အခန်း (၅၂) ယောက္ခမနှင့် တွေ့ဆုံခြင်း

320 27 0
                                    

လင်းရို့ချီက ရဲ့ချန်ကို အမျိုးသမီးအဆောင်ထဲမှ အတင်း လမ်းမပေါ်သို့ ဆွဲခေါ်လာသည်။

လင်းရို့ချီ " ရဲ့ချန်... တက္ကစီတစ်စီးလောက် တားလိုက်စမ်းပါ "

သူမက သူမ​၏အမေ တည်းခိုသော ဟိုတယ်သို့ တက္ကစီဖြင့် သွားရန် စီစဉ်ထားပုံပေါ်သည်။

ရဲ့ချန် " ဆရာမ... ကျွန်တော် ကားဝယ်ထားပြီ။ လာ... ကျွန်တော့်ကားကို လိုက်စီးကြည့် " ရဲ့ချန်လည်း သူမအား ကားဆီသို့ ခေါ်လာသည်။

လင်းရို့ချီ " အဆင်ပြေတာပေါ့ " ထို့နောက် သူမက ရဲ့ချန်နောက်သို့ လိုက်လာတော့သည်။ ကားပါကင်တွင် အမျိုးသားအဆောင်၌နေသော ချမ်းသာသော ကျောင်းသာများ​၏ တန်ဘိုးကြီးကားများ များစွာ ရှိပေသည်။

ရဲ့ချန်က ကားပါကင်တွင်ရှိသော အလန်းဆုံးကားများထဲမှ သိသာထင်ရှားလှသော ကားတစ်စီးဆီသို့ ဦးတည်သွားနေသည်။

ထို့နောက် သူက အလွန် လှပသော ပြိုင်ကားတစ်စီးအနားသို့ ရောက်ရှိလာပြီး ရီမုဖြင့် ကားလော့ကို ဖွင့်လိုက်သည်။

လင်းရို့ချီတစ်ယောက် ရဲ့ချန်မှာ ဤကဲ့သို့ ဇိမ်ခံပြိုင်ကားတစ်စီး ရှိနေသောကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ ရဲ့ချန်​၏ နောက်ခံကို သိရှိရန် ကျောင်းအုပ်ကြီးကိုယ်တိုင် လက်ခံထားသော မှတ်တမ်းများထဲတွင် သူ​၏နောက်ခံက သာမန်မိသားစုသာ ဖြစ်သည်။ သူဟာ ဤမြို့တွင် ဆွေမျိုးညာတိ မရှိဘဲ တစ်ဦးတည်းနေထိုင်သောသူ ဖြစ်သည်။

သို့သော် ယခုတွင်တော့ ရဲ့ချန်​၏ပိုင်ဆိုင်မှုဟာ မှတ်တမ်းထဲကနှင့် လုံးဝ မတူညီတော့ပေ။

လင်းရို့ချီ " ရဲ့ချန်... ဒါက နင့်ကားလား " သူမက ရဲ့ချန်တွင် ထိုကဲ့သို့ ကားမျိုးရှိသည်ဆိုတာ ယခုထိ မယုံကြည်သေးပေ။

" ဟုတ်တယ်... ဒါ ကျွန်တော့်ကား။ ဒီနေ့ ရောင်းသူတစ်ယောက်ဆီက ပြန်ဝယ်လာတာလေ " ရဲ့ချန် ပြန်ဖြေလိုက်သည်။

လင်းရို့ချီ " ရဲ့ချန်... နင် ဒီလိုကားမျိုးရအောင် ဘယ်လို အလုပ်တွေများ လုပ်နေတာလဲ "

" အသီးရောင်းတာလေ.. " ရဲ့ချန်က အလွန် ရိုးသားသောဟန်ဖြင့် ပြန်ဖြေလိုက်သည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now