အပိုင်း(၄၃၄)

79 9 0
                                    


အပိုင်း(၄၃၄)မူလအစက သူမကို ညဘက် အိမ်ပြန်ခွင့် ပေးမည်ဟု သဘောတူခဲ့သည်။ သို့သော်လည်း အဘိုးအိုက သူမကို အခက်တွေ့အောင် တမင် လုပ်ဆောင်ပြီး အိမ်ပြန်ခွင့် မပေးချေ။ ထို့ကြောင့် မို့ထင်ကို သတင်းမပို့ရန် စုန့်ယန်ရှုကို ညွှန်ကြားထားရသည်။ မို့ထင်က သူမ၏ဆုံးဖြတ်ချက်ကို ဝင်ရောက် ပတ်သက်ခြင်း မရှိသော်လည်း အဘိုးအို၏ လုပ်ရပ်တိုင်းကို တိတိကျကျ သိနေသည်။ အဘိုးအို၏ အစီအစဉ်ကို စောင့်ကြည့်ရုံပင်။ ယခု သူ့ဇနီး ခံစားရသမျှကို အသေးစိတ် ရေးမှတ်ထားပြီး အချိန်တန်မှ အဘိုးအိုကို အရသာမြည်းစမ်း ကြည့်စေမည်။
သို့သော်လည်း လက်ရှိအချိန်တွင် ထျန်းနင် အကြောင်းကို မို့အကြီးအကဲ သိရှိအောင် လေ့လာခွင့် ပေးထားခြင်းက အရေးပါဆုံး ဖြစ်သည်။ ...ယမန်နေ့ညက ပိုင်ချိုးရှန့်နှင့်အတူတူ ထျန်းနင် ရိုက်ကူးရသော ဇာတ်ဝင်ခန်း ပါဝင်သည်။ အဘိုးအို၏ နားပူနားဆာ လုပ်ရပ်ကြောင့် ထျန်းနင်၏ သရုပ်ဆောင် အရည်အချင်း အနည်းငယ် ပြောင်းလဲသွားကြောင်း ပိုင်ချိုးရှန့် သတိပြုမိသည်။ ‌ထျန်းနင်က မော်ဒယ်အလုပ်မှ သရုပ်ဆောင် လမ်းကြောင်း ပြောင်းလဲခဲ့သော်လည်း ပါရမီ ရှိသည်။ သူမ၏ အချိန်အများစုကို အကျိုးရှိအောင် အသုံးချနေတတ်သည်။ သို့သော်လည်း ယခုအခါ သူမက နည်းပညာကို လေ့လာနေရသည်။ သူတို့ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်းတွင် သူတို့နှစ်ဦး လမ်းမပေါ် ဖြတ်လျှောက်သော ဇာတ်ဝင်ခန်း ဖြစ်သည်။ ပိုင်ချိုးရှန်၏ ဇာတ်ကောင်က ထျန်းနင် သူ့ကို ရှာနေမှန်း သိသည်။ ထျန်းနင်က ရဲအမှုထမ်း ဖြစ်ကြောင်း သိသွားခဲ့၍ သူမကို ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထျန်းနင်၏ မျက်ဝန်းတွင် ကြောက်စိတ် မွှန်ထူသော ခံစားချက်ကို မြင်တွေ့ရ၍ ပိုင်ချိုးရှန့် တွေဝေသွားသည်။ ဝေအန်လည်း သတိပြုမိသည်။
"ရပ်မယ်။ ချိုးရှန့် ဘာဖြစ်တာလဲ""အဆင်ပြေပါတယ် ဒါရိုက်တာ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မယ်"ပိုင်ချိုးရှန့် အာရုံ ပြန်စိုက်သော်လည်း ခက်ခဲကျပ်တည်းနေသည်။ သူက ထျန်းနင်ကို ဖယ်ပစ်သင့်လား သေချာ ရေရာအောင် မစဉ်းစားနိုင်ပေ။ မို့အကြီးအကဲက ထျန်းနင်ကို ရိုက်ကွင်းအထိ လာကြည့်သည်။ အဆုံးသတ်မှာ သူက သရော်သည်။
"အလာအလား ရှိရုံလေးပါ"အပေါ်ယံကြည့်လျှင် အဘိုးအိုက ထျန်းနင်ကို အခက်တွေ့အောင် လုပ်ဆောင် နေသော်လည်း တကယ်တမ်း ထျန်းနင်က သူ့မြေး ချွေးမ ဖြစ်သည့် အချက်ကို ငြင်းဆန် မရပေ။ သူက သူ့မြေးချွေးမကို နှိပ်စက်နိုင်သည့်တိုင် တခြားသူများက သူ့လို လုပ်ဆောင်ခွင့် မရှိပေ။ နောက်တစ်နေ့ ထျန်းနင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ထို့ကြောင့် အဘိုးအိုက တစ်မှေးအိပ်ရန် ဆုံးဖြတ်ခဲ့သည်။ တခြားသူများ၏ ရုပ်ရှင်ရိုက်ကွင်း ကြည့်ရှုရန် အဘိုးအိုနှင့်အတူတူ ဒယိမ်းဒယိုင် မသွားခင် စားပွဲခုံပေါ် မှောက်အိပ်လိုက်သည်။ "သရုပ်ဆောင်တာနဲ့ ပတ်သက်ရင် လူတိုင်းမှာ အရည်အချင်း ကိုယ်စီ ရှိကြတယ်။ သေးနုပ်တဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ရင်တောင် သူ့ဖြစ်တည်မှုကို လျစ်လျူရှုလို့ မရဘူး။ အဲဒီ ဇာတ်ရုပ်သေးသေးလေးက ဇာတ်လမ်းတစ်ပုဒ်လုံးကို ဖျက်ဆီးပစ်နိုင်တယ်"
အဘိုးအိုက သူ့ဘေးနား ရှိသူများကို ရှင်းပြသည်။ တကယ်တမ်း သူက ထျန်းနင်ကို ပြောနေခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ထျန်းနင်က တစ်ဦးချင်းစီ၏ သရုပ်ဆောင်မှုကို စောင့်ကြည့်ပြီး လေ့လာထိုက်သည့် အချက်များကို ရေးမှတ်ထားသည်။ ရုပ်ရှင်ရိုက်ကူးနေစဉ် ပိုင်ချိုးရှန့်က အဘိုးအို နှင့် ထျန်းနင်ကို လှမ်းအကဲခတ်‌သည်။ အနည်းငယ် ချင့်ချိန်စဉ်းစား ပြီးနောက် သူ့အစီအစဉ်ကို အကောင်အထည် ဖော်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူ့လက်ထောက်က အဘိုးအိုကို ဆက်သွယ်ကြည့်ပြီး အဘိုးအိုက ယနေ့ည သူနှင့် တွေ့ဆုံရန် သဘောတူခဲ့သည်။ ယမန်နေ့ည ထျန်းနင် ရုပ်ရှင်ရိုက်ကူး နေရ၍ အဘိုးအိုက ထျန်းနင်ကို သူနှင့်အတူတူ မခေါ်ဆောင်လာပေ။ ဟိုတယ် စားသောက်ဆိုင်၏ သီးသန့် အခန်းအတွင်းမှာ မို့အကြီးအကဲက သူ့လက်ထဲမှ ယပ်တောင်လေးကို ခါရမ်းကာ ပိုင်ချိုးရှန့်ကို မေးမြန်းသည်။
"မင်း ငါ့ကို ပြောချင်တဲ့ကိစ္စ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့""ဟေးအကြီးအကဲ၊ ကျွန်တော် အရိုးသားဆုံး ဝန်ခံရရင် ဂူရှန်ကို ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီး ဖြစ်စေချင်တယ်။ လူကြီးမင်းက ထျန်းနင်ကို သဘောမကျဘူး ဆိုတော့ ထျန်းနင်နေရာ လူစားထိုးပေးလို့ ရမလား။ ကျွန်တော်တို့တွေ တန်ရာတန်ကြေး ညှိနှိုင်းကြရအောင်"
ပိုင်ချိုးရှန့်က အတင့်ရဲစွာ မေးမြန်းသည်။ အဘိုးအိုက ထျန်းနင်ကို စက်ဆုပ်နေသည်ဟု ပိုင်ချိုးရှန့် တွေးထင်နေပုံပင်။ အဘိုးအိုက ပိုင်ချိုးရှန့်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး ရယ်ကာမောကာဖြင့် ယပ်တောင်ကို ခေါက်လိုက်သည်။
"ငါက ထျန်းနင်ကို သဘောမကျဘူးလို့ မင်းက ထင်နေတာလား""မင်းက ဂူရှန်ကို ပိုသဘောကျနေပုံပဲ""ငါက ထျန်းနင်ကို သဘောမကျဘူးလို့ ဘယ်သူ ပြောလဲ"
မို့အကြီးအကဲ၏ မိသားစုကို ကာကွယ်လိုစိတ်များ တဖန်နိုးကြားလာသည်။
"ငါ အရင်တည်းက ပြောခဲ့ပြီသားပါ။ ဂူရှန် သရုပ်ဆောင်တာ အပြောင်းအလဲ မရှိဘူးလို့။ ဒါပေမဲ့ သူ့အမှားကိုတော့ မထောက်ပြခဲ့ဘူး""ကားရိုက်ကွင်းကနေ ထိုက်သင့်တဲ့ သင်ခန်းစာကို ယူတတ်ဖို့ လိုအပ်တယ်နော်"
ပိုင်ချိုးရှန့်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ ထျန်းနင် ကိုယ်တိုင်က ဤဖြစ်ရပ်ကို မဖော်ထုတ်ခဲ့၍ သူ မေ့လုနီးပါး ဖြစ်နေပါသည်။ အဘိုးအိုက ဤဖြစ်ရပ်ကို သိနေသည်လော။"ဒါ ဒါကတော့..."
ပိုင်ချိုးရှန့်က ရှင်းပြရန် ကြိုးစားသည်။"ဒီစကား ဒီနေရာမှာတင် ရပ်လိုက်တော့ ငါက ထျန်းနင်ကို ငါ့လက်ထောက် လုပ်ခိုင်းရတဲ့ အကြောင်းအရင်းက ငါ သူ့အပေါ် ထားရှိတဲ့ မျှော်လင့်ချက်က မြင့်မားလို့ပဲ။ မင်းတို့လို တခြားသူတွေကိုတော့ စိတ်ထဲ ဂရုမစိုက်တဲ့အတွက် မျှော်လင့်ချက် မရှိဘူး"
မို့အကြီးအကဲက အထင်မြင်သေးဟန် ပြောဆိုသည်။"စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေကို ဘုရားသခင်က ပြစ်ဒဏ်ပေးမယ်လို့ ငါ ယုံကြည်တယ်"ထိုစကားကို ပြောပြီးနောက် မို့အကြီးအကဲက မတ်တတ် ထရပ်လိုက်ပြီး ထွက်ခွာသွားသော်လည်း ပိုင်ချိုးရှန်က ရုတ်ခြည်း ဒေါသတကြီး ထပေါက်ကွဲသည်။
"ခင်ဗျားက ဒီရုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်ရုံနဲ့ ခင်ဗျားကိုယ် ခင်ဗျား တန်ခိုးရှင်လို့ ထင်နေတာလား""ငါက ဩဇာအာဏာ ရှိတဲ့ တန်ခိုးရှင် ဖြစ်နေလို့ မင်း ငါ့အရှေ့ ရောက်လာတာ မဟုတ်ဘူးလား"
အဘိုးအိုက ချက်ချင်း ခွန်းတုံ့ပြန်သည်။
"ထျန်းနင်က မင်းကို လွှတ်ပေးခဲ့တာကို မင်း တန်ဖိုးထားလိုက်။ မင်းဘက်က လှည့်စားတဲ့ လုပ်ရပ် ထပ်လုပ်လိုက်ရင်တော့ မင်းကို ဘုရားသခင်တောင် မကယ်တင်နိုင်ဘူး"
ထိုစကားကို ပြောပြီးနောက် အဘိုးအိုက မော်မော်ကြွားကြွားဖြင့် အပြင်ဘက် လမ်းလျှောက် ထွက်သွားသည်။ပိုင်ချိုးရှန့်က ဒေါသတကြီး တုန်တုန်ရီရီဖြင့် ကျန်ရစ်ခဲ့သည်။အဘိုးအို၏ မူလဇာစ်မြစ်ကို သူ တကယ် သိချင်မိသည်။သူက လူတိုင်းကို အထင်မြင်သေးသော အကြည့်ဖြင့် ကြည့်ရဲသေးသည်။ယမန်နေ့ညက အိမ်ပြန်လာပြီးနောက် ပိုင်ချိုးရှန့် စားချင်သောက်ချင်စိတ် ကုန်ခမ်းနေသည်။ အဆုံးသတ်မှာ သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်ပြီး ကိစ္စတချို့ လုပ်ဆောင်ပေးရန် ညွှန်ကြားခဲ့သည်။သူ ဖန်တီးခဲ့သည့် အကျိုးဆက်ကြောင့် နောက်တစ်နေ့ မနက်ခင်းတွင် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သားများ အလုပ်ရှုပ်သွားသည်။ ထျန်းနင် နှင့် ရုပ်ရှင် ရင်းနှီးမြှုပ်နှံသူတို့ အကြောင်းကို စုံစမ်းသည့် မီဒီယာသမားများကြောင့် အားလုံး အလုပ်ရှုပ်နေရသည်။မီဒီယာက ဤသတင်းအချက်အလက် နှင့် ပတ်သက်ပြီး အတည်ပြုရန် အကြိမ်ကြိမ် ဖုန်းခေါ်သည်။ ထို့ကြောင့် ဝေအန်လည်း ရွေးချယ်စရာ မရှိသည့်အဆုံး ဖုန်းကိုင်ကာ အကျိုးအကြောင်း ပြောပြရသည်။ သို့သော်လည်း ရုပ်ရှင်အဖွဲ့မှ သတင်းထွက်သွားသည့် အချက်ကို ငြင်းဆန်မရပေ။ထျန်းနင်က အဘိုးအိုအတွက် အဝတ်လျော် ၊ ချက်ပြုတ်ပေးနေသည့် ဓာတ်ပုံဖြစ်နေသည်။ဤတစ်ကြိမ်တွင်လည်း အတင်းအဖျင်း သတင်းက တောမီးသဖွယ် ပြန့်သွားသည်။ တကယ်တမ်း လူတိုင်း ပြောဆိုနေသည့် အချက်ကား မို့ထင်က ဤသတင်းကို သိသွားပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေး ထိခိုက်ခဲ့သည်ဟု လူတိုင်း ယုံကြည်နေကြသည်။ဤသတင်းကို ဖတ်ရှုပြီးနောက် မို့အကြီးအကဲက ဝေအန်နှင့် အတူတူထိုင်ကာ သက်ပြင်းချမိသည်။"ပိုင်ချိုးရှန့်က နောင်တ ရတတ်တဲ့ လူတန်းစားမျိုး မဟုတ်ဘူးပဲ။ အမှားကို ဆင်ခြင်ရကောင်းမှန်း မသိဘူး"ဤတစ်ကြိမ်တွင် ပိုင်ချိုးရှန့်၏ အကြံအစည်က ရက်စက်လွန်းသည်။ သူက သတင်းကို မီဒီယာအထိ ပေါက်ကြားသွားအောင် လုပ်ဆောင်ခဲ့ပြီး ထျန်းနင်ကိုယ်တိုင် ဖော်ထုတ်ခဲ့သည့် သတင်းဖြစ်အောင် ဖန်တီးသွားသည်။ သူ့ရည်ရွယ်ချက်က အဘိုးအို နှင့် ထျန်းနင်ကို ရန်တိုက်ပေးပြီး သူ့အတွက် အကျိုးရှိအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။"မို့အကြီးအကဲ။ ဒီကိစ္စကို ဘယ်လို တွေးထားလဲ""ငါတို့တွေ သူ့ကို ဆက်ပြီး လက်သင့်ခံလို့ မဖြစ်တော့ဘူး"
မို့အကြီးအကဲက သူ့ယပ်တောင်ကို ဝှေ့ရမ်းကာ တည့်တိုး ပြောလိုက်သည်။"လူကြီးမင်း ဘယ်သူလဲဆိုတာ ထုတ်မပြောတော့ဘူးလား""အလောတကြီး လုပ်ဖို့ မလိုအပ်ဘူး"
မို့အကြီးအကဲက သူ့ကို ဟန့်တားသည်။
"ငါတို့တွေ သူ့ကို အကောင်းဆုံး မရိုက်ချခင် သူ့ကစားပွဲကို အဆုံးသတ်အောင် ကစားပါစေ။ ငါတို့တွေ သူ့ကို အလွယ်တကူ အရှုံးပေးခွင့် ပေးလိုက်ရင် သူ့ကို ညှာတာရာ ရောက်မယ်။ ဒီကြားထဲ သူ့နေရာမှာ အစားထိုးဖို့ တခြားတစ်ယောက်ကို ရှာထားလိုက်တော့။ ရွေးချယ်မယ်သူက အရည်အချင်း ရမယ်။ ဒါပေမဲ့ စိတ်ထား ယုတ်ညံ့လို့တော့ မရဘူး""ဟုတ်ကဲ့ နားလည်ပါပြီ"
ဝေအန် ပြန်ဖြေသည်။ အဘိုးအိုက သူ့ကို မညွှန်ကြားလည်း သူ လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည်။ရုပ်ရှင် အောင်မြင်သည့်တိုင် ဇာတ်ဆောင်မင်းသားက ယုတ်ညံ့သော စိတ်ထားကို ပိုင်ဆိုင်ထား၍ သူ့ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ စွန်းထင်းစေလိမ့်မည်။ သူလည်း ယခုလို ဖြစ်ရပ်မျိုး ဖြစ်ခွင့် မပြုနိုင်ပေ။အကယ်၍ ပိုင်ချိုးရှန့် ပြောင်းလဲသွားခဲ့လျှင် အခွင့်အရေး ပေးမည်ဟု ဆုံးဖြတ်ထားခဲ့ဖူးသည်။ ပိုင်ချိုးရှန့်၏ နှလုံးသားထဲမှ မကောင်းသော စိတ်ဆန္ဒများ တဖန် မွေးဖွား လာလိမ့်မည်ဟု မည်သူက တွေးတောမိမည်နည်း။ "အရိုးသားဆုံး ဝန်ခံရရင် ကောင်ဆိုးလေးရဲ့ သရုပ်ဆောင်စွမ်းရည်က မဆိုးရှာပါဘူး"
မို့အကြီးအကဲက ရုတ်တရက် မို့ထင်အကြောင်း ထည့်ပြောလာသည်။
"ဟိုက်ဟွေ့ဖျော်ဖြေရေးကိုသာ မဆက်ခံခဲ့ရရင် ဆုတံဆိပ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသား ဖြစ်နေလောက်ပြီ""မို့သူဌေးက သရုပ်ဆောင်နိုင်တယ်လား"
ဝေအန် ရုတ်ခြည်း စိတ်ဝင်စားသွားသည်။
"သူ မလုပ်နိုင်တာ ဘာမှ မရှိဘူး" ဤအချက်ကား မို့အကြီးအကဲ အမြဲတမ်း ဂုဏ်ယူရသည့် ကိစ္စ ဖြစ်သည်။အပိုင်း(၄၃၄)
ပြီး၏။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now