အပိုင်း(၄၄၁)

63 7 0
                                    

အပိုင်း(၄၄၁)

"ဒီတစ်ခေါက် ပြဿနာက အရမ်းကြီးမား သွားတော့ ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင်ကို ထပ်ပြီး မကာကွယ်နိုင် လောက်တော့ဘူး ဟုတ်တယ်မလား"

"သူတို့ ကာကွယ်ရင်လည်း ဒီလောကကြီးထဲ တရားမျှတမှုဆိုတာ မရှိတော့ဘူး။ သူတို့မှာ အာဏာ နဲ့ အဆင့်အတန်း ရှိရုံနဲ့ တခြားသူ အားလုံးကို ချနင်းနိုင်မယ်လို့ ထင်နေတာလား"

"သူ့ကို အဘိုးကြီးနဲ့ ပတ်သက်နေတယ်လို့ ပြောမိရုံနဲ့ တခြားသူကို ရိုက်နှက်ဖို့ လူငှားရတယ်လို့။ အဲဒီမိန်းမ ဘယ်လို ဖြေရှင်းချက် ပေးမလဲ သိချင်မိတယ်"

"ငါတော့ ထျန်းနင်ကို လက်ဖျားခါမိတယ်။ ထျန်းနင်ကို လုပ်ချင်ရာ လုပ်ခွင့် ပေးထားတော့မှာလား"

"ဒီတစ်ခေါက်တော့ ငါတို့တွေ ထျန်းနင်ကို ဖျော်ဖြေရေးလောကထဲကနေ မောင်းထုတ်ပစ်ရမယ်။ ဘယ်သူမှ ကန့်ကွက်လို့ မရဘူး"

"ဟုတ်တယ်။ ထျန်းနင်ကို မောင်းထုတ်ပစ်ရမယ်"

...

ခန်းမဆောင်တစ်ခန်းလုံး ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။ သတင်းထောက် အများစုက ပိုင်ချိုးရှန့်ကို ကူညီ လက်စားချေပေးရန် ကတိပြုပြီး ဒေါသအားလုံးကို ထျန်းနင်ထံ ပုံချသည်။

သူတို့က တရားမျှတမှုကို လိုချင်ကြသည်။

ပိုင်ချိုးရှန့်က အားလုံး၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ့မျက်ဝန်းထဲမှ မှောင်မိုက်မှုကို ဖုံးကွယ်ရန် ကြိုးစားသည်။ မည်သူမှ သတိမထားမိခင် သူ့နှုတ်ခမ်းပါးလေးက အပေါ်သို့ အနည်းငယ် ကော့ညွှတ်သွားသည်။

ကင်မရာမီးအလင်းရောင်များ အဆက်မပြတ် တလျှပ်လျှပ် လင်းလက်နေစဉ် ပိုင်ချိုးရှန့် နှင့် သူ့မန်နေဂျာက တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်သည်။ တခြားသူများ မည်သည့်အကြောင်း တွေးတောနေလဲ သူတို့ သဘောပေါက်သည်။

သို့သော်လည်း မီဒီယာသမားများ သူတို့ဌာနေ သူတို့ပြန်သွားပြီး သတင်းရေးသားရန် ဟောခန်း ခန်းမဆောင် တံခါးများ ဖွင့်လိုက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now