ep 217+218+219

160 10 0
                                    

အပိုင်း(၂၁၇)
အိမ်ပြန်ဦးမလို့လား။ ငါ့အိမ်မှာ နေပါလား

လုံကျဲက လုချယ်ကို ငေးစိုက်ကြည့်ပြီး ရိုးရှင်းစွာ ပြောလိုက်၏၊
"ငါက နင့်ကို ကျီစယ်တာပါ"

ထို့နောက် လုချယ်ကို အိပ်ရာပေါ်မှ ထနိုင်အောင် ဆွဲထူလိုက်ပြီး ပါးလွှာသော အပေါ်အင်္ကျီကို လွှမ်းခြုံပေးလိုက်သည်။

သူတို့နှစ်ဦး အောက်ထပ်ကို ဆင်းလာပြီးနောက် လှေကားအဆုံးကို ရောက်သည်နှင့် တပြိုင်နက်တည်း  လုချယ်က ရုတ်တရက် ဒူးတစ်ဖက် ထောက်လိုက်သည်။
"ငါ့ကျောပေါ်တက်"

မနက်အစောကြီး ရှိသေးသော်လည်း လူရှင်း မရှင်း အကဲခတ်ရဦးမည်။ လုံကျဲက ဘေးဘယ်ညာ အကဲခတ်ပြီး ပြန်တုံ့ပြန်လိုက်သည်။
"ငါ့ဘာသာ လမ်းလျှောက်နိုင်ပါတယ်"

သူ့ပါးစပ်က ငြင်းဆန်နေသော်လည်း ခန္ဓာကိုယ်က သူမ၏အမိန့်ကို မနာခံချေ။  သူမ အသိပြန်ဝင်လာချိန် လုချယ်၏ ကျောကုန်းပေါ် ရောက်နေပါပြီ။

လုချယ်က အလေးချိန်ကို မထိန်းနိုင်ဘဲ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ လုံကျဲက မြေကြီးပေါ် ချက်ချင်း ခြေထောက်ချလိုက်ပြီး ပြန်မေးလိုက်သည်။
"နင် အဆင်ပြေရဲ့လား"

လုချယ်က ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး နောက်တစ်ကြိမ် ခါးကိုင်းလိုက်သည်။
"မြန်မြန်ကျောပေါ်တက်ပါ အစ်မလေးရယ်"

လုံကျဲက သူ့ကျောပေါ် နောက်တစ်ကြိမ် တက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့ခြေလှမ်းများ တည်ငြိမ်သွားသော်လည်း အဆင်သိပ်မပြေချေ။

"ဟိုနားလောက်မှာ ငါ့ကို အောက်ချပေး။ ကားငှါးပြီး အိမ်ပြန်လိုက်မယ်"
လုံကျဲက လမ်းဆုံ မီးပွိုင့်ကို လက်ညိုးထိုးပြလိုက်သည်။

"မင်းက အိမ်ပြန်ဦးမလို့လား။ ငါ့အိမ်မှာ လာနေပါလား"
လုချယ်က လမ်းဆုံကို ဖြတ်ကျော်ပြီး စကားဆက်ပြောသည်။

"သင့်လျော်ပါ့မလား"
လုံကျဲ ပြန်မေးလိုက်သည်။ သို့သော်လည်း သူမ၏စိတ်ထဲ ဝမ်းသာနေမိသည်။ ယခုလို အခွင့်အရေးကောင်းကို လက်လွှတ် မခံသင်ချေ။ လုချယ်၏ကျောကို မှီထားရ၍ လုံကျဲ၏နှလုံးသားလေး နွေးထွေးမှုကို ခံစားရသည်။ တစ်ချိန်တည်းမှာ သူ့ကို အဆုံးအရှုံးမခံနိုင်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ ယခုအချိန်လေးကို ရပ်တန့်ထားချင်မိသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now