အပိုင်း(၄၆၆)

119 15 0
                                    

အပိုင်း(၄၆၆)

ဤတစ်ကြိမ်တွင် ရှားယွီလင်း ကိုယ်တိုင်ပင် အသိစိတ် လွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ထျန်းရွှမ်က ဤမျှလောက်အထိ ရက်စက်လိမ့်မည်ဟု သူ တစ်ခါလေးမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ထျန်းနင်က သူ့အကြံအစည် အားလုံးကို သိနေခဲ့သော်လည်း သူ့ကို သေမိန့်ပေးမည့် အတွေးမျိုး မရှိခဲ့ပေ။ သို့သော်လည်း လူတချို့က ထျန်းနင် ဘယ်လောက်ပဲ ညှာတာ ထောက်ထားခဲ့သော်လည်း ထျန်းနင်ကို လွှတ်ပေးမည့် အတွေး ရှိမနေခဲ့ပေ။

ရှားယွီလင်း ဒေါသထွက်လွန်း၍ ထိုင်ခုံမှ ထခုန်လုနီးပါး ဖြစ်သွားသော်လည်း ထျန်းအကြီးအကဲက သူမကို ဟန့်တားသည်။
"ဒီကိစ္စကို အဖေ့ တာဝန်ထားပါ။ ရှောင်နင်ကို ထပ်မနာကျင်စေရဘူး"

ရှားယွီလင်းက ထျန်းအကြီးအကဲ၏ လေးနက်သော အကြည့်ကို ကြည့်ပြီး နောက်ဆုံးတော့ သူ့ထိုင်ခုံပေါ်မှာ ပြန်ထိုင်သည်။

ထျန်းအကြီးအကဲက ပြဿနာကို မျှမျှတတ ဖြေရှင်းမလား သူ သိချင်မိသည်။

"သူက ထျန်းမိသားစုဝင် မဟုတ်တော့ပေမဲ့ သူ့ဗိုက်ထဲမှာ ထျန်းမိသားစုရဲ့ ကလေး ရှိနေသေးတယ်။ ကလေးမွေးပြီးရင် မင်းတို့နှစ်ယောက် ကျေနပ်လောက်တဲ့ အဖြေ ပေးပါမယ်"

ထျန်းအကြီးအကဲက ဤနည်းလမ်းကို ကြံရွယ်ခြင်းက အတော်အတန် အကျိုးအကြောင်း သင့်လျော်သည်။ မည်သို့ပင် ဆိုစေကာမူ ကလေး၏ခန္ဓာကိုယ်ထဲ ထျန်းမိသားစု၏ သွေးများ စီးဆင်းနေသည်။ ကလေးကို ကျုံးမိသားစု လက်ထဲ အပ်ခဲ့လျှင် ကလေး ဘယ်လို အဆုံးသတ်မလဲ သေချာ မသိနိုင်ပေ။ အဆိုးရွားဆုံး အနေဖြင့် ထျန်းရွှမ်က ကလေးကို အသုံးချပြီး နောက်တစ်ကြိမ် ထျန်းမိသားစုကို ခြိမ်းခြောက် လာနိုင်သည်။

"အခုကစပြီးတော့ သူ့ကြောင့် နောက်တစ်ကြိမ် မျက်ကန်းတစ္ဆေ မဖြစ်တော့ဘူး"

ထိုစကားသံကို ကြားပြီးနောက် ရှားယွီလင်း လုံးဝ တည်ငြိမ်သွားသည်။ ဤတစ်ကြိမ်တွင် ထျန်းအကြီးအကဲက အလေးအနက် ပြောနေကြောင်းလည်း သူမ သိနေသည်။

သူက ထျန်းရွှမ်ကို အကြိမ်ပေါင်းများစွာ အခွင့်အရေး ပေးခဲ့ဖူးသော်လည်း အချိန်တိုင်း ထျန်းအကြီးအကဲ နာကျင်ခဲ့ရသည်။ ထျန်းရွှမ်က သူ့စိတ် ကျေနပ်မှုအတွက် သူ့ညီမအရင်း၏ သားအိမ်ကို ဖယ်ထုတ်ရန် ကြိုးစားခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now