အခန်း (၁၂၇) တံခါးမကြီး ခြောက်ခု အဖွဲ့အစည်း၏ ထိပ်တန်း အကြီးအကဲများ

255 15 0
                                    

" မစ် လော့ဘင် ခင်ဗျား လုံခြုံရဲ့လား " တံခါးမကြီးခြောက်ခု အဖွဲ့အစည်း​၏ အဖွဲ့ဝင်တစ်ဦးက လော့ဘင်အနား ရောက်လာပြီး မေးလိုက်​၏။

" ဟုတ်ကဲ့ ကျွန်မ အန္တရာယ် ကင်းပါတယ်၊ ရှင်ရော ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ " လော့ဘင်သည် တံခါးမကြီးခြောက်ခု အဖွဲ့အစည်း​၏ အဖွဲ့ဝင် အကြီးအကဲများ အဘယ်ကြောင့် ရောက်လာမှန်း မေးလိုက်​၏။

" ဒီနေရာမှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေတယ်လို့ အကြောင်းကြားလိုက်လို့ ကျုပ်တို့ ရောက်လာတာ၊ ဒီကို ခေါင်းဆောင်တို့တောင် ရောက်လာသေးတယ် " ထိုလူက လော့ဘင်ကို အသေးစိတ် ရှင်းပြလိုက်သည်။

" ကျွန်မ သိပြီ၊ ခေါင်းဆောင်တို့ ဘယ်မှာလဲ၊ ကျွန်မ သူတို့နဲ့ သွားတွေ့လိုက်ဦးမယ် " လော့ဘင်က ခေါင်းဆောင်တို့ ရှိသော နေရာကို မေးမြန်းလိုက်​၏။

" ခေါင်းဆောင်တို့က အနောက်ဘက် ဆယ်မိုင်လောက်မှာ ရှိတယ်၊ ခင်ဗျား အဲ့ဒီ့နေရာမှာ သူတို့ကို တွေ့နိုင်တယ် " ထိုလူက ခေါင်းဆောင်တို့ ရှိသော နေရာကို ပြောပြလိုက်​၏။

လော့ဘင်က ရဲ့ချန်ကို လှည့်ကြည့်လိုက်သည်။ သို့သော် သူမ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရဲ့ချန်ကို မတွေ့ရတော့ချေ။

" ဟင် သူ ဘယ်ထွက်သွားတာလဲ " လော့ဘင်က ရဲ့ချန်ကို ပတ်ပတ်လည် လှည့်ရှာလိုက်သည်။

" နင်တို့ သူဘယ်ထွက်တာလဲ မြင်လိုက်လား " လော့ဘင်က သူမ နောက်က မိန်းကလေးတချို့ကို မေးလိုက်​၏။

ထိုအခါမှ ဖန်းရွှယ်လည်း ရဲ့ချန် ပျောက်သွားမှန်း သတိထားမိလိုက်သည်။ " မသိဘူး " မိန်းကလေးအားလုံးက လော့ဘင်ကို တညီတညွတ်တည်း အဖြေပေးလိုက်​၏။

ရဲ့ချန်ကို ရှာမတွေ့သောကြောင့် လော့ဘင်က ခေါင်ဆောင်များနှင့် သွားတွေ့ရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။

မိနစ်ပိုင်းအတွင်း လော့ဘင်သည် ရဲ့ချန်နှင့်ပေါင်မန်တို့​၏ တိုက်ပွဲကွင်းပြင် နေရာသို့ ရောက်လာခဲ့သည်။ လော့ဘင်သည် ထိုနေရာသို့ ရောက်လာသောအခါ ဧရာမချိုင့်ဝှမ်းကြီးတစ်ခုကို မြင်လိုက်ရ​၏။ တောင်ကုန်းများနှင့် သစ်ပင်များကလည်း မွစာကြဲနေပြီး ဤနေရာတွင် ဆိုးဝါးသော ထိခိုက် ပျက်စီးမှုများက မြင်မကောင်းအောင် ရှိနေသည်။

နတ်ဘုရားတို့ လျှောက်သောလမ်း Part-1Where stories live. Discover now