အပိုင်း(၅၀၂)

128 16 0
                                    

အပိုင်း(၅၀၂)

ရှယ်ရာရှင်များက ထျန်းရွှမ်နှင့်အတူတူ အခန်းထဲ လမ်းလျှောက် ဝင်လာသော ကိုယ်စားလှယ်များကို မြင်မြင်ချင်း သူတို့က လက်ခုပ်ဩဘာတီးတာ ဂါရဝပြုကြသည်။ လူတိုင်း၏ချီးမွမ်းမှုကြောင့် ထျန်းရွမ်၏ ယုံကြည်မှုများ မြင့်တက်လာပြီး သူ့အကြည့်က မောက်မာသော အကြည့်ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားများက သူမကို ကူညီပေးနေသကဲ့သို့ပင်။

"လမ့်လက်ထောက်၊ အခု ရှင့်မျက်လုံးနဲ့ ရှင်ကိုယ်တိုင် မြင်ရပြီဆိုတော့ ယုံကြည်ပြီမလား"

လမ့်လက်ထောက်က ခပ်လှမ်းလှမ်း လမ်းလျှောက်သွားပြီး ကိုယ်စားလှယ်များနှင့် လက်ဆွဲ နှုတ်ဆက်သည်။

"သူတို့က စာချုပ်မှာ လက်မှတ်ထိုးဖို့ သဘောတူလို့ စာချုပ်အသင့်ပြင်ထားတယ်"

သို့သော်လည်း လမ့်လက်ထောက်က ထျန်းရွှမ်၏ အသံကို မကြားချင်ယောင် ဟန်ဆောင်နေပြီး Jeanတို့အဖွဲ့ကို ထိုင်ခုံမှာ ထိုင်ပေးရန် မှာကြားသည်။
"မဒမ်က ဆွစ်ဇာလန်မှာ ပျောက်သွားလို့ သင့်လျော်တဲ့ စီအီအိုကို ရွေးချယ်ရမယ်"

ထျန်းရွှမ်က စိတ်လှုပ်ရှားစွာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူမက ထျန်းအုပ်စု တစ်စုလုံးကို ထိန်းချုပ်ရန် ပြင်ဆင်နေသည်။

"သူဌေးကြီးရဲ့ ဆုံးဖြတ်ချက်ကို အခုပဲ ကြေညာတော့မယ်"

လမ့်လက်ထောက်က သူ့စကားအဆုံးသတ်သတ်ချင်း ထျန်းရွှမ်က ချက်ချင်း မတ်တတ်ထရပ်ပြီး လူတိုင်းကို ဂါရဝပြုသည်။
"လူတိုင်း စိတ်မပျက်စေရပါဘူး။ မင်းတို့အားလုံး ယုံကြည်မယ်လို့ မျှော်လင့်ပါတယ်"

"စီအီအိုအသစ်ရဲ့ အတွင်းရေးမှူး ချောင်းယုရှန်ကို ကြိုဆိုရအောင်ကွယ်"
လမ့်လက်ထောက်က ထျန်းရွှမ်ကို လုံးဝ လျစ်လျူရှုပြီး လက်ခုပ်တီးကာ အခန်းတံခါးပေါက်ကို ငေးကြည့်သည်။

လမ့်လက်ထောက်၏ ကြေညာချက်ကြောင့် ရှယ်ရာရှင်များ အနည်းငယ် တုန်လှုပ်သွားသည်။

ချောင်းယုရှန်

အတွင်းရေးမှူးလောကတွင် လုချယ်နှင့် တန်းတူကျော်ကြားသူ ဖြစ်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now