Ep 277+278+279

114 10 0
                                    

အပိုင်း (၂၇၇)

 
ချွမ် သားအဖနှစ်ယောက် ထွက်သွားပြီးနောက် မို့ထင်က ထျန်းနင်ကို လှည့်ကြည့်လိုက်သည်။
 
 
 
"ချစ်လေး လွယ်လွယ်ကူကူ သဘောတူလိုက်ရလား။ ချစ်လေး ရှုံးသွားမှာ မကြောက်ဘူးလား"
 
 
"ဖဲကစားနည်း 'ချစ်' ကောင်းကောင်း သိပါတယ်။ ချစ်လေးအတွက် မစိုးရိမ်နဲ့ ဟုတ်ပြီလား"ဟု ထျန်းနင် ပြန်ဖြေသည်။
 
 
"ဒီကစားနည်းက ချွမ်ရဲ့လို လူချမ်းသာကလေးတွေ အကျွမ်းကျင်ဆုံး ကစားနည်းပဲနော်။ ချစ်လေး ကစားတတ်တာ သေချာပါတယ်နော်။ ချစ်လေး အနိုင်ရမယ်လို့ ယုံကြည်လား"
 
 
"ထင်က ချစ်ကို မရှုံးစေချင်ဘူးမလား"
 
ထျန်းနင်က ခေါင်းငုံ့ကာ အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။
 
"ဖဲကစားနည်းကို ဘယ်လိုသိနေလဲ။ ဘယ်လိုကစားတတ် 'ထင်' မေးချင်နေမှန်း ချစ်လေး သိပါတယ်။ ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ။   ဒီညတော့ ထင်ကို အဖော်ပြုရင်း တို့နှစ်ယောက်ရဲ့ ရန်သူကို အလဲထိုးသွားမယ်။ 'ထင်' ခွင့်ပြုပေးနိုင်မလား"
 
 
 
မို့ထင်သည် ခေါင်းကို ငုံ့ကာ သူမ၏ နူးညံ့သိမ်မွေ့သော ညာလက်ကို ကြည့်ပြီး ရယ်မောကာဖြင့်
 
 
"ကိုယ့်ဘက်က ငြင်းဆန်ခွင့်ရော ရှိလို့လား"
 
"အကယ်၍ ချစ်လေး ရှုံးသွားရင်ရော..."
 
 
"ဒါဆိုရင်တော့ ကိုယ်က ချစ်လေးကိုယ်စား ပြစ်ဒဏ်ခံယူမယ်"
 
 
ထျန်းနင် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်၍ ပြုံးလိုက်သည်။
 
"ချစ်လေးကို ယုံကြည်လိုက်တော့ တစ်ပွဲတည်းနဲ့ အပြတ်အသတ် နိုင်စေရမယ်"
 
မို့ထင်က ထျန်းနင်ကို တစ်ကြိမ်တစ်ခါမျှ သံသယ မဝင်ဖူးပေ။ ထျန်းနင်က ယောက်ျား၏ကာကွယ်မှုကို လိုလားပြီး နောက်ကွယ်မှာသာ နေချင်သည့် မိန်းမစား မဟုတ်မှန်း သူ သိပါသည်။  ထျန်းနင် အရင်တုန်းက ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ယခုထိတိုင် အမှတ်ရမိသေးသည်။ သူတို့နှစ်ယောက်က တစ်ယောက် အကျင့်စရိုက်ကို တစ်ယောက် သိကြသော်လည်း သူတို့စိတ်ဝင်စားရာ ဝါသနာများကို ယခုထိတိုင် မသိကြသေးပေ။
 
 
မို့ထင်က ထျန်းနင်၏ အကြိုက်ဆုံး အစားအသောက် ၊ အကြိုက်ဆုံး အရောင် ၊ ခန္ဓာကိုယ် အတိုင်းအတာ နှင့် ဝတ်ဆင်တတ်သော ဖိနပ် အရွယ်အစားကို သိထားသော်လည်း မို့ထင် မသိနိုင်သေးသည့် တခြားကိစ္စများလည်း ရှိနေပါသေးသည်။ ထို့ကြောင့် သူတို့နှစ်ဦးသား တစ်ယောက်အကြောင်း တစ်ယောက်သိလာအောင် ဆက်လက်လေ့လာရဦးမည်။
 
 
နောက်ဆုံးတော့ မို့ထင် စကားပြန်ပြောလာသည်။
 
"ကိုယ်ရဲ့ ဖဲကစားတဲ့ စွမ်းရည်က အရမ်းကြီး မကောင်းတော့ ချစ်လေးကို ယုံကြည်ရုံပဲ တတ်နိုင်တာပေါ့"
 
"လူလိမ်"
 
 
မို့ထင်၏နှုတ်ခမ်းပါးလေးက ချစ်စဖွယ်ကောင်းအောင် အပေါ်သို့ ကော့တက်သွားပြီး ထျန်းနင်၏လက်ကို ဆွဲကာ ဖျော်ဖြေရေး ခန်းမဆောင်ထဲ ဝင်ရောက်သွားသည်။
 
 
ချွမ်ရဲ့က သူတို့နှစ်ယောက်ကို အသင့်စောင့်နေပါသည်။ ယခု ယှဉ်ပြိုင်မည့်ပွဲက သူ အကျွမ်းကျင်ဆုံး ဝါသနာရပ်ကို ယှဉ်ပြိုင်မည်ဖြစ်၍ စိတ်မလှုပ်ရှားပါဟု ငြင်းဆန်လျှင် လိမ်လည်ရာ ရောက်လိမ့်မည်။ သူ့ကိုယ်သူ ဖဲဘုရင်ဟု ခံယူထား၍ မို့ထင်ကို နှိပ်စက်ရန် ကြံရွယ်ထားသည်။
 
 
ခဏကြာပြီးနောက် ထျန်းနင်က စားပွဲခုံအရှေ့မှာ ထိုင်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း မို့ထင်က ထျန်းနင်ကို ဟန့်တားကာ နောက်ဆုတ်ခိုင်းသည်။
 
 
မို့ထင် ထိုင်ခုံပေါ် မထိုင်မီ ထျန်းနင်က မို့ထင်၏မျက်နှာပါ ဟန်ပါပါကြည့်လိုက်သည်။ မို့ထင် ပြောချင်သည့် အဓိပ်ပါယျကို မျက်ဝန်းချင်း နားလည်မိ၍ မို့ထင်၏ပေါင်ပေါ် ထိုင်လိုက်သည်။
 
 
ယခုလို အနေအထားမျိုးဖြင့် သူတို့ချစ်စံအိမ်မှာ နေထိုင်လေ့ရှိသော်လည်း ယခုလို ပြင်ပနေရာမျိုးမှာ တခြားသူလည်း ရှိနေ၍ ထျန်းနင်၏စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသည်။
 
 
မို့ထင်က ထျန်းနင်၏ခန္ဓာကိုယ်လေးကို ဖက်ထားပြီး အသိပေးလိုက်သည်။
 
"ပွဲစသင့်ပြီ"
 
"အခုလို ပြိုင်ဆိုင်နေတဲ့ အခြေအနေမှာ မျှော့တွယ်သလို ကပ်တွယ်နေတာ ပိုလွန်းနေပြီနော်။ ငါ့ကို ရှုံးသွားရင် ဒီကောင်မလေးကို နောက်ထပ် ဖက်ခွင့်မရတော့မှာ ကြောက်နေတာလား။ ငါ မင်းကို တစ်ခုတော့ သတိပေးလိုက်မယ်နော်။ မင်းတို့ကို တစ်ပွဲတည်းနဲ့ အလဲထိုးလို့ရတယ်"
 
ဖဲဝေသူကို ပွဲစတင်ရန် အသိမပေးခင် ချွမ်ရဲ့ ခနဲ့လိုက်သည်။
 
Texa Hold'em pokerတွင့် အဆင့် ၃ဆင့် ရှိပြီး ဒိုင်လူကြီး ပါရှိသည်။ ပွဲအစတွင် ဒိုင်က ကစားသူ တစ်ဦးချင်းစီကို ဖဲနှစ်ချပ်စီ ခွဲဝေပေးရသည်။ ဒိုင်က ဖဲငါးချပ်ကို ရွေးချယ်ထားသည်။
 
 
ပထမအဆင့်မှာ ဒိုင်က ဖဲချပ် ငါးချပ်အနက် ပထမသုံးချပ်ကို ဖွင့်ပြရသည်။ အကယ်၍ ကစားသူများက အပွင့်တူ ဂဏန်းတူလျှင် လောင်ကြေးထပ်နိုင်သည်။ မတူလျှင် ပွဲမှ နုတ်ထွက်ရမည်။
 
 
ဒုတိယအဆင့်မှာ ဒိုင်က လေးချပ်မြောက်ပစ်ဖဲချပ်(turn) ကို ထပ်လှန်ပြီး ကစားသူများက မိမိ ပိုင်ဆိုင်ထားသော ဖဲချပ်များနှင့် နှိုင်းယှဉ်ကာ နောက်ဆုတ်တန်သည် နောက်ဆုတ်၊ လောင်ကြေးထပ်သူက လောင်ကြေးထပ်နိုင်သည်။
 
 
တတိယအဆင့်မှာ ဒိုင်က ငါးချပ်မြောက်ပစ်ဖဲ (River) ကိုလှန်လိုက်ပြီး အနိုင်ရသူကို ဆုံးဖြတ်ပေးသည်။ ကစားသများက မိမိပိုင်ဆိုင်ထားသော ဖဲချပ်နှစ်ချပ်နှစ် နှင့် အများပိုင် ဒိုင်ဖဲငါးချပ်အနက် ကြိုက်နှစ်သက်ရာ တွဲစပ်ကာ အနိုင်အရှုံး ဆုံးဖြတ်ရမည်။
 
 
Royal flash (10♥ J♥ Q♥ K♥ A ♥)( စီနီယာအပွင့်တူ) က အကောင်းဆုံးသော ပေါင်းစပ်မှု ဖြစ်ပြီး ဒုတိယ အကောင်းဆုံး ပေါင်းစပ်မှုက လေးချပ်ပွင့်တူ နှင့် တတိယ အကောင်းဆုံးက  ပုံမှန်ဂဏန်းတူ ဖြစ်သည်။
 
 
ခဏကြာပြီးနောက် ဒိုင်လူကြီးက ဖဲချပ်များကို စတင် ခွဲဝေပေးသည်။ ထျန်းနင် ပိုင်ဆိုင်ထားသော ဖဲချပ် နှစ်ချပ်က Ace of Spades (A♠)နှင့် Jack of hearts ( J♥) ကတ်ဖြစ်သည်။ ချွမ်ရဲ့ လက်ဝယ် ပိုင်ဆိုင်ထားသော ကတ်များက pairs of Ten (10♦ / 10 ♥ )နှစ်ကတ်ဖြစ်သည်။
 
 
ချွမ်ရဲ့လက်ဝယ် ကိုင်ထားသော ဖဲချပ်နှစ်ချပ်က အရမ်းအကောင်းကြီး မဟုတ်သလို အရမ်းလည်း မဆိုးရွားပါ။
 
 
၎င်းဖဲချပ်များကို ဒိုင်ပစ်ဖဲ ငါးချပ်နှင့် တိုက်ရမည်။
 
 
လောင်ကြေးကို ဆုံးဖြတ်ထားပြီးသား ဖြစ်နေ၍ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း လောင်ကြေး ထပ်စရာ နောက်ဆုတ်စရာ မလိုအပ်ပေ။ ထို့ကြောင့်လည်း ဒိုင်က ပထမဆုံး ဖဲချပ်သုံးချပ်ကို လှန်လိုက်သည်။
 
 
ဒိုင်ဖဲ သုံးချပ်အနက် King of Spades (♠ K)၊ three of diamonds
 
(♦️3) နှင့် Ten of Heart (♥ 10 ) ဖြစ်နေသည်။
 
ထျန်းနင်က Straight (စီနီယာ ငယ်စဉ်ကြီးလိုက်)ဖြစ်ဖို့ အခွင့်အရေး မြင့်မားသော်လည်း ချွမ်ရဲ့က ဖဲချပ်သုံးချပ်တူ(Triple) ဖြစ်နေပါပြီ ။
 
 
ဖဲကစားဝိုင်းက ကံတရားပေါ် မူတည်သလို စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များကိုလည်း အသုံးချနိုင်သေးသည်။
 
 
ချွမ်ရဲ့က ဖဲကစားတိုင်း အမြဲကံကောင်းခဲ့သော်လည်း ဤတစ်ကြိမ်က ခြွင်းချက် ဖြစ်လာနိုင်သည်။
 
 
မို့ထင်က သူ့ရင်ခွင်ထဲမှ ထျန်းနင်ကို ပွေ့ဖက်ထားသော်လည်း ပွဲစတင်ချိန်မှ ယခုအချိန်အထိ စကားတစ်ခွန်းမျှ မပြောသေးပေ။ သူက ဖဲချပ်များကို တိတ်တဆိတ် ငေးစိုက်ကြည့်နေသည်။
 
 
ထျန်းနင်က Texas Hold'em poker ဖဲချပ်များနှင့် မစိမ်းနေ၍ အတိတ်တစ်ချိန်တုန်းက ဟန်ယွီဖန်နှင့်အတူတူ ဖဲကစားဖူးလိမ့်မည်ဟု မို့ထင်၏စိတ်ထဲ ရုတ်တရက် တွေးလိုက်မိသည်။
 
 
ထိုအတွေးကြောင့် မို့ထင်၏ စိတ်နှလုံးသားကို သဝန်ကြောင်စိတ် လွှမ်းမိုးသွားသည်။
 
 
သို့သော်လည်း...
 
 
ထျန်းနင်က သူ့အတွက် ပါဝင်ယှဉ်ပြိုင်မှန်း တွေးမိ၍ ဝန်တိုစိတ် ချက်ချင်း ပြယ်လွင့်သွားသည်။
 
 
သိပ်မကြာလိုက် လေးခုမြောက်ဖဲချပ်ကို လှန်လိုက်သည်။ ဤတစ်ကြိမ် ဖဲချပ်က Ace of Hearts ( A♥) ဖြစ်နေ၍ ချွမ်ရဲ့ အသာရနေသည်။ ယခုတော့ ထျန်းနင်၏နောက်ဆုံး အခွင့်အရေးလေး ပျောက်ဆုံးခဲ့ရသည်။ ထျန်းနင်မှာ Aces ဖဲချပ် နှစ်ချပ်သာ ရှိနေ၍ ဒိုင် လှန်မည့် နောက်ဆုံး ဖဲချပ်က Queen (Q ♥ )မဟုတ်ခဲ့လျှင် ထျန်းနင် ရှုံးနိမ့်သွားလိမ့်မည်။
 
 
နောက်ဆုံး ဖဲချပ်မလှန်ခင် ချွမ်ရဲ့က ပွဲကို ခဏရပ်တန့်လိုက်ပြီး မေဖျားလေးကို လက်ဖြင့် ထောက်ကာ မေးမြန်းသည်။
 
"ဘယ်လိုလဲ။ မင်း အရှုံးပေးချင်လား။ နောက်ဆုံး ဖဲချပ်မလှန်ခင် မင်းကို သတိပေးနေတာနော်"
 
မို့ထင်က ထျန်းနင်၏လည်တိုင်ကို လက်ဖြင့် ချိတ်လိုက်ပြီး ထျန်းနင် အနား တိုးကပ်ကာ
 
"နောက်ဆုံးဖဲချပ်ကို အတူတူ ကြည့်ကြတာပေါ့"
 
"အကယ်၍ ကိုယ်တို့တွေ ကံကောင်းသွားရင်လည်း ထျန်းနင်လေးရဲ့ ကံတရားကြောင့် ဖြစ်မှာပါ"
 
 
ထျန်းနင်က ခေါင်းညိတ်ပြသည်။ ချွမ်ရဲ့၏နားဝင်ဆိုးသော စကားသံကို နားထောင်ချင်စိတ် ကုန်ခမ်းနေပါပြီ။ ထို့ကြောင့်လည်း နောက်ဆုံးဖဲချပ်ကို လှန်ရန် ဒိုင်ကို တောင်းဆိုလိုက်သည်။ နောက်ဆုံးတော့ အများဆိုင်နောက်ဆုံးဖဲချပ်ကို လှန်သည်။ ယင်းဖဲချပ်က four of diamond ( 4♦) ဖြစ်နေ၍ ကစားသမားများကို လွှမ်းမိုးနိုင်စွမ်း မရှိပေ။
 
 
သူတို့လက်ထဲမှ ဖဲချပ်များကို ထုတ်ပြရမည့် အချိန် ကျရောက်လာ၍ ထျန်းနင် စိတ်ညစ်လာမိသည်။
 
 
အပေါ်ယံကြည့်လိုက်လျှင် ထျန်းနင်၏ အနိုင်ရနိုင်ချေ မြင့်မားသော်လည်း ချွမ်ရဲ့က သူ ပိုင်ဆိုင်ထားသော triple tens (10♥ 10♣ 10♠)ကို ထုတ်ပြသည်။
 
 
ထျန်းနင်က မို့ထက်ကို မော့ကြည့်လိုက်သောိလည်း မို့ထင်က သူမကို မလှုပ်ရှားရန် အမူအရာပြသည်။
 
 
"မင်းလက်ထဲက ဖဲချပ်တွေ ငါတို့ကို ပြလေ။ ငါတော့ ငါ့ကံတရားကို ယုံကြည်တယ်"
 
 
ဒိုင်ဖဲချပ် ငါးချပ်နှင့် ထျန်းနင် ပိုင်ဆိုင်ထားသော ဖဲချပ် နှစ်ချပ်ပေါင်းပြီး အကောင်းဆုံး ငါးကတ်အဖြစ် ပေါင်းစည်းလိုက်လည်း ထျန်းနင်မှာ
 
Aces နှစ်စုံ (AA) အတွဲသာ ရှိနေ၍ ထျန်းနင် ရှုံးနိမ့်သွားပါပြီ။ သို့တိုင် ထျန်းနင်က စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
 
"မင်း ရှုံးသွားရင်လည်း ဝန်ခံသင့်ပြီနော်။ မို့သူဌေး တစ်ယောက်တည်း အရှုံးသမား မဟုတ်တာ သေချာပါတယ်။ ကျွန်တော် ပြောတာ မှန်တယ်မလား"
 
ထျန်းနင်တို့၏ မျက်နှာအမူအရာကို အကဲခတ်ပြီး ရှုံးနိမ့်သွားပြီဟု ချွမ်ရဲ့ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။
 
"ဒီကနေ့ညတော့ ဒီမော်ဒယ်လေးနဲ့ ပျော်ပါးခွင့် ရတော့မှာပေါ့"
 
 
"စိတ်တော့မကောင်းပါဘူး.... စိတ်ကူးနဲ့ မရူးနဲ့တော့"
 
ထိုစကားသံက မို့ထင်၏နှုတ်မှ ဖွင့်ဟလာခြင်း ဖြစ်ပြီး ဖဲချပ်နှစ်ချပ်ကို ချပြသည်။
 
ဖဲချပ်များက Queen (Q♥) နှင့် Jack (J♥) အဖြစ် ပြောင်းလဲသွားသည်။
 
 
ထျန်းနင် တကယ်ပိုင်ဆိုင်ခဲ့သော ဖဲချပ်များကို ထျန်းနင်ကိုယ်တိုင်မှ လွဲ၍ မည်သူမှ မသိနိုင်ပေ။ သူမ လက်ထဲမှ Ace (A) ဖဲချပ်က Queen(Q) ဖဲချပ်အဖြစ် ပြောင်းလဲသွားရသည့် အဖြစ်မှန်ကို ထျန်းနင် ကိုယ်တိုင် သေချာ မသိခဲ့ပါ။
 
 
"Royal flash ( 10♥, J♥ Q♥ K♥ A♥)က  ဖဲသုံးချပ်တူ (three of a kind)ထက် ပိုဂဏန်းကြီးပါတယ်။ ငါတို့ နိုင်တာပေါ့"
 
 
ချွမ်ရဲ့က သူ့မျက်စိရှေ့မှာ မြင်နေရသော ဖဲချပ်များကို မယုံကြည်နိုင်စွာ ငေးစိုက်ကြည့်နေသည်။
 
 
သူ့မျက်နှာက မရွှင်မလန်းဖြစ်နေပြီး အရုပ်ကြိုးပျက်သည့်အလား ပြိုလဲကျသွားသည်။
 
"ချွမ်သူဌေး ၊ မင်းပေးထားတဲ့ ကတိကို တည်ဖို့ မျှော်လင့်ပါတယ် မင်းက စွမ်း‌ဆောင်ရည်မရှိတဲ့ အမြုံပါလို့ တစ်လောကလုံးသိအောင် ကြေညာ‌ရမယ်"
 
"ဟွန့်"
 
ချွမ်ရဲ့က အဖေချွမ်နှင့်အတူတူ မထွက်သွားခင် ထိုင်ခုံကို ဆောင့်ကန်သည်။ ချွမ်ရဲ့တို့ ထွက်သွားမှ ဒိုင်က မို့ထင်ကို စကားပြောလာသည်။
 
"ချွမ်သူဌေးက ကလိမ်ကကျစ်လုပ်တဲ့ အ‌တွေ့အကြုံများတယ်"
 
 
"ငါ သိတယ်"
 
မို့ထင် ပြန်ဖြေသည်။
 
"ရှင်ကရော..."
 
 
ထျနနင်က မို့ထင်ကို စောင်းငဲ့ကြည့်လာသည်။
 
 
"မို့သူဌေးက လူပေါ်ကြော့ကို သင်ခန်းစာ ပေးချင်ရုံပါ။ မို့သူဌေး အနိုင်ရချင်ရင် ဘယ်ကတ်ကိုမဆို ယူထားလို့ရတယ်"
 
 
 
"ရှင်တို့ အချင်းချင်း သိနေသလား"
 
 
ထျန်းနင် ဆက်ခနဲ မေးမြန်းလိုက်သည်။
 
"ဟိုက်ဟွေ့ကို အုပ်ချုပ်ခါစက စီးပွ‌ားရေးလုပ်ဖော်ကိုင်ဖက် မျိုးစုံနဲ့ တွေ့ဆုံခဲ့ရတယ်။ အရင်တုန်းက စီးပွားဖက်တွေနဲ့ ဖဲကစားရင်း ငွေအများကြီး ဖြုန်းခဲ့ဖူးတယ်။ ဒီဖဲကစားတဲ့ ပညာရပ်ကို သေချာလေ့လာဖို့ ဆုံးဖြတ်ခဲ့တာ မမှားဘူးပဲ။ တစ်ချိန်ချိန်တော့ ပြန်အသုံးဝင်သားပဲ"
 
မို့ထင် ရှင်းပြသည်။
 
 
"ချစ်လေးက ယောက်ျားမဆော့တတ်ဖူး ထင်လို့ သူရဲကောင်း ဝင်လုပ်တာ ။ တို့ယောက်ျားက ဖဲဝိဇ္ဇာ ဖြစ်နေတာကိုး"
 
 
ထျန်းနင် သက်ပြင်းချလိုက်သည်။
 
"ဖဲမလိမ်ရင် လက်ထဲမှာရှိနေတဲ့ဖဲချပ်နဲ့ ချွမ်ရဲ့ကို နိုင်ပါ့မလား။ အခုချိန်ထိ ကိုယ့်ဘာသာကိုယ် အောင်နိုင်သူလို့ တွေးနေတုန်းပဲလား"
 
 
***
အပိုင်း (၂၇၈)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now