အခန်း (၈၉) အလှလေးကို ကယ်တင်ခြင်း

299 18 0
                                    

ရဲ့ချန်က လျှို့ယွဲ့​၏ရုံးခန်းထဲသို့ ဝင်လာသည်။ သူမက လောလောဆယ် စားပွဲပေါ်က ဖိုင်တစ်အုပ်ကို ဖတ်နေသည်။

" ဪ... ယောက်ျား၊ နောက်ဆုံးတော့ နင် ရောက်လာပြီပဲ၊ မြန်မြန်လာ... ဒီမှာ ကြည့်စမ်း၊ ဒါတွေကို စိတ်တိုင်းကျရဲ့လား၊ ဘာလိုအပ်သေးလဲ "  လျှို့ယွဲ့က ရဲ့ချန် ရောက်လာသည်ကို မြင်မြင်ချင်း အနားသို့ လာခိုင်းပြီး သူ့အလုပ်​၏ရလဒ်များကို စစ်ဆေးခိုင်းသည်။

ရဲ့ချန်က အနားသို့ လျှောက်သွားပြီး လျှို့ယွဲ့​၏ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် လျှို့ယွဲ့ပြသော ဖိုင်ကို ဆွဲယူလိုက်ပြီး အထဲက အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

ရဲ့ချန် " အားလုံး အဆင်ပြေတယ်၊ ငါ ဘယ်နေရာမှာ လက်မှတ်ထိုးရမှာလဲ "

" ဒီမှာ... " လျှို့ယွဲ့က တခြားစာရွက် တစ်ရွက်ကို ထုတ်ယူပြီး ရဲ့ချန်ဆီ ကမ်းပေးလိုက်ပြီး ဘောပင်တစ်ချောင်းကိုပါ ထပ်မံ ယူပေးလိုက်သည်။

ရဲ့ချန်က သူ​၏ကုမ္ပဏီ တည်ထောင်ရန်အတွက် ခွင့်ပြုချက်မှာ ချက်ချင်း လက်မှတ်ရေးထိုးလိုက်သည်။

" ယွဲ့... ဒီမှာ ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ငါ သွားတော့မယ်လေ " ရဲ့ချန်တွင် ချောင်ယမ်ယမ်နှင့် ချိန်းထားသည့်ကိစ္စ ရှိနေသောကြောင့် အလျင်လိုနေသည်။

လျှို့ယွဲ့က သူမ ထိုင်ခုံက မတ်တပ်ရပ်လိုက်ပြီး ရဲ့ချန်​၏ရှေ့သို့ လျှောက်လာသည်။ ထို့နောက် သူမက ရဲ့ချန်​၏ လည်ပင်းကို ဖတ်ပြီး ပြောလိုက်သည်။ " နင်က ဘာဖြစ်လို့ အလျင်လိုနေရတာလဲ၊ ဘာလဲ... ငါနဲ့ အချိန်ကြာကြာ အတူ မနေချင်လို့လား " လျှို့ယွဲ့က ရဲ့ချန်ကို စ,သည့်နေရာတွင် ပိုပိုပြီး အတင့်ရဲလာသည်။

" ငါက နေချင်ပါတယ်ဟာ၊ ပြဿနာက ချောင်ယမ်ယမ်က ငါ့ကို စောင့်နေလို့ပါ " ရဲ့ချန်က အချိန်ကြာကြာ နေချင်သော်လည်း ချောင်ယမ်ယမ်က စောင့်စားနေသည် မဟုတ်ပါလား။

" အိုး... ငါသိပြီ၊ ယောက်ျား... နင့်ကုမ္ပဏီအတွက် CEO တစ်ယောက် မခန့်ရသေးဘူးနော်၊ ငါ ဒီနေ့ CEO ရာထူးအတွက် ဖြေဆိုဖို့အတွက် အလုပ်အင်တာဗျူး ခေါ်ထားလိုက်တယ်၊ နင် ကိုယ်တိုင်ကိုယ်ကျ အင်တာဗျူးမေးရင် ကောင်းမယ် " လျှို့ယွဲ့က ရဲ့ချန်ကို လျှောက်လွှာလာတင်ပြီး စာရင်းသွင်းထားသူများကို အင်တာဗျူးမေးရန် ပြောလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now