နောက်မှ လူမိုက်ငါးယောက်ထံ ပစ်လိုက်သည်။

" မင်းတို့ ဘာကို စောင့်နေတာလဲ...အဲ့ကောင်ကို ချကြစမ်း..." ဆံပင်ရွှေရောင်နှင့်လူက သူ့နောက်က နောက်လိုက်ငါးယောက်ကို အမိန့်ပေးလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Waar verhalen tot leven komen. Ontdek het nu