အပိုင်း(၄၇၁)

80 12 0
                                    

အပိုင်း(၄၇၁)

ဖန်ယွီက အောက်ထပ်ဆင်းရန် ကြံရွယ်ထား၍ ဓာတ်လှေကား ရှေ့နား မတ်တတ်ရပ်နေသည်။ ဓာတ်လှေကားတံခါး ဖွင့်ဖွင့်ချင်း သူ့အရှေ့မှာ မြင်တွေ့ရသော မြင်ကွင်းကြောင့် သူ မျက်မှောင်ကြုတ်မိသည်။

ဟန်ရှင်းအာက သူကိုယ်တိုင် ရွေးချယ်ထားသော အတော်ဆုံး ကျောင်းသူ ဖြစ်သည်။ ထို့အပြင် သူမက ဖျော်ဖြေရေးလောကမှ လူတိုင်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူ ဖြစ်သည်။ သူမက တခြားသူ အလွယ်တကူ အနိုင်ကျင့်နိုင်သောသူ ဖြစ်နေသည်လော။

"ဘယ်လို ဖြစ်ရတာလဲ"
ဖန်ယွီက ဟန်ရှင်းအာ၏နီရဲနေသော မျက်နှာကို ကြည့်ရှုကာ မေးမြန်းသည်။

"ပိုင်ချန်သုန်ကြောင့်လား။ ဟိုမိန်းကလေးက စည်းမျဉ်းစည်းကမ်းကိုရော သိရဲ့လား။ ပီအာ အဖွဲ့ဝင်ကို စော်ကားရဲတယ်လား။ သူက ဒီဖျော်ဖြေရေးလောကထဲ မရှင်သန်ချင်တော့ဘူး ထင်တယ်"

"ဒုဥက္ကဋ္ဌဖန် ကျွန်မ အဆင်ပြေပါတယ်"
ဟန်ရှင်းအာက သူ့ကို ဖျောင်းဖျသည်။
"သူနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို သူက အချိန်တန်ရင် ခံရမှာပါ။ သူ လုပ်ခဲ့တဲ့ အကုသိုလ်ကို တန်ပြန် ခံစားရမှာပါ"

ဖန်ယွီက ထိုစကားသံကို ကြားကြားချင်း ဟန်ရှင်းအာ ဆိုလိုချင်သည့် သဘောကို နားလည်သည်။ သူမက ဖျော်ဖြေရေး လောကထဲ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့၍ လောကထဲ ရှင်သန်နိုင်သည့် စည်းမျဉ်းစည်းကမ်းများကို သူမ နားလည်ရမည်။ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကိုပင် ကိုယ်တိုင် မဖြေရှင်းနိုင်လျှင် သူမက အရည်အချင်း မရှိသူ ဖြစ်သွားလိမ့်မည်။ သူမကို အချိန်တိုင်း လူတိုင်းက မကူညီပေးနိုင်၍ ကိုယ့်အားကိုယ်ကိုးရမည်။

ဖန်ယွီက ခပ်တိုးတိုးလေး ရယ်မောပြီး ခေါင်းညိတ်သည်။
"အခုအချိန်မှ သည်းခံလိုက်ပြီး နောက်မှ တိုက်ခိုက်တာက အကောင်းဆုံး နည်းဗျူဟာပဲ။ မင်းတို့ရဲ့အစ်မ ထျန်းနင်ကိုပဲ ကြည့်လေ။ သူက အမြဲတမ်း အခြေအနေကို စောင့်ကြည့်ပြီးမှ လှုပ်ရှားလေ့ ရှိတယ်"

"ဟုတ်ကဲ့ ကျွန်မ သိပါတယ်"

"ကောင်းပြီလေ၊ ဒါဆိုရင် အလုပ်သွားလုပ်ကြတာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now