အခန်း (၉၆) ဓာတ်ပုံတစ်ပုံလောက်

257 16 0
                                    

" ဖျော်ဖြေ တင်ဆက်သွားတာက အရမ်းမိုက်တာပဲ " ရဲ့ချန်က ချောင်ယမ်ယမ်နှင့် ဖန်းရွှယ်တို့ကို ချီးကျူးလိုက်သည်။

" ဒါက ချောင်ယမ်ယမ့်ကို ကျေးဇူးတင်ရမယ်၊ သူမ ဗျက်စောင်းတီးတာက အရမ်းမိုက်တယ်လေ "

ချောင်ယမ်ယမ်တစ်ယောက် ဖန်းရွှယ်က သူမကို မကြာခဏ ချီးကျူးနေသည့်အတွက် အလွန်တရာ အရှက်သည်းနေတော့သည်။

" ဖန်းရွှယ် ကျွန်မ ရှင်နဲ့ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလား " ချောင်ယမ်ယမ်က ဓာတ်ပုံတစ်ပုံ ရိုက်ရန် တောင်းဆိုလိုက်သည်။

" ကိစ္စ မရှိပါဘူး... " ဖန်းရွှယ်က ခေါင်းညိတ် သဘောတူလိုက်သည်။

" ရဲ့ချန် ငါတို့ကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါ " ချောင်ယမ်ယမ်က ရဲ့ချန်ကို ခေါ်လိုက်သည်။

ရဲ့ချန် " ယမ်ယမ်... ငါလည်း နင်တို့နဲ့ အတူ ရိုက်လို့ မရဘူးလား "

" ဒါဆို ငါတို့ တခြားလူကို ရိုက်ခိုင်းရတော့မယ်၊ လာ... သွားရအောင် " ချောင်ယမ်ယမ်က ရဲ့ချန်ကို ဒရွတ်တိုက် ဆွဲခေါ်လာတော့သည်။

ရဲ့ချန်ခမျာ အကူညီ ကင်းမဲ့စွာဖြင့် ချောင်ယမ်ယမ်​၏ဆွဲခေါိရာသို့ ယက်ကန် ယက်ကန် ပါလာတော့သည်။

ချောင်ယမ်ယမ်က ဓာတ်ပုံရိုက်ရန်အတွက် သူမ​၏ဖုန်းကို ထုတ်ယူလိုက်သည်။ ကံမကောင်းစွာပင် ချောင်ယမ်ယမ်​၏ဖုန်းက ဓာတ်ပုံ ရိုက်၍ မရတော့ပေ။

" ဟာ... ငါ မနေ့ညက အားသွင်းထားဖို့ မေ့နေတာပဲ " ချောင်ယမ်ယမ်က သူမဖုန်းကို အားသွင်းရန် မေ့နေသည်ကို ပြန်လည် အမှတ်ရသွားလေသည်။

" ရဲ့ချန်... နင့်ဖုန်း ငါ့ကိုပေး " ချောင်ယမ်ယမ်က ဓာတ်ပုံရိုက်ရန်အတွက် ရဲ့ခန်​၏ဖုန်းကို တောင်းယူလိုက်သည်။

ရဲ့ချန်က သူ့ဖုန်းကို ထုတ်ယူပြီး ချောင်ယမ်ယမ့်ကို ပေးလိုက်သည်။

" ငါတို့ကို ဓာတ်ပုံရိုက်ပေးဖို့ တစ်ယောက်ယောက်ကို အကူညီတောင်းရအောင် " ချောင်ယမ်ယမ်က အနီးဝန်းကျင်သို့ သူမတို့ကို ကူညီနိုင်မည့် လူတစ်ဦးကို ရှာဖွေလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now