အခန်း (၆၃) ချောင်ကျင်ရှမ်း

330 18 0
                                    

နောက်ဆုံးမှာတော့ ရဲ့ချန်နှင့် ချောင်ယမ်ယမ်တို့လည်း စာသင်ခန်းထဲသို့ ရောက်လာကြသည်။ " ယမ်ယမ်... ဒါပြီးရင် နင် ဘာလုပ်စရာ ရှိသေးလဲ " ရဲ့ချန်​က မေးလိုက်သည်။

ချောင်ယမ်ယမ် " မမယွဲ့ချန်နဲ့ လေ့ကျင့်ခန်းတွေ သွားလုပ်မယ်လို့ စိတ်ကူးထားတယ်။ နင် သိလား... သံစဉ်နတ်ဖုရားမ ကျင့်စဉ်ကို ငါ လေ့လာပြီးတဲ့နောက်မှာ ဂီတတူရီယာတွေ တီးခက်တဲ့စွမ်းရည်က အတော်လေး တိုးတက်လာတယ် "

ချောင်ယမ်ယမ်က တူရိယာတီးသော နာမည်ကျော်များကို အလွန် အားကျခဲ့ရသည်။ ထို့ကြောင့် သူမက သံစဉ်နတ်ဖုရားမ ကျင့်စဉ်အား လေ့ကျင့်သည့်အခါ အတော်လေး စိတ်အားထက်သန်လျှက် ရှိနေသည်။

" ယမ်ယမ်... ငါ့မှာ နင့်ကိုပေးဖို့ လက်ဆောင်တစ်ခု ရှိတယ် " ရဲ့ချန်က ဆေးပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်သည်။ ပုလင်းထဲတွင် ယန်ချီစုပ်ယူရာတွင် အရှိန် မြင့်တင်နိုင်စွမ်းရှိသော ဝိညာဉ်စုပ် အမည်ရှိသည့် ဆေးလေးလုံး ပါရှိလေသည်။

" ယောက်ျား... ဒီဆေးတွေက ငါ့အတွက် မလိုအပ်ပါဘူးဟာ။ နင့်အတွက် နင်ပဲ သုံးစမ်းပါ။ နင် မနေ့က ပေးထားတဲ့ ချဉ်ဆီသန့်စင်ဆေးတွေတောင် ငါ မသုံးရသေးဘူး " ထိုဆေးတွေဟာ ရဲ့ချန်အတွက်ဆို ပိုမို အသုံးဝင်လိမ့်မည်ဟု ထင်သောကြောင့် ချောင်ယမ်ယမ်က ငြင်းပယ်လိုက်သည်။

" ရိုးရိုးသားသားပြောရရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အတော်လေး မြင့်နေတဲ့အတွက် ဒီဆေးတွေက ငါ့အတွက် ဘာမှ အသုံးမဝင်တော့ဘူး။ ဒါပေမယ့် နင့်အတွက်တော့ အရမ်း အသုံးဝင်တယ်လေ " ရဲ့ချန်က ချောင်ယမ်ယမ့်အား ဆေးလုံးများအား လက်ခံဖို့ တွန်းအားပေးနေတော့သည်။

ချောင်ယမ်ယမ်လည်း မတက်သာတော့ဘဲ ဆေးလုံးများကို လက်ခံလိုက်ပြီး သူမ​၏အိတ်ထဲသို့ ထည့်လိုက်တော့သည်။

" ဟုတ်သားပဲ... နင့်အတွက် နောက်ထပ် လက်ဆောင်တစ်ခု ရှိသေးတယ်။ နင့်လက် ရှေ့ထုတ်လိုက် "

ချောင်ယမ်ယမ်လည်း လိမ်လိမ်မာမာနှင့် သူမ​၏လက်ကို ရှေ့ထုတ်ပေးလိုက်သည်။ ထို့နောက် ရဲ့ချန်ဟာ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ပြီး ချောင်ယမ်ယမ်​၏လက်ခလယ်တွင် စွပ်ပေးလိုက်တော့သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now