အပိုင်း(၄၇၈)

86 12 0
                                    

အပိုင်း(၄၇၈)

အရိုးသားဆုံးပြောရလျှင်  'Stupid'ရုပ်ရှင်က အနောက်တိုင်း ရုပ်ရှင်ဈေးကွက်တွင် ကောင်းမွန်သော အကြံပြုချက်များ ရရှိခဲ့သော်လည်း ထျန်းနင်၏ ရုပ်ရှင်အသစ် မထွက်သေး၍ ထျန်းနင်က ဇာတ်ရံ အဆင့်မျှသာ ရှိသေးသည်။ ထို့ကြောင့်လည်း အနောက်တိုင်းသားများက သူမကို အထင်မြင်သေးခြင်းက သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စရပ်ပင်။

တခြားသူဆိုလျှင် ဤအခြေအနေကို အလွယ်တကူ လက်သင့်ခံနိုင်သော်လည်း သူမက အလွယ်တကူ အရှုံး မပေးတတ်သည့် ထျန်းနင် ဖြစ်နေသည်။

ညနေ၃နာရီ ဥရောပနှင့် အမေရိကန် သရုပ်ဆောင် အများအပြား ဟိုတယ် ရောက်နေကြသည်။ ထိုစဉ် ထျန်းနင်တို့ကားလည်း ဟိုတယ် အဝင်ပေါက်ကို ဆိုက်ရောက်နေသည်။

မို့ထင်က ရှေးဖက်ရှင် ဝတ်စုံကို ဝတ်ဆင်ကာ ကားထဲမှ ပထမဆုံး ထွက်လာသည်။ မို့ထင်၏ တော်ဝင် အငွေ့အသက်ကြောင့် အနောက်တိုင်းသားများက သူ့တည်ရှိမှုကို ချက်ချင်း သတိထားမိသည်။

သို့သော်လည်း မို့ထင်က သူတို့အားလုံးကို အပြီးတိုင် လျစ်လျူရှုထားပြီး ကားအရှေ့ဘက်မှ ပတ်လမ်းလျှောက်ကာ ထျန်းနင်အတွက် တံခါး ကူဖွင့်ပေးသည်။

"ဘာဖြစ်တာလဲ။ သူက ဘယ်သူလဲ"

"အဲဒီအမျိုးသမီးကို အရင်တုန်းက မမြင်ဖူးပါဘူး"

" Takaနဲ့ တွဲဖက်သရုပ်ဆောင်တဲ့ အာရှအမျိုးသမီး ထင်ပါရဲ့"

အမေရိကန်သတင်းထောက်က ထျန်းနင်၏ဇာစ်မြစ်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုသည်။
Takaက ပွဲအခမ်းအနား၏ အဓိကဇာတ်ဆောင် ဖြစ်နေ၍ သူတို့အပြုအမူကို အပြစ်တင် မထိုက်ပေ။ Takaတစ်ဦးတည်းသာ ကြော်ငြာမျက်နှာဖုံးတွင် ပါဝင်၍ Takaက အာရှရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြောင်းသာ မီဒီယာများ သိရှိထားကြသည်။ သူနှင့် တွဲဖက်သရုပ် ဆောင်သော သရုပ်ဆောင် မင်းသမီး အကြောင်း မည်သူမျှ မသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ သူတို့အားလုံး၏ အမြင်အာရုံထဲ အာရှသရုပ်ဆောင်များ၏ သရုပ်ဆောင် အရည်အချင်းကို တလေးတစား ခံယူထားခြင်း မရှိပေ။ 

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now