အပိုင်း(၄၇၉)

107 17 0
                                    

အပိုင်း(၄၇၉)

ထျန်းနင်က သူ့သိက္ခာကို ကျဆင်းအောင် ပြောဆိုခဲ့၍ Braun သဘောမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ စကားစစ်ထိုးသည်။
"မင်းတို့နိုင်ငံမှာ အရည်အချင်း ရှိတဲ့ အနုပညာသည်တွေ ပေါထောနေရင် မင်းလို မော်ဒယ်ကို သရုပ်ဆောင် လုပ်ခိုင်းဖို့ လိုအပ်လို့လား"

ထျန်းနင်က ဟန်မပျက် ပြုံးနေသည်။ သူမက အလွန်အမင်း နူး
ညံ့သော လေသံဖြင့် ပြောဆိုသော်လည်း သူမတို့နိုင်ငံ၏ သရုပ်ဆောင်များကို အဆုံးအစွန်းအထိ ကာကွယ်ပေးသွားရန် အလေးအနက် ဆုံးဖြတ်ထားသည်။

"ငါတို့နိုင်ငံသားတိုင်းက ပါရမီ တစ်ခုထက်မက ပိုရှိတယ်လေ။ အဲဒီထဲမှာ ငါ့အရည်အချင်းက အနိမ့်ဆုံး အဆင့်လို့ သတ်မှတ်လို့ရတယ်"

ထျန်းနင်က သူမကိုယ်သူမ နိမ့်ချပြီး တခြားသူများကို မြှင့်တင်ကာ  တန်ပြန်စကားစစ်ထိုးခဲ့သည်။

အာရှသားများက မည်သည့်အချိန်မှ စတင်၍ လှည့်ဖျားတတ်သွား သနည်း။

အမျိုးသမီးတစ်ဦးက အမျိုးသားများစွာကို ဆွံ့အသွားသည်အထိ စကားပြောစွမ်းရည် ရှိနေသည်။

"အစ်ကို၊ ထျန်းနင်ကို ဒီလို မဆက်ဆံပါနဲ့။ သူ သရုပ်ဆောင်တာ တကယ်ကောင်းတယ်။ ရုပ်ရှင်ကြည့်ပြီးသွားရင် ကျွန်တော် ပြောတာကို အစ်ကို ယုံကြည်သွားမယ်"
တခြားသူအားလုံး ဝိုင်းကြည့်နေသည်ကို သတိထားမိ၍  Takaက သူ့အစ်ကိုကို ဖျောင်းဖျကြည့်သည်။
"အရိုးသားဆုံး ပြောရရင် ထျန်းနင်က မင်းသမီးကောင်း တစ်လက်ပါ။ ကျွန်တော့်သူငယ်ချင်းကို မရိုင်းပျပါနဲ့"

Braunက ထျန်းနင်ကိုကြည့်ပြီးနောက် သူ့ညီကို တစ်လှည့်ကြည့်သည်။ အဆုံးသတ်မှာ သူက သူ့ညီကို ဘေးတွန်းထုတ်လိုက်ပြီး ခပ်ဝေးဝေး လမ်းလျှောက်သွားသည်။

Takaက ထျန်းနင်ကို အားတုံ့အားနာဟန် မပြုံးပြခင် သက်ပြင်းချသည်။
"ဒီနေ့ ဖြစ်ရပ်လေးကို နားလည်မှုလွဲတယ်လို့ သဘောထားဖို့ တောင်းဆိုပါရစေ"

"ပြဿနာမရှိဘူး အဆင်ပြေတယ်"
ထျန်းနင်က ခွင့်လွှတ်ဟန် ပြန်ဖြေသည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံခြားသား ပိုင်နက် နယ်မြေထဲ ရောက်နေပြီး သူမက စကားစစ်ထိုးခြင်းတွင် အသာစီးရခဲ့သည်။ ထို့ကြောင့် တစ်ဖက်သားကို အဆုံးအစွန်းအထိ တွန်းပို့ရန် မလိုအပ်ပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ