အပိုင်း(၅၃၁)

54 6 0
                                    

အပိုင်း(၅၃၁)

တကယ်တမ်း ဖေးထန်ကို ပိုင်ဆိုင်ခွင့်ရရန် မလွယ်ကူပေ။

သရုပ်ဆောင်တိုင်း ဖေးထန်ဆုကို မျှော်မှန်းကြသည်။ ယှဉ်ပြိုင်သူများက အရည်အချင်း ရှိကြသည့် အပြင် နောက်ခံကောင်းကြသည်။ ဆုပေးပွဲ ရလဒ်ကိုလာဘ်ထိုး၍ မရနိုင်သော်လည်း  ဤဆုတံဆိပ်ကို ပိုင်ဆိုင်ခွင့်ရရန် လူအများစုက ကြိုးစား အားထုတ်ကြသည်။

သို့တိုင် ဤဆုကို သူ့ဇနီးလေး ပိုင်ဆိုင်ရမည်ဟု မို့ထင်က ယုံကြည်ထားသည်။

ဤအတွေးကြောင့် မို့ထင်၏ အကြည့်တွင် လေးနက်သော ခံစားချက်များ ဖြစ်ပေါ်လာသည်

...

ဖေးထန်ဆု၏ မဲခွဲရွေးချယ်ခြင်း အပိုင်း သုံးပိုင်းခွဲထားသည်။ ။ ၂၀ ရာခိုင်နှုန်းက ပရိသတ်များ၏ အမှတ်ပေးခြင်း၊ ၅၀ ရာခိုင်နှုန်းက အကဲဖြတ်ဒိုင်လူကြီးများ၏ အမှတ်ပေးခြင်း နှင့် တိုးတက်မှု စာရင်းဇယား အချက်အလက်က ၃၀ ရာခိုင်နှုန်း ဖြစ်သည်။ ပရိသတ်ပေးမှတ်မှ လွဲ၍ ကျန်ရှိသော အမှတ်ပေးခြင်းများက လွှမ်းမိုးချုပ်ကိုင်၍ မရပေ။ ထို့ကြောင့်လည်း ဖေးထန်ဆုက တရားမျှတမှု ရှိသောဆုပေးပွဲ အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပရိသတ်၏ ၂၀ ရာခိုင်နှုန်း မဲပေးခြင်းက သရုပ်ဆောင်၏ ကျော်ကြားမှုကို ကိုယ်စားပြုနိုင်သော်လည်း နောက်ဆုံး ရလဒ်ကို လွှမ်းမိုးနိုင်စွမ်း မရှိပေ။

"တက်သစ်စ အနုပညာရှင်ဆုကို ဘယ်သူက စိတ်ဝင်စားနေလို့လဲ။ နင်က အကောင်းဆုံးသရုပ်ဆောင်ဆုပဲ ရသင့်ရထိုက်တယ်"

ဧည့်ခန်းလေးအတွင်းမှာ ထျန်းနင်က လုံကျဲ၏ အပြုအမူကြောင့် ရယ်မောနေရသည်။ လုံကျဲက လျာထားသော သရုပ်ဆောင် စာရင်းကို ကြည့်ပြီး သူ့အမြင်ကို ထုတ်ပြောနေခြင်း ဖြစ်သည်။
"ရောမမြို့ကို တစ်နေ့တည်းနဲ့ တည်ထောင်ခဲ့တာမှ မဟုတ်တာ။ ဖေးထန်ဆုပေးပွဲရဲ့ အကဲဖြတ်ဒိုင်တွေကလည်း အရည်အချင်း ရှိကြတယ်။ ဘယ်သူကို ဆုပေးရမလဲ နှစ်တိုင်း ငြင်းခုန်နေရလို့ ဖေးထန်ဆုကို လက်ခံရတဲ့ သရုပ်ဆောင်က ဂုဏ်သတင်းကြီးမား တာပေါ့"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now