အပိုင်း(၄၆၄)

109 16 0
                                    

အပိုင်း(၄၆၄)

ထျန်းရွှမ်က မေ့မေ့ဖျောက်ဖျောက်ဖြင့် ဆရာဝန်လင်းနှင့် ယခင်က ဆုံဖူးသော ကော်ဖီ‌ဆိုင်သို့ ရောက်လာခဲ့သည်။  သူမ ထိုင်ခဲ့ဖူးသော ထိုင်ခုံနေရာလေးမှာပင် နေရာယူထားသည်။ ဤနေရာလေးက တိတ်ဆိတ်ပြီး လူကွယ်သည်။

"ခဏနေရင် ခင်ဗျား ဘာပြောရမလဲ မှတ်မိပါသေးတယ်နော်"
လုချယ်က သူ့ကားထဲမှ တဆင့် ကော်ဖီဆိုင်ကို စောင့်ကြည့်ပြီး ဆရာဝန်လင်း၏ စိတ်သဘောထားကို အတည်ပြုသည်။

"ဟုတ်ကဲ့ မှတ်မိပါတယ်"
ဆရာဝန်လင်းက စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။ ကားထဲမှ ထွက်လိုက်စဉ် ပတ်ဝန်းကျင်ကို အကဲခတ်ပြီး
"ရှင် ခိုင်းတဲ့အတိုင်း လုပ်ပေးရင် ကျွန်မကို လွှတ်ပေးမှာ သေချာပါတယ်နော်"

"ငါက စကားတည်ပါတယ်"
လုချယ်က လေးလေးနက်နက် ပြန်ဖြေသည်။

လုချယ်၏တုံ့ပြန်မှုကို ကြားပြီးနောက် ဆရာဝန်လင်းက ကားတံခါးကို တွန်းဖွင့်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလျက် ကော်ဖီဆိုင်ထဲ လမ်းလျှောက်ဝင်သွားသည်။

"နင် ရောက်လာပြီလား"
ထျန်းရွှမ်က ဆရာဝန်၏ ပြောင်းလဲမှုကို သတိမပြုမိပေ။ ဆရာဝန်လင်း ထိုင်ခုံမှာ ထိုင်လိုက်သည်နှင့် သူမက အိတ်လွှဲပေးသည်။
"ဒီထဲမှာ ငွေအပြည့်ပဲ။ ရေတွက်ကြည့်။ မှန်ကန်ရင်တော့ ငါတို့ အပေးအယူ အလုပ်ဖြစ်တယ်လို့ ယူဆလို့ရတယ်။ ငါတို့ ထပ်မဆုံကြတော့ဘူး"

ဆရာဝန်လင်းက အိတ်ကို လက်ခံလိုက်ပြီး အထဲကို ကြည့်သည်။ ငွေအပြည့် မြင်ရသော်လည်း သူ ပိုင်ဆိုင်ခွင့် မရှိပေ။

ထျန်းရွှမ်က အရာအားလုံး ပြီးဆုံးသွားသည်ဟု တွေးမိ၍ ထွက်ခွာသွားရန် မတ်တတ် ရပ်လိုက်သော်လည်း ဆရာဝန်လင်းက သူမကို ရုတ်ခြည်း စကား ပြောလာသည်။
"မိန်းကလေးထျန်းရွှမ်၊ မင်းကို တစ်ခွန်းလောက် မေးလို့ ရမလား"

"ဘာမေးမလို့လဲ"
ထျန်းရွှမ်က မျက်ခုံးပင့်ကာ လှည့်ကြည့်သည်။
"ငွေ မပြည့်လို့လား"

"ထျန်းနင်ရဲ့ သားအိမ်ကို ဖယ်ထုတ်ပစ်ဖို့ ကြံရွယ်ခဲ့တာ နင့် အကြံအစည်ပဲလား။ ထျန်းနင်ကို အဲလောက်အထိ ဆိုးဆိုးရွားရွား နာကျင် ခံစား စေချင်တာလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now