စွေ့ချီဟာ ရဲ့ချန်လို ပုံစံမျိုးကို အမှန်ပင် နှစ်သက်ပေသည်။ သို့သော် သူဟာ သာမန်ဝင်ငွေသာရှိသော သူတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ရဲ့ချန်အား ငြင်းဆန်လျှင် အနာဂတ်မှာ သူ့သမီးက လက်မခံနိုင်ဖြစ်မည်ကို သူမ စိုးရိမ်မိပါသည်။
မိဘတိုင်းကတော့ သူတို့၏သမီးကို ဆင်စီးပြီး မြင်းရံမည့်အဖြစ်အား လိုချင်ကြသည်။ သို့သော် ယခုအချိန်တွင်တော့ စွေ့ချီခမျာ ရွေးချယ်ရခက်နေသည်။ ရဲ့ချန်က အနာဂတ်တွင် တိုးတက်လာမည်ဆိုလျှင်တော့ သူမက မုချ သူတို့နှစ်ဦးအား လက်ထပ်ပေးလိုက်မည် ဖြစ်သည်။
ဟူဂျီးအား ပထမဆုံး စတွေ့တုန်းက လင်းရို့ချီ၏သဘောထားက သိပ်မဆိုးပေ။ သို့သော် ရဲ့ချန်အား နှိမ့်ချပြောဆိုပြီးနောက် ထိုလူ့အပေါ်သဘောထားတွေက သိသိသာသာ ကွဲပြားသွားလေသည်။ ရဲ့ချန်ဟာ သဘောထားကြီးသော ယောက်ျားတစ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် သူဟာ ဟူဂျီးထက် အဆင့်အတန်း ပိုရှိပေသည်။
စေ့ချီ " အို့... ဟုတ်သားပဲ။ ဟူဂျီး... မင်းရဲ့အဖေကရော ဘာလုပ်ငန်းတွေများ လုပ်လဲ " သူမက ဟူဂျီးဖခင်၏အလုပ်ကို မေးမြန်းသည်။
ဟူဂျီး " အန်တီ... ကျွန်တော့်အဖေရဲ့စီးပွားရေးလုပ်ငန်းက အင်မတန် တိုးတက်နေတဲ့ လုပ်ငန်းကြီးပါ။ အဲ့ဒီ့ကနေ လစဉ် ဒေါ်လာသန်းပေါင်းများစွာ အမြတ်ရရှိပါတယ် " ဟူဂျီးက နောက်ထပ်တဖန် ချမ်းသာမှုနှင့် ကြွားလုံးထုတ်နေသည်။
ဟူဂျီးက ရဲ့ချန်အား စိုက်ခနဲ့ ကြည့်လိုက်ပြီး လင်းရို့ချီကိုလည်း ထပ်မံ ကြည့်လိုက်သည်။ သူတို့နှစ်ဦးဟာ စကားများကိုပဲ စိတ်အားထက်သန်စွာ ပြောနေကြသည်။ သူပြောသည့်စကားများကို နားထောင်သည့်ပုံ မပေါ်ပေ။ ယင်းက ဟူဂျီးအား ဝမ်းနည်းသွားစေသည်။ သူတို့နှစ်ဦးဟာ သူ့အား အဖက်ပင် မလုပ်ပေ။
သာမန်အားဖြင့် လူတော်တော်များများဟာ ဟူဂျီး၏ ချမ်းသာမှုအား ထုတ်ဖော်ပြောကြားလိုက်သည်နှင့် တအံ့တဩဖြစ်ကြရပြီး သူနှင့် နီးကပ်ရန် တက်နိုင်သလောက် ကြိုးစားကြတော့သည်။
ရုတ်တရက် မစ်စွေ့ချီက အစားအစာတွေ ရောက်လာပြီဖြစ်ကြောင်း သတိပေးလိုက်သည်။ ထိုအခါမှသာ ဟူဂျီး၏ ကို့ယို့ကားယားနှင့် ရှက်ဖွယ်ဖြစ်နေမှုများက ပြေလျော့သွားလေသည်။
JE LEEST
နတ်ဘုရားတို့ လျှောက်သောလမ်း Part-1
Fantasyသူက ရွာငယ်လေး တစ်ရွာမှာ အဘိုးဖြစ်သူနဲ့အတူ နေထိုင်တယ်။ သူ့ဘဝက သာမန် လူငယ်လေး တစ်ယောက်နဲ့ အတူတူပဲ။ ဒါပေမဲ့ သူ့အဘိုး ကွယ်လွန်သွားတော့ သူ့ဘဝက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ့ကို စောင့်ရှောက်မယ့်သူ ဘယ်သူမှ မရှိတော့တာကြောင့် ဘဝကို အမှီအခိုကင်းကင်းနဲ့ နေထိုင...