အခန်း (၁၇၈) ငါ့မိန်းမ လုပ်ပေးနိုင်မလား

341 15 0
                                    

စေ့စပ်ကြောင်းလမ်းခြင်း စာချုပ်ကို စုတ်ဖြဲလိုက်ခြင်းသည် နှစ်ဖက်မိသားစု၏ ဂုဏ်သိက္ခာကို နင်းချေလိုက်သည်ဟု ဆိုလို၏။ ရှားဝူလျမ်းသည် ထိုကိစ္စအားလုံးကို လုံး၀ ဂရုမစိုက်ခဲ့ပေ။ သူ၏စိတ်ထဲတွင် ရှိသည့် အရာအားလုံးသည် ငွေပြီးရင်းငွေ ဖြစ်နေသည်။
“ ထွက်သွားစမ်း “ ရဲ့ချန်က ရှားဝူချင်း၏ အင်္ကျီကော်လံကို ဆုပ်ကိုင်ပြီး အိမ်အပြင်ဘက် ခြံတံခါး၀အထိ လွင့်ပစ်လိုက်လေသည်။
အစောင့်များကလည်း ရဲ့ချန်ကို တားဆီးဖို့ရာ လုံး မတတ်နိုင်ခဲ့ပေ။ မစ္စတာ ရှားဝူလျမ်းကို လွင့်ပစ်လိုက်သည့်သူက မည်သူဖြစ်ကြောင်း သူတို့ သိသည့်တိုင် သူတို့၏ခန္ဓာကိုယ်ဆီသို့ ချဉ်းကပ်လာသည့် အားကောင်းသော ဖိအားတစ်ခုကို သူတို့ ခံစားနေရပေသည်။
“ သူ့ကို အထဲမ၀င်လာအောင် သေချာ စောင့်ကြည့်ထား “ ရဲ့ချန်က အစောင့်နှစ်ယောက်ကို ထိုလူ့အား အထဲ၀င်မလာစေရန် စောင့်ခိုင်းထားလိုက်သည်။
“ ဟုတ်ကဲ့၊ နားလည်ပါပြီ “ အစောင့်များက ချွေးစေးများ ထွက်လာပြီး ရဲ့ချန်ကို ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
ရဲ့ချန်က အဘိုးရှားတျန်၏ အိမ်ထဲသို့ ပြန်လှည့် ၀င်လာခဲ့သည်။
အထဲတွင် ရှားချင်ယု နှင့် ရီအန်းတို့က အဘိုးရှားတျန်ကို သတိရအောင် ပြုစုပေးနေကြသည်။ သူတို့နှစ်ယောက်က အဘိုးရှားတျန်၏ အခြေအနေနှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေဟန် ရ၏။
“ ခင်ဗျားတို့နှစ်ယောက် ဘေးဖယ်၊ ကျုပ် အဘိုးရှားတျန်ကို စစ်ဆေးလိုက်ဦးမယ် “ ရဲ့ချန်က အမျိုးသမီးနှစ်ယောက်ကို အဝေးတွင် နေရန် ပြောလိုက်သည်။ သို့မှသာ သူက အဘိုးရှားတျန်ကို ကုသပေးနိုင်မည် မဟုတ်ပါလား။
“ ရဲ့ချန်၊ နင် ငါ့အဘိုးကို ကုသပေးနိုင်လား၊ နင်သာ ငါ့အဘိုးကို ကုသ ပေးနိုင်မယ်ဆိုရင် နင် တောင်းဆိုတာ ဘာဖြစ်ဖြစ် ငါ လိုက်လျောပေးမယ် “ ရှားချင်ယုက ရဲ့ချန်၏လက်မောင်းကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
“ ငါ စမ်းကြည့်လိုက်ဦးမယ် “ ရဲ့ချန်က ရှားတျန်၏အနီးသို့ လျှောက်လာသည်။
ရှားချင်ယု နှင့် ရီအန်းက ရဲ့ချန်ကို ကောင်းကောင်း ကုသနိုင်စေရန် ဘေးတွင် ရပ်ပေးနေခဲ့သည်။
ရဲ့ချန်က အဘိုးရှားတျန်၏ သွေးခုန်နှုန်းကို အရင်ဆုံး စစ်ဆေးလိုက်၏။
“ ရဲ့ချန်၊ ငါ့အဘိုးရဲ့ အခြေအနေက ဘယ်လိုလဲ၊ သူ့ကို ကုသနိုင်သေးလားဟင် “ ရှားချင်ယုက အဘိုးဖြစ်သူ၏ အခြေအနေကို မေးမြန်းလိုက်၏။
“ ရှူး … မညံနဲ့၊ ငါ အေးအေးဆေးဆေး အလုပ်လုပ်ပါရစေ “ ရဲ့ချန်က ရှားချင်ယုကို တိတ်တိတ်နေရန် ပြောလိုက်သည်။
ရှားချင်ယုက သူမ၏ပါးစပ်ကို ချက်ချင်း ပိတ်လိုက်၏။
ရဲ့ချန်က အပ်အနည်းငယ်ကို ထုတ်ယူပြီး ရှားတျန်၏ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးတွင် ထိုးစိုက်လိုက်၏။ ထို့နောက် ရဲ့ချန်က သူ၏စွမ်းအင်ကို အသုံးပြုပြီး သွေးလည်ပတ်မှုများကို ချောမွေ့အောင် ပြုလုပ်ပြီး သွေးကြောထဲတွင် ပိတ်နေသည့် အညစ်အကြေးများကို ဖယ်ရှားပေးလိုက်၏။
ရဲ့ချန်၏ အပ်များထဲက ဟောင်းလောင်းပေါက် အပ်အချို့ဆီမှ အရည်များ စိမ့်ထွက်လာတော့သည်။ ယင်းသည် အဘိုးရှားတျန်၏ သွေးကြောများထဲတွင် ပိတ်ဆို့နေသည့် အညစ်အကြေးများ ဖြစ်ပေသည်။
အညစ်အကြေးများ အားလုံးကို ရှင်းလင်းပြီးနောက် ရဲ့ချန်က သူ၏အပ်များကို ပြန်နှုတ်ယူလိုက်သည်။
ထို့နောက် အဘိုးရှားတျန်၏ နှလုံးရောဂါကို ကုသရန် ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဆေးက ခန္ဓာကိုယ်အတွင်းပိုင်းက အစိတ်အပိုင်းများကို ကုသနိုင်သည့် ဆေးလုံးဖြစ်သည်။ ဒဏ်ရာက အလွန် မပျင်းထန် နေသရွေ့ ၎င်း၏အာနိသင်က လျင်မြန်စွာ အလုပ်လုပ်နိုင်ပေသည်။
ရဲ့ချန်က ထိုဆေးလုံးကို အဘိုးရှားတျန်၏ ပါးစပ်ထဲသို့ ချက်ချင်း ထည့်လိုက်သည်။ ဆေးလုံးကို မြိုချနိုင်အောင် ကူညီပေးပြီးနောက် အစွမ်းပြလာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ကျန်ရှိတော့သည်။
အခြားတစ်ဖက်တွင် ရှားချင်ယု နှင့် ရီအန်းတို့ကလည်း စိတ်ရှည်လက်ရှည် စောင့်စားနေပေသည်။ သို့သော် သူမတို့က အဘိုးရှားတျန်ကို ကုသနေသည့် ရဲ့ချန်ကို အနှောက်အယှက် ဖြစ်မည်စိုးသောကြောင့် အသံပင် မထွက်ဝံ့ပေ။
အဘိုးရှားတျန်က သူ၏မျက်လုံးကို ဖွင့်လိုက်သည်။ သူသည် သူ၏ရှေ့တွင် ရဲ့ချန်၊ ရှားချင်ယု တို့နှင့်အတူ ရီအန်းလည်း ရှိနေကြောင်း မြင်လိုက်ရ၏။ “ ငါ ဘယ်ရောက်နေတာလဲ “ ရှားတျန်က ပြည့်ပြည့်၀၀ သတိလည် မလာသေးပေ။ သူက သူ့ကိုယ်သူ သေဆုံးသွားပြီဟု ထင်နေခဲ့သည်။
“ ဘိုးဘိုး … “ ရှားချင်ယုက ရှားတျန်၏ဘေးသို့ ချက်ချင်း ပြေးလာတော့သည်။ သူမက အဘိုးဖြစ်သူ၏ အခြေအနေကို အလွန်တရာ စိုးရိမ်နေသည် မဟုတ်ပါလား။
“ စိတ်အေးအေး ထားပါကွယ်၊ ဘိုးဘိုး နေကောင်းပါတယ် “ အဘိုးရှားတျန်က ရှားချင်ယု၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း စိတ်အေးအေးထားရန် ပြောလိုက်သည်။
“ ယောက္ခမ၊ မသက်မသာ ဖြစ်နေတဲ့ နေရာတွေ ရှိနေသေးလား “ ရီအန်းက ရှားတျန်၏ အခြေအနေကို မေးမြန်းလိုက်၏။
“ ငါ တအား ကျန်းမာပြီး လန်းဆန်းနေတယ်လို့ ခံစားနေရတယ်၊ ပြီးတော့ ငါ့ကိုယ်ငါ အသက်တွေ ပြန်ငယ်သွားသလို ခံစားနေရတယ် “ ရှားတျန်သည် သူ၏ခန္ဓာကိုယ်က အလွန်တရာ ကျန်းမာ သန်စွမ်းနေပြီး ယခင်ကနှင့် မတူတော့ကြောင်း ပြောလိုက်သည်။
“ အဘိုးရှားတျန် ဘာဖြစ်လို့ မတ်တပ်ထရပ်ပြီး လမ်းလျှောက်ကြည့်ဖို့ မကြိုးစားတာလဲ “ ရဲ့ချန်က အဘိုးရှားတျန်ကို သာမန်လူကဲ့သို့ လမ်းလျှောက်ကြည့်ရန် ပြောလိုက်သည်။
“ ငါ စမ်းကြည့်မယ် “ အဘိုးရှားတျန်က လမ်းမလျှောက်ရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။ ထို့ကြောင့် လမ်း မည်သို့ လျှောက်ရမည်မှန်းပင် မေ့လျော့လုနီးနီး ဖြစ်နေပြီး ဖြစ်၏။
ရှားချင်ယုက အဘိုးရှားတျန်ကို မတ်တပ်ထရပ်ရန် ဖေးမပေးလိုက်သည်။ အဘိုးရှားတျန်သည် သူ၏ခြေထောက်တို့က မတုန်မယင်ဘဲ မတ်တပ်ရပ်နိုင်သောအခါ ခြေလှမ်းတစ်လှမ်း လှမ်းကြည့်ရန် ကြိုးစားလိုက်၏။ သို့သော် သူ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ မည်သည့်အရာမျှ ဖြစ်မသွားပေ။ အဘိုးရှားတျန်သည် သူ့ကိုယ်သူ သာမန်လူအတိုင်း လမ်းလျှောက်နိုင်သည်ဟု ခံစားလိုက်ရ၏။
အဘိုးရှားတျန်သည် ပျော်ရွှင်မှုအရသာကို ခံစားလိုက်ရ၏။ သူသည် သူ၏ခန္ဓာကိုယ်က အမှန်တကယ် ကျန်းမခြင်း ရှိမရှိ သေချာသိရှိစေရန် အခန်းပတ်ပတ်လည်သို့ လမ်းလျှောက်ကြည့်လိုက်သည်။ ခြေလှမ်းအတော်များများ လှမ်းပြီးနောက် သူ၏ခန္ဓာကိုယ်က သာမန်လူအတိုင်း ဖြစ်နေပြီး မည်သည့် ပြဿနာမျှ မရှိကြောင်း ခံစားလိုက်ရ၏။
သူ၏ခန္ဓာကိုယ်က အမှန်တကယ် မည်သို့ ဖြစ်သွားသနည်း။ သူ၏ခန္ဓာကိုယ်က ငယ်ရွယ်စဉ် အချိန်က ပုံစံလို အဘယ်ကြောင့် ရုတ်ချည်း ပြန်ဖြစ်သွားရသနည်း။ ရှားတျန်၏စိတ်ထဲတွင် မေးခွန်းများ ပြည့်နက်နေတော့သည်။
ထိုအံ့သြဖွယ်ရာ အဖြစ်အပျက်ကို ကြည့်ရင်း ရှားချင်ယု နှင့် ရီအန်းတို့ မှင်သက်မိနေကြ၏။ သူတို့သည် ရဲ့ချန်၏ ဆေးကုသမှု စွမ်းရည်က အင်မတန် ကြီးကျယ်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ချေ။
ဒေါက်တာ အမြောက်အမြားပင် အဘိုးရှားတျန်ကို ကုသရာတွင် အရှုံးပေးခဲ့ရ၏။ တစ်ချိန်တည်းမှာပင် ရဲ့ချန်ကတော့ အဘိုးရှားတျန်၏ရောဂါကို ကုသရန် မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ပေသည်။ ယင်းသည် အမှန်အကန် အံ့အားသင့်ဖွယ် ကောင်းသည့် ကိစ္စ ဖြစ်ပေသည်။
ရဲ့ချန်ပြသခဲ့သည့် စွမ်းရည်သည် ဤမြို့၏အကောင်းဆုံး ဆရာ၀န် အဆင့်၏အထက်တွင်ပင် ရှိပေသည်။
“ ချင်းယု၊ ငါသတိလစ်သွားတုန်းက ဒီမှာ ဘာတွေ ဖြစ်သွားတာလဲ “ အဘိုးရှားတျန်က ထိုကိစ္စကို သိချင်စိတ် ပြင်းပြနေ၏။ သူက အဘယ်ကြောင့် ဤကဲ့သို့ ပြန်ကောင်းလာရသနည်း။
“ ဒါက … ဘိုးဘိုး၊ ဘိုးဘိုးကို ကုသပေးတဲ့သူက ရဲ့ချန်ပါ “ ရှားချင်ယုသည် ဆေးကုသပေးသူက ရဲ့ချန်ဖြစ်ကြောင်း ပြေပြလိုက်၏။
“ ဟဟဟ … အရမ်းကောင်းတယ်၊ မင်းရဲ့အစွမ်းက ရဲ့ဟန်ထက်တော့ လုံး၀ မနိမ့်ပါလားကွ ဟေ “ အဘိုးရှားတျန်က ရဲ့ချန်၏ကျောကို ပုတ်ပြီး စိတ်လိုလက်ရ ချီးကျူးလိုက်လေသည်။
“ အဘိုးရှားတျန်က ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ၊ ကျွန်တော့်ရဲ့စွမ်းရည်က အဆင့်တစ်ခုထိ ရောက်ဖို့ အဝေးကြီး လိုပါသေးတယ် “ ရဲ့ချန်က ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
“ ဟဟဟ … ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ငါ သဘောပေါက်ပါပြီ၊ မင်းက အရည်အချင်း မရှိတဲ့အပြင် သနားစရာလည်း ကောင်းတယ် ဟုတ်ပြီလား “ အဘိုးရှားတျန်သည် ရဲ့ချန်က ကြွားဝါတတ်သူ မဟုတ်ကြောင်း သိလိုက်သည်။
“ သြော် … ဟုတ်သားပဲ၊ ငါရဲ့သားမိုက်ရော ဘယ်ရောက်သွားပြီလဲ “ အဘိုးရှားတျန်က ရှားဝူလျမ်းအား ချက်ချင်း မေးမြန်းလိုက်သည်။ သူ့တွင် ဤပြဿနာကို အဖြေထုတ်ရမည့် ကိစ္စက ရှိနေသည် မဟုတ်ပါလား။
“ ရဲ့ချန်၊ နင် ငါ့အဖေကို ဘယ်ကို ပို့ပစ်လိုက်တာလဲ “ ရှားချင်ယုသည် အဘိုးဖြစ်သူကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သည့် ဖခင်ဖြစ်သူကို စိတ်ဆိုးနေဆဲပင် ရှိသေး၏။
“ ငါ သူကို့ ခြံပေါက်၀ဆီ လွင့်ပစ်လိုက်တာ၊ မင်းတို့ သူကို အပြင်မှာ တွေ့နိုင်တယ် “ ရဲ့ချန်က ရှားဝူလျမ်းကို ခြံ၀သို့ လွင့်ပစ်ပြီး အစောင့်များကို စောင့်ကြည့်ခိုင်းထားသောကြောင့် သူက အထဲ၀င်ခွင့် မရသေးပေ။
“ သူ့ကို သွားကြည့်ရအောင်၊ ငါ အဲကောင်ကို ထိုက်တန်တဲ့ သင်ခန်းစာတစ်ခု ပေးဖို့ မထိဘူးဆိုရင် သူက ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ဘူး “ အဘိုးရှားတျန်သည် သားဖြစ်သူကို ပြောင်းလဲသွားစေရန် သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
အဘိုးရှားတျန် နှင့် ရီအန်းတို့က အိမ်ထဲက ထွက်ပြီး ခြံ၀င်းထဲသို့ လျှောက်သွားကြသည်။
ရဲ့ချန်သည်လည်း ရှားဝူလျမ်းကို မည်သို့ သင်ခန်းပေးမည်နည်းဟု သိချင်စိတ် ဖြစ်လာပြီး နောက်က လိုက်သွားရန် ပြင်လိုက်သည်။
“ ရဲ့ချန်၊ ခဏ နေခဲ့ဦး “ ရှားချင်ယုက ရဲ့ချန်ကို တားထားလိုက်သည်။
“ ဘာကိစ္စ ရှိလို့လဲ “ ရဲ့ချန်သည် ရှားချင်ယုက သူ့ကို တားဆီးနေသောကြောင့် တအံ့တသြ ဖြစ်သွားလေသည်။
“ ငါ့ရဲ့အဘိုးကို ကုသပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်၊ ငါ နင့်ကို အကြွေးအကြီးကြီး တင်သွားပြီ “ ရှားချင်ယုသည် အလွန်တရာ ရိုးသားသည့် ပုံဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ရှားချင်ယု၏ အသံကာလာကလည်း အလွန်တရာ နူးညံ့ချိုသာ နေ၏။ သူမက ယခင်ကလို အေးစက်မနေတော့ပေ။
“ ဟီဟီဟီ … မင်း အစောက ပြောခဲ့တဲ့စကားအတိုင်း ဖြည့်ဆည်းပေးမယ်လို့ ငါ မျှော်လင့်ပါတယ် “ ရဲ့ချန်က တခွိခွိ ရယ်မောနေ၏။ သူက အဘိုးရှားတျန်ကို ကုသပေးနိုင်လျှင် မည်သည့်အရာကို မဆို ဖြည့်ဆည်းပေးမည်ဟု ပြောခဲ့သည့် ရှားချင်ယု၏စကားကို မှတ်မိနေသေးသည် မဟုတ်ပါလား။
ထိုစကားကို ကြားပြီးနောက် ရှားချင်ယု၏မျက်နှာက အနီရောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူမ ပြောခဲ့သည့် ကတိစကားကို ရဲ့ချန်က မှတ်မိနေမည်ဟု လုံး၀ မျှော်လင့်မထားခဲ့ချေ။ “ ငါ့မှာ အဲစကားအတွက် ငြင်းစရာ မရှိပါဘူး၊ ငါ့ရဲ့ကတိအတိုင်း ငါလုပ်ပေးမှာပါ “
“ ကောင်းပြီလေ၊ ဒီတော့ ငါလည်း တည့်တည့်ပဲ ပြောတော့မယ်၊ မင်းကို ငါ့မိန်းမ ဖြစ်စေချင်တယ် “ ရဲ့ချန်က ရှားချင်ယု၏ သေးကျဉ်းသည့် ခါးလေးကို ပွေ့ဖက်လိုက်တော့သည်။
ရှားချင်ယုသည် ရဲ့ချန်က ဤသို့သော စကားမျိုးကို ပြောထွက်ရဲလိမ့်မည်ဟု လုံး၀ ထင်မှတ်မထားခဲ့ပေ။ သူမ၏စိတ်ထဲတွင် အဖြေတစ်ခုကို ဆုံးဖြတ်ရန် ဇဝေဇ၀ါ ဖြစ်နေသေးသည်။ သို့သော် သူမက ရဲ့ချန်ကို စတင် နှစ်သက်နေပြီမှာ သေချာနေပြီ ဖြစ်၏။
“ ဒီတော့ မင်း ဆန္ဒရှိလား မရှိဘူးလား “ ရှားချင်ယုက ပြန်မဖြေသောကြောင့် ရဲ့ချန်က ထပ်မံ မေးလိုက်၏။
ရှားချင်ယုက စကားပြန်မပြောလဲ ရဲ့ချန်ကို ခေါင်းလေးသာ ညိတ်ပြလိုက်လေသည်။ ထို့နောက် ရှားချင်ယုခမျာ အလွန်တရာ အရှက်သည်းသွားပြီး ရဲ့ချန်၏ရင်ခွင်ထဲသို့ ဦးခေါင်းလေး တိုး၀င်ပြီး ရင်ဘတ်ကျယ်ကြီးကို ထွေးဖက်လိုက်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now