အပိုင်း(၄၅၇)

102 11 0
                                    

အပိုင်း(၄၅၇)

အမှန်တရား ရှာဖွေသည့် လုပ်ငန်းစဉ် မြန်ဆန်အောင် လုချယ်က တရားခံ၏ ထောက်ချောက်ထဲ သက်ဆင်း ချင်ယောင်ဆောင်ပြီး ဆရာဝန်နှင့် သွားရောက် တွေ့ဆုံသည်။

"ဆရာဝန်လင်း။ မဒမ် စိတ် တည်ငြိမ်သွားလို့ မင်း အကြံပေးတဲ့ အတိုင်း ကုသမှု ခံယူဖို့ သဘောတူလိုက်တယ်။ ဒါကြောင့် မို့သူဌေးက စီစဉ်သင့်တာ စီစဉ်လို့ ရအောင် ကျွန်တော့်ကို လွှတ်လိုက်တာပါ"

"ကောင်းပြီလေ။ တတ်နိုင်သလောက် အကျိတ်ကို မြန်မြန် ခွဲထုတ်ပစ်မယ်။ အခုအချိန်မှာ လုပ်ရမယ် အရေးကြီးဆုံး ကိစ္စက ခွဲစိတ်ခန်း ချက်ချင်း စာရင်းပေးဖို့ပဲ"
ဆရာဝန်က ပညာရှင်ဆန်ဆန် စကားပြောသည်။ လုချယ်က အကျင့်ပျက်သော ဆရာဝန်၏ စရိုက်ကို ဖော်ထုတ်ချင်၍ ယဉ်ကျေးဟန် အမူအရာဖြင့် စကားပြောနေခြင်း ဖြစ်သည်။

ဆရာဝန်၏ တာဝန် ဝတ္ထရားကို မေ့လျော့ပြီး လူနာ၏ အသက်ဘေးကို ဂရုမစိုက်တတ်သူက ဆရာဝန် မဖြစ်ထိုက်ပေ။ လုချယ်၏အမြင်မှာ သူက လူသားပင် မဖြစ်ထိုက်သူပေ။

လုချယ်က ဆရာဝန်၏ ဟန်ဆောင် မျက်နှာဖုံးကို အရမ်း ဆွဲခွာပစ်ချင်သည်။ သို့သော်လည်း အမှန်တရား မရှာတွေ့သေးသည်ကို သတိရမိ၍ သူ ဆက်သည်းခံလိုက်သည်။

"အလုပ်အချိန်ဇယားကို ကြည့်လိုက်ဦး။ သုံးရက်ကြာရင် ခွဲစိတ်ခန်း ဝင်မယ် အဆင်ပြေမလား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်"
လုချယ်က ပြုံးလျက် ခေါင်းညိတ်သည်။
"သူဌေးက မဒမ်ကို အရမ်း ဂရုစိုက်တာ ခင်ဗျားလည်း သိမှာပါ။ မဒမ်ရဲ့ ခန္ဓာကိုယ်က သူဌေးအတွက် အဖိုးတန်တယ်။ ဒါကြောင့် လက်အောက်ခံသား ဖြစ်တဲ့ ကျွန်တော်က အချိန်နှောင့်နှေးအောင် မလုပ်ရဲပါဘူး"

"ဒါပေါ့ ဒါပေါ့"

"ဒါနဲ့ မဒမ်ရဲ့ဆေးမှတ်တမ်း ပြန့်သွားရတဲ့ အကြောင်း သိချင်မိတယ်။ ဆေးရုံက လူနာလျှို့ဝှက်ချက် မပေါက်ကြားစေရဘူးလို့ အာမခံထားတာလေ။ ဘယ်လို ဖြစ်ရတာလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဘက်က ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဖြေရှင်းချက် မပေးရသေးဘူး။ ငါတို့ နောက်တစ်ခေါက် ဆုံရင်တော့ ကျေနပ်ဖွယ် ကောင်းတဲ့ ဖြေရှင်းချက် ပေးမယ်လို့ မျှော်လင့်ပါတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now