Ep 292+293+294

121 10 0
                                    

အပိုင်း(၂၉၂)

 
ဖန်ယွီ ပျာယာခတ်နေပါသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ဂုဏ်ပြု ညစာစားပွဲမှာ ရိုက်ကူးထားသော မို့ထင်တို့၏စုံတွဲ ဓာတ်ပုံကို ရှာဖွေမှု ထိပ်တန်းရောက်အောင် ကြိုးစားထားရသည်။ ထိုမှသာ သူတို့သခင်မ ထျန်းနင် ကြည်နူးနိုင်မည်။
 
 
သူတို့သူဌေးမို့ထင်က အချစ်ကျေးကျွန် ဖြစ်နေသနည်း။
 
 
"ဒါ့အပြင် ကျွန်တော်တို့ ဘာဆက်လုပ်ထား ရဦးမလဲ"
 
 
"အေဂျင်စီကိုယ်စား ကြယ်ဘုရင်ဖျော်ဖြေရေးကို ပြဿနာ မရှာဖို့ သတိပေးထား။ ပြဿနာ အားလုံးကို ဖြေရှင်းပေးဖို့ ချွမ်ရဲ့ကိုလည်း အကြောင်းကြားထားပါ"
 
မို့ထင် ညွှန်ကြားနေသည်။
 
"ဒါပေမဲ့ အရိုင်းအစိုင်း ဆက်ခံသူက ငါတို့နဲ့ မပူးပေါင်းလောက်ဘူး။ ဒီပြဿနာကို သူ တမင်တကာ ကြံစည်ခဲ့တာပဲလေ"
 
 
"ဒါကြောင့် သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ ဒီပြဿနာ ကွယ်ပျောက်သွားမလား တစ်ချက် စောင့်ကြည့်လိုက်ပါ။ အခြေအနေ မထူးရင်တော့ ရည်စားအတုအယောင် ဖြစ်ချင်နေတဲ့ အဲဒီကောင်ကို သတင်းစာရှင်းလင်းပွဲ ဖိတ်ခေါ်လိုက်တော့"
 
မို့ထင်က တည်ငြိမ်စွာ ရှင်းပြပါသည်။
 
"ငါတို့တွေက ကြယ်ဘုရင်ဖျော်ဖြေရေးကို ဂုဏ်သိက္ခာဆယ်ခွင် မပေးနိုင်ဘူး။အရိုင်းအစိုင်းကောင်က ပြဿနာ ရှာချင်တော့လည်း သူနဲ့အတူတူ ကြယ်ဘုရင်ဖျော်ဖြေရေးကို မြောင်းထဲ တွန်းချပစ်ရုံပဲပေါ့"
 
 
"ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက ချွမ်မိသားစုရဲ့ အေဂျင်စီ ပိုင်စိုးခွင့်ကို မျက်စိကျနေတယ်လို့ သတင်းကြားထားတယ်"
 
ဖန်ယွီ ဖြည့်စွက် ပြောဆိုသည်။
 
ထိုစကားသံကို ကြားပြီးနောက် မို့ထင်က သူ့နားရွက်နား ကပ်ထားသော ဖုန်းကို ဖယ်ရှားကာ ဖုန်းချလိုက်သည်။
 
 
သူ့မျက်ဝန်းများက စူးရှ နက်မှောင်နေသည်။
 
 
ကုမ္ပဏီ အုပ်ချုပ်ပိုင်ခွင့်အာဏာကို လုယူချင်နေသည့် ပြဿနာကို ကြယ်ဘုရင်ဖျော်ဖြေရေးပဲ ရင်ဆိုင်နေရခြင်း မဟုတ်ပါ။  ဟိုက်ဟွေ့ဖျော်ဖြေရေးမှာလည်း အခွင့်ကောင်းကို စောင့်မျှော်နေသော မြေခွေးများ ရှိပါသည်။
 
 
...
 
 
ချွမ်ရဲ့ တင်လိုက်သော ဓာတ်ပုံနှင့် ပတ်သက်၍ အွန်လိုင်းပေါ်မှာ  ငြင်းခုံဆွေးနွေးနေကြသည်။  လူအများစုက အပြစ်တင်ကြပြီး အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားနေသည်။
 
 
သို့သော်လည်း ဤတစ်ကြိမ်တွင် ထျန်းနင်ကို အပြစ်တင်သူများ အနက် သူမ၏ပရိသတ်များ မပါဝင်ခဲ့ပါ။ နိုင်ငံရပ်ခြား မသွားခင် မို့ထင် အသိပေးခဲ့သော စကားတစ်ခွန်းကြောင့် ထျန်းနင်က သူမ၏ပရိသတ်များနှင့် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံခဲ့သည်။
 
 
သူမ၏ပရိသတ်များကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်ဟု မို့ထင်ကိုလည်း ကတိပေးထားဖူးသည်။ ထို့ကြောင့်လည်း သူမက လုံကျဲ၏အကောင့်ထဲ ဝင်ရောက်လိုက်ပြီး လူမှု့ကွန်ယက်ပေါ်မှာ ပရိသတ်များနှင့် တွေ့ဆုံရန် ကြိုးစားသည်။
 
 
"ဒီပြဿနာကြောင့် ငါတို့ထျန်းနင်လေး သိက္ခာချခံရပြန်ပြီ"
 
 
"အဲဒီလူတွေက ငါတို့ထျန်းနင်လေး ပျော်နေတာကို မမြင်ချင်တာလား"
 
 
" မို့ထင် နဲ့ ထျန်းနင်တို့ အတူတူရှိနေတာကို သူတို့တွေက မနာလိုဖြစ်နေတာပဲ"
 
 
"ဒါပေမဲ့ အခုချိန်မှာ ငါတို့တွေက ပွဲထဲ ဝင်ပါလိုက်ရင် ငါတို့လို ထျန်းနင်ရဲ့ပရိသတ်တွေကို တခြားသူတွေ အပြစ်ပြောဖို့ အာရုံရသွားဦးမယ်။ ဒီလောက်အထိ သိက္ခာချခံရအောင် ငါတို့ထျန်းနင်လေးက ဘာအမှားများ လုပ်မိလို့လဲ။ ငါတော့ ဆက်ပြီး လက်ပိုက်မကြည့်ချင်တော့ ငါတို့ထျန်းနင်လေးကို မကောင်းပြောတဲ့သူတွေကို တစ်ယောက်မကျန် ရန်တွေ့ပစ်ချင်တယ်။ ငါနဲ့အတူတူ ပူးပေါင်းမယ်သူများ ရှိကြသလား"
 
 
"ငါတို့တွေ နာကျင်ရပေါင်းလည်း များသလို စော်ကားခံရတာလဲ အကြိမ်ကြိမ်ပဲ။ ငါတော့ ဒေါသထွက်လွန်းလို့ အော်ငိုပစ်ချင်တယ်"
 
 
၎င်းမှတ်ချက်(ကော်မန့်)ကြောင့် ထျန်းနင်က လုံကျဲကိုယ်စား ကောမန့်တစ်ခု ရေးသားသည်။
 
"တစ်ရှူး ပေးရမလား"
 
အစပိုင်းတွင် ပရိသတ်က သတိမထားမိပါ။ သို့သော်လည်း တစ်စုံတစ်ယောက်က လုံကျဲက ဓာတ်ပုံကို ဖျတ်ခနဲ သတိထားမိသွားပြီး ခပ်သွက်သွက် စာပြန်လာသည်။
 
 
"နေပါဦး နေပါဦး။ စောနတုန်းက ကော်မန့်ရေးတဲ့သူက ထျန်းနင်ရဲ့လက်ထောက် မလား"
 
 
"လုံကျဲလား။ ထျန်းနင် အခြေအနေ ဘယ်လိုရှိလဲ ငါတို့ကို ပြောပြပါဦး"
 
 
"လုံကျဲကို အပြောအဆို ဆင်ခြင်ဖို့ သတိပေးထားလောက်တယ်"
 
 
"ငါ အဆင်ပြေပါတယ်"
 
ထျန်းနင်က တိတိကျကျ ပြန်ပြောသည်။
 
'သူမ အဆင်ပြေပါတယ်' မဟုတ်ဘဲ 'ငါအဆင်ပြေပါတယ်'ဟု ပြန်ပြောသည်။
 
 
ပရိသတ်များ စိတ်လှုပ်ရှားလွန်း၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ခဏလေးအတွင်း ထျန်းနင်၏စာသားလေးက ဖောင်းပွနေသော ကော်မန့်များကို လွှမ်းမိုးသွားပါသည်။
 
 
"ငါ ငါ မျက်စိအမြင်များ မှားသလား။ 'ငါ အဆင်ပြေပါတယ်'လို့ ရေးထားတာ ဟုတ်ပါတယ်နော်၊ ဝိုင်းဖတ်ပေးကြပါဦး။ ငါ ရူးသွားသလား"
 
 
"လုံကျဲ လုံကျဲ ရူးကြောင်ကြောင် ဖြစ်သွားသလား"
 
 
ထျန်းနင်က သူ့ကို မယုံမကြည် ဖြစ်နေသော ကော်မန့်များကို ဖတ်ရှုပြီး နောက်ထပ် ကော်မန့်တစ်ကြောင်းကို စာစီသည်။
 
"အမှန်တရားက တစ်နေ့ပေါ်လာမှာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ချွမ်သူဌေး နဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးပါဘူး။ ဒါကြောင့် စိတ်မဆင်းရဲကြပါနဲ့။ မင်းတို့လေးတွေ မကျေမနပ် ပြောမိတာက အသုံးမဝင်ဘူး တွေးမိရင် ထျန်းနင် ကိုယ်တိုင် ကူညီပေးမယ်"
 
"..."
 
 
"..."
 
 
" မင်း မင်းက ထျန်းနင်လား"
 
 
ထျန်းနင်က တစ်ကိုယ်တော် ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် မတင်မီ ဖန်သားပြင်ကို ခဏတာ ငေးကြောင်ကြည့်နေသည်။
 
"ဟုတ်ပါတယ်။ ထျန်းနင်ပါ"
 
ထိုစကားသုံးခွန်း ပေါ်လာသည်နှင့် ထျန်းနင်၏ပရိသတ်များ လန်းဆန်းတက်ကြွသွားပြီး ထျန်းနင်၏ကော်မန့်လေးကို လိုင်းပေါ် မတက်သေးသည့် သူတို့ပရိသတ်များ နှင့် သူငယ်ချင်းများကို ချက်ချင်း မျှဝေပေးသည်။ သူတို့ ကမ္ဘာငယ်လေးက ချက်ချင်း အသုံးပြုသူ များပြားလာသည်။
 
 
လုံကျဲက moderator ဖြစ်နေ၍ ကံကောင်းသွားသည်။ ထျန်းနင်က သူတို့နှင့် ဆက်စကားမပြောနိုင်သော်လည်း ကြေညာချက် တင်နိုင်သေးသည်။
 
 
"ငါ့ကို အရင်ဆုံး မတိုက်ခိုက်ရင် ငါကလည်း ဘယ်တော့မှ အရင် ရန်မရှာဘူး"
 
 
ဤဆောင်းပုဒ်ဖြင့် ထျန်းနင်၏ဘဝ ရှေ့ဆက်နေခြင်း ဖြစ်သည်။  ထျန်းနင်၏သစ္စာရှိ ပရိသတ်များက ထျန်းနင် ဘယ်လို လူစားမျိုးလဲ သေချာသိပါသည်။
 
 
ထို့ကြောင့်လည်း ထျန်းနင်၏အားပေးမှုကြောင့် သူတို့လိုအပ်နေသော ယုံကြည်ချက်များ အသစ်တဖန် မွေးဖွားလာသည်။ သူတို့ချစ်ခင် လေးစားသော ထျန်းနင်ကို သူတို့ အကြွင်းမဲ့ ယုံကြည်ပါသည်။
 
 
လက်ရှိသိက္ခာချဖွယ် ဖြစ်ရပ်ကာ သာမန်အသိဉာဏ်ရှိရုံဖြင့် အမှန်တရားကို မြင်နိုင်စွမ်း မရှိပါ။ သို့တိုင် မို့ထင်ကဲ့သို့ ဂုဏ်သရေရှိ လူကြီးမင်းကို စွန့်ပစ်ကာ တေလေဂျပိုး ချွမ်ရဲ့ကို ပတ်သက်ရလောက်သည်အထိ သူတို့အချစ်တော်က အသိဉာဏ်နည်းပါးသူ မဟုတ်ပါ။
 
 
ထို့ကြောင့်လည်း ထျန်းနင်၏ပရိသတ်များက ထျန်းနင်ကို ရာနှုန်းပြည့် ယုံကြည်ပါသည်။ ထျန်းနင်ကိုယ်တိုင် အွန်လိုင်းပေါ်တက်လာပြီး သူတို့လိုအပ်နေသော ယုံကြည်ချက်များကို ပေးခဲ့၍ အပြင်လောက၏မတရား စော်ကားမှုကို သည်းခံစရာ မလိုအပ်တော့ပါ။
 
 
ပရိသတ်များနှင့် ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံခြင်းက အနုပညာရှင်တစ်ယောက်၏ ဖြစ်တည်မှုကို ပိုအဓိပ္ပါယ် ရှိစေပြီး ကျေနပ်နှစ်သက်သော ခံစားချက် ဖြစ်ပေါ်စေသည်။
 
 
ထျန်းနင်က အေးတိအေးစက် အမူအကျင့်မျိုး ရှိသော်လည်း သူမ၏နှလုံးသားက အေးစက်စက် မဟုတ်ပါ။
 
 
သူမ ဘဝတိုးတက်အောင် ကြိုးပမ်းနေ၍ ပရိသတ်များနှင့် စကားပြောချိန် မရခဲ့ပါ။
 
 
သူမမှာ အရည်အချင်း နှင့် အဆင့်အတန်း မရှိခဲ့လျှင် တခြားသူများကို ကာကွယ်ပေးနိုင်သည့် အရည်အချင်း မရှိနိုင်ပါ။ ထို့ကြောင့်လည်း သူမ တတ်နိုင်သလောက် အလုပ်ကြိုးစားနေခြင်း ဖြစ်သည်။
 
 
ယခုတော့ သူမမှာ အရည်အချင်း နှင့် ယုံကြည်ချက် ရှိနေပါပြီ။ သူမ၏ပရိသတ်များကို ကာကွယ်ပေးနိုင်သည်။
 
 
သိပ်မကြာလိုက် ပေကျင်းမြို့လေး မှောင်ရိပ်သန်းသွားသည်။ မို့ထင်က အလုပ်ကိစ္စ ပြီးစီးသွား၍ အိမ်ပြန်ရောက်လာသည်။
 
 
ထျန်းနင်က ဆိုဖာပေါ်မှာ ထိုင်ကာ ပရိသတ်၏ကော်မန့်များကို ကြည့်နေစဉ် မို့ထင်က သူမဘေးနားမှာ ထိုင်လိုက်ပြီး သူမကို ရင်ခွင်ထဲ ဆွဲခေါ်သည်။
 
"ဒီနေ့ ကိုယ်အိမ်ပြန်လာလာချင်း ကိုယ့်မိန်းမရဲ့ အပြုံးလေးကို မြင်ခွင့်ရတယ်။ ချစ်လေး ပြောင်းလဲသွားပြီ"
 
ထျန်းနင်က ဖုန်းကို အောက်ချထားလိုက်ပြီး မို့ထင်၏လက်မောင်းလေးကို မှီကာ
 
"ကောင်းတဲ့ ပြောင်းလဲခြင်းလား၊ ဆိုးရွားတဲ့ ပြောင်းလဲခြင်းလား"
 
"ချစ်လေး အခုအထိ သတိမထားမိဘူးလား။ ကိုယ်တို့တွေ ပထမဆုံး တွေ့ဆုံတုန်းက ချစ်လေးရဲ့နှလုံးသားက ကျောက်တုံးလိုပဲ မာကြောတယ်။ ချစ်လေးက ကိုယ့်ကို ယုံကြည်ပေးမဲ့လည်း ဒါက ချစ်လေးအတွက် အကျိုးရှိမယ်ထင်လို့ အတင်းအကြပ်ကြီး ယုံကြည်ခဲ့တာပါ"
 
 
"ဒါပေမဲ့ ချစ်လေးမှာ လောကကြီးကို သံသယဝင်တဲ့ အတွေး ရှိနေတာတောင် အခုတော့ ကိုယ့်အချစ်လေး နှလုံးသားက တဖြည်းဖြည်းချင်း နူးညံ့လာပြီ"
 
 
"အခုဆို ချစ်လေးက အရာရာတိုင်းက သံသယ မဝင်တတ်တော့ဘူး။ အပြင်လောကနဲ့ အပြန်အလှန် ဆက်သွယ်ချင်တဲ့ ဆန္ဒရှိသလို သူတို့နဲ့ မင်းရဲ့အတွေးကို မျှဝေတတ်နေပြီ။ ကိုယ်နဲ့တောင် ငြင်းခုန်လိုက်သေးတယ်။ အခု ထျန်းနင်က လူသားဆန်တဲ့ ထျန်းနင်လို့ ကိုယ် ခံစားမိတယ်"
 
 
မို့ထင် ပြောသမျှ စကားလုံးတိုင်းကြောင့် မို့ထင် အနည်းငယ် အံ့အားသင့်မိသည်။
 
 
"ဒါတွေအားလုံးက ယောက်ျားကြောင့်ပါ။ ယောက်ျားက ချစ်လေးကို မြတ်နိုးပေးသလို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ ဒါကြောင့်လည်း ဒီလောကြီးထဲမှာ ချစ်လေး နောင်တမရဘဲ ယုံကြည်လို့ ထိုက်တန်တဲ့သူ ရှိသေးပါလားလို့ ချစ်လေး ခံစားမိလို့ အရင်ဆုံး ယောက်ျားကို ယုံကြည်ပေးပြီး ကျန်တဲ့သူတွေကိုလည်း တဖြည်းဖြည်းချင်း ယုံကြည်လာတယ်"
 
ထျန်းနင်က မျက်ရည်ထိန်းထားပြီး ဆက်ပြောသည်။
 
"အချစ်ခံရတဲ့သူက ဘယ်လိုချစ်ရမလဲ သင်ယူတတ်လာတယ် မို့သူဌေးရဲ့"
 
 
မို့ထင်က ထျန်းနင်၏မျက်ရည်များကို သုတ်ပေးပြီး ကော့ညွှတ်နေသော မျက်တောင်လေးများကို နမ်းရှိုက်သည်။ ထို့နောက် ပြုံးလိုက်ပြီး
 
"ကိုယ် ရေချိုးဦးမယ်နော်။ ဖုန်း အကြာကြီး မကြည့်နဲ့။ မျက်စိ ထိခိုက်မယ်။ ကိုယ် ထပ်ပြောမယ်နော် မငိုနဲ့တော့။ ကိုယ်တို့က ဒီလိုပဲ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေကြမယ်"
 
"ဒါကြောင့် ချွမ်ရဲ့က ချစ်လေးကို ဒီလိုသိက္ခာချရင်တောင်..."
 
 
" ဘာမှ တွေးကြောက်နေစရာ မလိုအပ်ဘူး"
 
 
ထျန်းနင်က မျက်ရည်သုတ်ကာ ခေါင်းညိတ်ပြသည်။
 
"ချစ်လေး တစ်ခါမှ မကြောက်ပါဘူး။ ချစ်လေးမှာ ယောက်ျားရှိတယ်လေ"
 
"ဒါဆိုရင် ပွဲကောင်းလေးကို စောင့်ကြည့်ကြတာပေါ့။ ကြယ်ဘုရင်ဖျော်ဖြေရေးကနေ ချစ်လေးကို ပေးချင်တဲ့ လက်ဆောင် ရှိတယ်"
 
 
ထိုစကားကိုပြောပြီးနောက် မို့ထင် မတ်တတ်ထရပ်လိုက်ပြီး အပေါ်အင်္ကျီကို ချွတ်ကာ အိပ်ခန်းဘက် ထွက်လာခဲ့သည်။
 
 
***
အပိုင်း(၂၉၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now