စာစဉ်(၁၅) ep201+202+203+204+205

1.1K 32 0
                                    

အပိုင်း ၂၀၁+၂၀၂

အပိုင်း(၂၀၁)ပို၍နီးကပ်လာသည်

လုချယ်နဲ့သူမ၏ကြားမှာ စည်းခြားထားသည့် အလွှာပါးလေးရှိနေသည်ကို မေ့‌လျော့နေခဲ့သည်။ လုချယ်က ခေါင်းကိုမော့လာပြီး သူ့နောက်မှာပြုံးကာ ငေးကြည့်နေသည့် လုံကျဲကိုသတိထားမိသွားသည်။

သူမ၏မျက်နှာပေါ်တွင်ဖြစ်ပေါ်နေသည့် စွဲလန်းသည့်အကြည့်ကြောင့် ကြက်သီးထလာသည်။ လုချယ်က လှည့်ကြည့်ကာမေးလိုက်သည်။

"ငါ့ကိုဘာလို့ ချောင်းကြည့်နေရတာလဲ"

သူမေးလိုက်သည့် မေးခွန်းကြောင့် လုံကျဲ၏စိတ်ဗလာကျင်းဖြစ်သွားပြီး မျက်နှာက နီရဲလာသည်။ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် သူမ၏ဦးခေါင်းကို ငုံ့ထားလိုက်သည်။

လုချယ်။ အရူးကောင် နင့်ရဲ့EQက နိမ့်လှချည်းလား။ ကိုးရိုးကားရားနိုင်တဲ့ မေးခွန်းမျိုးကိုမေးရလား။ ငါ့အတွက် အဆင်မပြေဘူးလေ။ နင့်ကိုချောင်းကြည့်တာ တကယ်ပဲအဆင်မပြေလို့လား။

လုံကျဲ၏နှလုံးသားကို အတွေးပေါင်းများစွာက လွှမ်းမိုးထားပြီး ယောက်ယက်ခတ်နေသည်။ သို့သော်လည်း လုချယ်နဲ့ ယခုလိုမျိုး အပြန်အလှန် စကားပြော နေခွင့်ရနေခြင်းသည် သူမအတွက်လုံလောက်မှုရှိနေပါပြီ။ တခြားဘာဆိုဘာမှ သူမ မမျှော်လင့်တော့ချေ။

ထိုအတွေးကြောင့် လုံကျဲက သူမ၏မျက်နှာကို နဂိုအတိုင်းဖြစ်အောင်ကြိုးစားလိုက်သည်။ ထို့နောက် ခေါင်းလေးကိုမော့လိုက်ပြီး ထျန်းနင်၏စာချုပ်များကို ဆက်လက်ကြည့်ရှုနေသည်။

သို့သော်လည်း သူမ၏စိတ်အာရုံတွင် ခန့်ညားချောမောသော မျက်နှာလေးကိုသာ မြင်ယောင်နေမိသည်။ ထိုစဉ် ခန့်ညားချောမောသော မျက်နှာလေးက သူမ၏အရှေ့ကို ရောက်ရှိလာ၍ လုံကျဲ တအံ့တဩဖြစ်သွားပြီး ခြေတစ်လှမ်း အနောက်ဆုတ်လိုက်သည်။

"နင် နင်ဒါဘာလုပ်တာလဲ"

"ငါ့မျက်နှာကို ကောင်းကောင်းမြင်ရအောင် နင့်ကိုသေချာကြည့်ခွင့်ပေးမလို့လေ။ ငါ့နောက်မှာ ငါ့ကိုချောင်းကြည့်နေတာ သိပ်ပြီးတော့အဆင်မပြေဘူး"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now