Ep 388+389+390

102 10 0
                                    

အပိုင်း(၃၈၈)

ညဦးယံအချိန် ထျန်းမိသားစု အိမ်တော်

အမေထျန်းက သူမ ပိုင်ဆိုင်သော ပစ္စည်းများကို ထုပ်ပိုးနေသည်။

ထိုမြင်ကွင်းကြောင့် အဖေထျန်းက သူ့အဖြူရောင် ကုတ်အင်္ကျီကို ဖယ်ရှားကာ စပ်စပ်စုစု မေးမြန်းလာသည်။

"မင်းရဲ့ လက်ဝတ်ရတနာတွေ အားလုံး ဘာလို့ သိမ်းနေတာလဲ"

"ချင်းဝမ်၊ ကျွန်မတို့ သူငယ်ချင်းတွေ လူစုပြီး ခရီးထွက်ဖို့ စီစဉ်ထားတယ်။ တစ်ခုခု လိုအပ်တာရှိရင် အိမ်တော်ထိန်းကိုသာ ပြောတော့"
အမေထျန်းက သူ့လက်ထဲမှ ပစ္စည်းများကို အောက်ချကာ ပြန်ဖြေသည်။

"အင်းပါ။ ဒီနေ့ အရေးကြီးတဲ့ ခွဲစိတ်မှုကြီးကို အောင်အောင်မြင်မြင် ခွဲစိတ်နိုင်ခဲ့တယ်။ နည်းနည်း ပင်ပန်းနေလို့ ရေသွားချိုးတော့မယ်"
အဖေထျန်းက သူမ၏ပခုံးကို ဖွဖွလေး လှမ်းဖက်ကာ ဆက်ပြောသည်။
"ပျော်ခဲ့နော်"

"အင်းပါ"
အမေထျန်းက မျက်ရည်ထိန်းလျက် ခေါင်းညိတ်ပြသည်။

"မနက်ပိုင်းက ထျန်းရွှမ် နဲ့ မင်းရဲ့ သတင်းကို ကြားထားတယ်။ ကလေးက ငယ်သေးတော့ အကြီးဖြစ်တဲ့ မင်းကပဲ ခွင့်လွှတ်ပေးလိုက်ပါ"

ဤစကားကို နှစ်၂၀ကျော် ကြာအောင် နားထောင်ခဲ့ရပြီး အရာရာကို သည်းခံပေးခဲ့ရသည်။ သူမ သည်းခံပေးခဲ့သမျှ ထိုက်တန်မှု မရှိကြောင်း ယခုတော့ သူမ သဘောပေါက်သွားပါပြီ။ သူမက သူတို့အမြင်မှာ လှောင်ရယ်စရာ လူသား တစ်ယောက်ထက် မပိုခဲ့ပေ။

"မြန်မြန် ရေချိုးတော့။ တစ်နေ့လုံး အလုပ်ပင်ပန်းလာတယ်မလား"
အမေထျန်းက သူ့ခင်ပွန်းကို ရေချိုးခန်းထဲ တွန်းပို့သည်။

သူ့မှန်တင်ခုံအနား ပြန်ရောက်လာပြီး မှန်အရှေ့မှာ ထိုင်ကာ မှန်ကို ငေးကြည့်မိမှ ဆံပင်များ ဖြူနေကြောင်း သတိထားမိသည်။ လူတစ်ဦး တစ်ယောက်၏ ရုပ်ရည်က အရွယ်ကျမြန်လွန်းသည်။

ထျန်းကျင်းရွှမ်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ကမျှ အမေထျန်း၏ မူမမှန်သော အပြုအမူကို သတိမမူမိပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now