Ep 370+371+372

97 9 0
                                    

အပိုင်း(၃၇၀)

 
 
"ငါ့အဖေ နဲ့ ငါ့အမေရဲ့ဓာတ်ပုံကို သတင်းဌာနကို ပို့ပေးထား၊ ဒါမှ ဒင်းအမေက မယားငယ်မဆိုတာ တစ်လောကလုံး သိမှာလေ။ အခြေအနေက ငါတို့ဘက် အလေးသာလေ ကောင်းလေပဲ မို့မိသားစုက ထျန်းနင်တို့သားအမိကို စက်ဆုပ်သွားရင် ပိုကောင်းတယ်"
 
ထျန်းရွှမ် ဆက်မပြောနိုင်ခင် ဖုန်းလုခံရသည်။ ထျန်းရွှမ် လှည့်ကြည့်လိုက်မှ သူ့မောင်လေး ဖြစ်နေ၍ သက်ပြင်းချသည်။
"ကျင်းရွှမ်၊ အစ်မရဲ့ဖုန်းကို ပြန်ပေး"
 
ထျန်းကျင်းရွှမ် တုံ့ပြန်စကား မပြောခဲ့ပေ။ သူ့အစ်မကိုယ်စား စကားဆက်ပြောပေးလိုက်သည်။
 
"အစီအစဉ်ဖျက်တယ်"
 
"နင် ဘာလုပ်တာလဲ"
 
 
"ထျန်းရွှမ်၊ နင် ရက်စက်လှချည်းလား။ အဲလောက်ထိ သွေးအေးရက်စက် မယ်လို့ မထင်ထားဘူး။ ဒီလောက်တောင် စိတ်ထားယုတ်ညံ့ရလား"
 
ထျန်းကျင်းရွှမ်က ခနဲ့လိုက်ပြီး ဖုန်းကို သူ့အစ်မစီ ပစ်ပေးသည်။
"အစ်မ ဘာလုပ်လုပ်၊ ဘယ်သူကိုပဲ မကောင်းကြံကြံ၊ ကျွန်တော် လိုက် မကန့်သတ်နေဘူး။ ဒါပေမဲ့ အဲဒီအကြောင်းတွေ ကျွန်တော် မကြားစေနဲ့။ ကြားမိတာနဲ့ အစီအစဉ် ဖျက်ရလိမ့်မယ်"
 
"ကျင်းရွှမ်၊ ဒါတွေက ငါတို့မိသားစု အတွက် လုပ်နေရတာလေ"
 
 
"ထျန်းနင်က ငါတို့ကို ပြဿနာရှာမယ်သူလို့ မခံစားရဘူး"
 
ထျန်းကျင်းရွှမ်က သူ့ဆံပင်များကို လက်ဖြင့် ထိုးမွှေပြီး ခနဲ့သော အမူအရာဖြင့် သူ့အခန်းပြန်သွားရန် ဟန်ပြင်သည်။
"ဒါနဲ့ အစ်မက ထျန်းမိသားစုကို ကြီးကြပ်နေတယ်ဆိုတော့ ကျွန်တော် အနုပညာလောကထဲ ဝင်မှာ မဆန့်ကျင်ဘူးမလား"
 
"ငါ့ကို နောက်ပြောင်နေသလား။ နင်က ထျန်းမိသားစုရဲ့ စတုတ္ထသခင်လေးလေ"
 
 
"ကျွန်တော်ကတော့ သဘောတူတယ်ပဲ ယူဆလိုက်ပြီ"
 
ထျန်းကျင်းရွှမ်၏ အရပ်ခပ်မြင့်မြင့် ပုံရိပ်က အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
 
သိပ်မကြာလိုက် အမေထျန်း အိမ်ပြန်ရောက်လာပြီး ဆိုဖာပေါ်မှာ ဒေါသတကြီး ထိုင်နေသော မြင်ကွင်းကို လှမ်းမြင်သည်။
 
 
ထျန်းရွှမ်က ခနဲ့တဲ့တဲ့ မတ်တတ် ထရပ်သည်။
 
"ရှင်၊ ဒီမိသားစုမှာ ဆက်မနေချင်ရင်လည်း သဘောပဲနော်။ ဒါပေမဲ့ အစေခံမလို အသက်ဆက်ရှင်ချင်ရင်လည်း ရှင့်ဆန္ဒပဲ"
 
အမေထျန်းက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့အိပ်ခန်းထဲ ပြန်သွားရန် ဟန်ပြင်သည်။ သို့သော်လည်း ထျန်းရွှမ်က တမင်တကာ ကြားအောင် ပြောသည်။
 
"ရှင့်မယားငယ် လုပ်ခဲ့တဲ့ သက်သေတွေ  မီဒီယာ ပို့ပေးလိုက်ပြီ။ ဒါပေမဲ့ အရင်တစ်ခေါက်က ပြဿနာ အသေးအမွှားလေးဆိုတော့ မို့ထင် ဖြေရှင်းနိုင်တာပေါ့။ ဒါပေမဲ့ ဒီတစ်ခေါက် ငါ့မှာ အခိုင်အမာ သက်သေရှိတယ်။ ငါ့အဖေကို နင် ဘယ်လို ဖျားယောင်းခဲ့လဲ လူတိုင်း သိသွားတာပေါ့။ နင့်ကြောင့် ငါ့အမေ သေခဲ့ရတာကို တစ်လောကလုံး သိသွားစေရမယ်"
 
"နင့်အဖေရဲ့ဂုဏ်သိက္ခာကြောင့်သာ နင့်ကို အရင်က သည်းခံခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ ဒါတွေ ဂရုမစိုက်တော့ဘူး။ ဒါကြောင့် ငါ နင့်ကို တစ်ခုတော့ သတိပေးလိုက်မယ်။ နင်လုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက် နင် နောင်တ ရစေရမယ်"
 
 
အမေထျန်းက ပြောသင့်သည့် စကားများကို ပြောဆိုပြီးနောက် သူ့မျက်ဝန်းတွင် ဒေါသအငွေ့အသက်များ ပြယ်လွင့်သွားသည်။ သူ့ပခုံးပေါ် ထမ်းပိုးထား ရသော ဝန်ထုပ်ဝန်ပိုးကြီး ပေါ့ပါးသွား သကဲ့သို့ ခံစားရသည်။
 
 
ထျန်းရွှမ်က သူမ၏တုံ့ပြန်မှုကြောင့် အံ့အားသင့်နေသည်။ သို့သော်လည်း သူ ခွန်းတုံ့မပြန်နိုင်ခင် အမေထျန်းက သူ့အခန်းကို ပြန်ရောက်နေပါပြီ။
 
 
"အဲဒီနေရာမှာ ရပ်လိုက်စမ်း မယားငယ်မ"
 
 
နေ့တိုင်း နှိပ်စက်ခံမည့်အစား အမေထျန်းက အမှန်အတိုင်း ဖွင့်ဟဝန်ခံရန် ဆုံးဖြတ်ထားသည်။
 
 
ထျန်းရွှမ်က သူ့သမီးကို ထပ်ဒုက္ခပေးရဲလျှင် သူမလည်း အသက်နှင့်ရင်းပြီး ကာကွယ်စောင့်ရှောက်သွားမည်။ ထျန်းရွှမ်ကို လက်စားချေရန်လည်း ဆုံးဖြတ်ထားခဲ့သည်။
 
 
...
 
 
ယမန်နေ့ညနေခင်း
 
 
ထျန်းနင်က 'Hidden Expert'ရုပ်ရှင် သွားရောက် ရိုက်ကူးရမည် ဖြစ်၍ အဝတ်အစားများ ထုပ်ပိုးနေသည်။
 
 
မို့ထင်က ထျန်းနင်အတွက် အထောက်အပံ့ဖြစ်အောင် ဟန်ရှင်းအာကို အိမ်ခေါ်ထားပြီး ထျန်းနင်ကို အိပ်ခန်းထဲ ဆွဲခေါ်သွားသည်။ ထျန်းနင် တည့်တည့်မတ်မတ် မရပ်နိုင်ခင် မို့ထင်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
 
"ဒီတစ်ခေါက် ချစ်လေးကို လာတွေ့လို့ မရတော့ဘူး"
 
"ချစ်လေး သိပါတယ်"
 
ထျန်းနင် ခေါင်းညိတ်သည်။ 'Hidden Expert'ရုပ်ရှင်ကို ရိုက်ကွင်းနေရာ ခဏခဏ ပြောင်းလဲ၍ ရိုက်ကူးရမည် ဖြစ်သောကြောင့် မို့ထင်က သူမနောက်ကို အချိန်ပြည့်မလိုက်နိုင်ပေ။
 
"သုံးလ။ အဲလိုမှန်း ကြိုသိခဲ့ရင် ချစ်လေးအတွက် အဲဒီဇာတ်ညွှန်းကို မရွေးချယ်ပါဘူး"
 
 
"မန်နေဂျာမို့။ ဒီတစ်ခေါက် ရှောင်ပြေးနိုင်ရင်တောင် အမြဲတမ်း ရှောင်တိမ်း နေလို့ မရဘူးလေ"
 
ထျန်းနင် ရယ်မောလျက် မို့ထင်၏ခါးလေးကို ဖက်သည်။
"စိတ်မပူနဲ့နော်။ ချစ်လေး ဘယ်နေရာ ရောက်နေနေ ချစ်လေး ကိုယ့်ဘာသာကိုယ် သေချာဂရုစိုက်မယ်။ ရှင်းအာက ချစ်လေးရဲ့ အခြေအနေကို ယောက်ျား သိအောင် သတင်းပို့ပေးမှာပါ။ လုံကျဲ ပြန်လာရင် သူ့ကို ဟိုက်ဟွေ့ဖျော်ဖြေရေးမှာ အလုပ်ခန့်ပေးပါ။ သူက လက်ထပ်ပြီးပြီဆိုတော့ ကျွန်မနဲ့ လျှောက်သွားနေလို့ မသင့်လျော်ဘူးလေ"
 
"ကိုယ့်က  ချစ်လေး သတင်းကို ထောက်လှမ်းနေမှာနော်"
 
 
ထိုစကားကို ပြောပြီးနောက် မို့ထင်က ထျန်းနင်၏ပါးနှစ်ဖက်ကို ဆုပ်ကိုင်ကာ နှုတ်ခမ်းကို နမ်းရှိုက်သည်။ သူ့အနမ်းက ခပ်ကြမ်းကြမ်း မဟုတ်သော်လည်း ပုံမှန်ထက် တွယ်ငြိဖွယ်ကောင်းနေသည်။
 
 
ထျန်းနင်လည်း သူ့အနမ်းထဲ မျောပါသွားပြီး အရှက်သည်းကာ ပါးမို့မို့လေး နီရဲနေသည်။
 
 
"အဲလိုတွေ မပြုစားနဲ့လေ"
 
ထျန်းနင် တောင်းဆိုသည်။
 
သို့သော်လည်း မို့ထင်က အိပ်ရာပေါ် ထိုင်ချလိုက်ပြီး ထျန်းနင်ကို သူ့ပေါင်ပေါ်မှာ ထိုင်စေသည်။
 
 
နောက်ထပ်အနမ်းလေး ကျရောက်လာစဉ် ထျန်းနင်က သူ့အနမ်းဒဏ်ကြောင့် ငြီးသံလေး ပေးမိသော်လည်း မို့ထင်က တခြားအသံဖြင့် ဖုံးလွှမ်းပေးလိုက်သည်။
 
"ကိုယ်တို့ လက်ထပ်ထားတဲ့ ကာလတစ်လျှောက်လုံး ဒီတစ်ခေါက်က ပထမဆုံးအကြိမ် အကြာကြီး ခွဲခွာရတာပဲ"
 
"ရှင် တွယ်ငြိတာထက် ပိုပြီး ငြိတွယ်နေမိသလိုပဲ"
 
 
"မဒမ်မို့။ ကျုပ်တော့ မမျှတသလိုကြီး ခံစားလာမိတယ်"
 
 
"ပိုချစ်တဲ့သူက ပိုလွမ်းဆွတ်ပေးသင့်တယ် မဟုတ်ဘူးလား"
 
 
မို့ထင်၏စကားကို ကြားပြီးနောက် ထျန်းနင် အနည်းငယ် အံ့အားသင့်နေမိသည်။ သူမ၏ခံစားချက်ကို အမြဲတမ်း ကွယ်ဝှက်ထားမိသော်လည်း မို့ထင်ကို မလွမ်းခဲ့သည့် သဘော မဟုတ်ပေ။
 
 
"ချစ်လေးအတွက် ယောက်ျားက ဒီဇာတ်ညွှန်းကို ရွေးချယ်ပေး ထားတာပဲ။ ချစ်လေး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ယောက်ျားရဲ့ အတော်ဆုံးမိန်းမ ဖြစ်ချင်တယ်လေ။ ဒါမှလည်း ချစ်လေး လုံခြုံတဲ့ ခံစားချက် ခံစားရမှာလေ"
 
 
မို့ထင်က ထျန်းနင်နှင့် တစ်သွေးတည်း တစ်သားတည်း ဖြစ်ချင်နေသကဲ့သို့ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။
 
 
"ဒီကနေ့ည သုံးလတာ လွမ်းဆွတ်မှုတွေကို ကုပေးရမယ်နော်"
 
 
ထျန်းနင်က မို့ထင်အနား တိုးကပ်ပြီး မို့ထင်၏နားရွက်ကို တစ်တိတိကိုက်သည်။
 
"ဒီလိုမျိုးလေးလား"
 
မို့ထင်က ထျန်းနင်ကို အိပ်ရာပေါ် တွန်းလှဲလိုက်ပြီး သူ့ခန္ဓာကိုယ်ဖြင့် အုပ်မိုးကာ အဝတ်အစားများကို ဆွဲချွတ်သည်။
 
"အခုပဲ ကိုယ့်အလွမ်းဝေဒနာကို ကုသပေးရမယ်"
 
ခဏကြာပြီးနောက် ဟန်ရှင်းအာက ထျန်းနင်၏အသုံးအဆောင်များကို ကူညီ ထုပ်ပိုးပေးပြီး ထျန်းနင်တို့ကို အကြောင်းကြားရန် ကြံရွယ်ထားသည်။ သို့သော်လည်း အိပ်ခန်းအနား ချဉ်းကပ်သွားစဉ် အခန်းထဲမှ ထွက်လာသော ဆူညံသံများကို ကြားရသည်။ သူမ၏ပါးမို့မို့လေး နီရဲသွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
 
 
နေ့လည်ခင်းကြီး ရှိနေပါသေးသည်။
 
 
သူတို့ဇနီးမောင်နှံက ဆန္ဒကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထျန်းနင်တို့ အချိန်အကြာကြီး ဝေးကွာရမည်ကို တွေးမိ၍ ဟန်ရှင်းအာလည်း မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။
 
 
သို့သော်လည်း ထျန်းနင် ရိုက်ကွင်း မသွားခင် ထျန်းရွှမ်နှင့် အရင်တွေ့ဆုံရဦးမည်။
 
 
မတ်လ ရာသီဥတုက အလွန်အမင်း သာယာအေးချမ်းနေသည်။
 
 
ဟန်ရှင်းအာက ထျန်းနင်ကို လာခေါ်ရန် Hyatt Regencyသို့ အချိန်မီ ရောက်နေသော်လည်း ထျန်းရွှမ်နှင့် ဟိုတယ်မှာ တွေ့ဆုံရန် ချိန်းဆိုထားသော ထျန်းနင်က ယခုထိတိုင် အိပ်ရာ မထသေးပေ။
 
 
မနေ့ညက ပြင်းထန်သော ချစ်ကြည်နူးမှုကြောင့် သူတို့နှစ်ယောက်စလုံး အင်အားကုန်ခမ်းကာ အိပ်မောကျနေသည်။
 
 
"ထင်၊ ထျန်းရွှမ်နဲ့ ချိန်းထားတာ မနက် ၁၀နာရီထင်တယ်။ ချစ်လေးတို့ နောက်ကျနေပြီ"
 
 
ထျန်းနင်၏စကားသံကြောင့် မို့ထင် မတ်တတ်ထရပ်ပြီး ထျန်းနင်ကို ပွေ့ချီကာ ရေချိုးခန်းထဲ ခေါ်ဆောင်သွားသည်။
 
 
"အဲလိုတွေ မလုပ်ပါနဲ့။ ထင်က ဒီလိုတွေ အသေးစိတ် ဂရုစိုက်တော့၊ မိန်းမ အရာရာကို စွန့်လွှတ်ပြီး ယောက်ျားဘေးနား နေချင်စိတ်တွေ ဖြစ်လာပြီ"
 
 
မို့ထင်က သူမကို ကိုယ်သုတ်ပဝါ လွှမ်းခြုံပေးသည်။ သူမ၏ခန္ဓာကိုယ်ပေါ် သူ ချန်ရစ်ပေးခဲ့သော အမှတ်ရာများကြောင့် သူ အနည်းငယ် နောင်တရမိသည်။ 'Stupid'ရုပ်ရှင်ရိုက်ကူးစဉ်က ပထမဆုံးအကြိမ် အချစ်သင်္ကေတ ပေးမိ၍ ဤအကြိမ်က ဒုတိယအကြိမ် ဖြစ်သည်။
 
 
"နာသွားလား"
 
 
ထျန်းနင် ပြုံးလျက် ခေါင်းခါသည်။
 
 
"ကိုယ့်ကြောင့် ချစ်လေးရဲ့စူပါမော်ဒယ် ဘွဲ့ထူးကို စွန့်လွှတ်ခဲ့ရတယ်။ ထိပ်တန်း မင်းသမီး ဖြစ်လာမယ့် အခွင့်အရေး စွန့်လွှတ်ရအောင် ဖိအား ပေးရက်ပါ့မလား"
 
မို့ထင်က ထျန်းနင်ကို လွှတ်ပေးသည်။
 
ထျန်းနင်က မို့ထင်ကို နောက်မှ သိုင်းဖက်ပြီး ချိုသာသော လေသံဖြင့် ပြောဆိုသည်။
 
"ချစ်လေးကို စိတ်ဓာတ် ပိုကြံ့ခိုင်အောင် တွန်းအာပေးနိုင်တဲ့သူက ယောက်ျားပါ"
 
"ယောက်ျားအတွက် စူပါမော်ဒယ် ဖြစ်မယ် အခွင့်အရေးကို စွန့်လွှတ်နိုင်ပေမဲ့ ယောက်ျားကြောင့် ထိပ်တန်း သရုပ်ဆောင်မင်းသမီး ဖြစ်လာနိုင်ပါတယ်"
 
 
အပိုင်း(၃၇၀)
 
ပြီး၏။
 
အပိုင်း(၃၇၁)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now