Ep235+236+237

125 9 0
                                    

အပိုင်း(၂၃၅)ငါတစ်ယောက်တည်း ထျန်းနင်သီချင်းဆိုတာကို နားထောင်မယ်

 
ထျန်းနင် ဒေါသမထွက်သည့်တိုင်အောင် မခံ့ချိမခံသာ ဖြစ်သည့်ခံစားချက်ကြောင့် မျက်နှာအမူအရာပျက်ယွင်းနေလိမ့်မည်ဟု ချင်းယွီတွေးခဲ့မိသည်။ သို့သော်လည်း ထျန်းနင်က မျက်လွှာချထားလိုက်ပြီး စကားပြန်ပြောလိုက်သည်။
"ငါ့ကို နှုတ်လှန်ထိုးနေလို့ ဘာမှအသုံးမဝင်ဘူး"
 
ရန်သူ၏ မခံချင်အောင်ပြောဆိုတတ်သည့် အပြောအဆိုကြောင့် ရန်သူ၏ထောက်ချောက်ထဲ ကျရောက်သွားမည့် မိန်းမစားမျိုး မဟုတ်ချေ။
 
ချင်းယွီ ရယ်မောလိုက်သည်။ သူမက ထျန်းနင်ကို အထင်သေးမိမှန်း နားလည်လိုက်သည်။
 
"ဟယ် ချင်းယွီ နောက်ထပ်ဆုတစ်ခုကို ထပ်ရပြန်ပြီ။ သားမြတ်အလှဆုံး အလှမယ် ၁၀ယောက်စာရင်းဝင်လို့ရတဲ့ ဆုတံဆိပ်ပဲ"
 
တစ်ညလုံး ချင်းယွီက ဆုတံဆိပ် ၃ခု ၄ခုကို ရခဲ့သော်လည်း တစ်ခုမှ ပေါ်လွင်မှု မရှိချေ။ ထင်ပေါ်ကျော်ကြားသည့်ဆုတံဆိပ်များက ဟွာကျင်းကျင်း နှင့် တခြားသူများထံ ပါသွားသည်။ ဝင်ငွေအကောင်းဆုံး ထိပ်တန်းမော်ဒယ်သတ်မှတ်ချက်၏ပထမနေရာကို ဟိုက်ဟွေ့၏ နိုင်ငံကိုယ်စားပြု အလှမယ်လေး ပိုင်ဆိုင်သွားသည်။ သူမက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စူပါမော်ဒယ် ဖြစ်ခဲ့သည့်အပြင် သူမ၏ကိုယ်ပိုင် ဖက်ရှင်တံဆိပ်ကို တည်ထောင်ထားနိုင်ခဲ့ပြီးဖက်ရှင်လောက၏ထိပ်တန်းမှာ ရပ်တည်နိုင်သည်။ သူမက ယခုလို ပွဲအခမ်းအနားမျိုး တက်ရောက်လေ့ မရှိပေ။
 
ဟွာကျင်းကျင်းကိုယ်တိုင်လည်း ထိုမိန်းကလေးကို မြင်ဖူးရုံသာ မြင်ဖူးသည်။
 
နံပါတ်၂နေရာကို Star Kingမှ မော်ဒယ်က အရယူသွား၍ ဟွာကျင်းကျင်းက နံပါတ်၃နေရာမှာ ရပ်တန့်သွားသည်။
 
ဤအဆင့်သတ်မှတ်ချက်က ၎င်းမော်ဒယ်မိန်းကလေးများ၏ကြောက်ခမန်းလိ်လိ် ဝင်ငွေနှင့် ကြွယ်ဝချမ်းသာမှုကို ကိုယ်စားပြုသည်။
 
ထျန်းနင်က  ဟွာကျင်းကျင်း စင်ပေါ်တက်သွားသည့်မြင်ကွင်းကို တိတ်တိတ်လေး ထိုင်ကြည့်နေသည်။ ဟွာကျင်းကျင်း၏အောင်မြင်မှုကြောင့် သူမလည်း အလွန်အမင်း ပျော်ရွှင်နေသည်။ ဟွာကျင်းကျင်း ကျေးဇူးတင်စကား ပြောရမည့် အလှည့်ကျရောက်လာပါပြီ။
 
ဟွာကျင်းကျင်းက စင်ပေါ်မှာ မတ်တတ်ရပ်နေပြီး ထျန်းနင်ကို လှမ်းကြည့်သည်။ သူတို့နှစ်ဦး အကြည့်ချင်းဆုံခုိက် အပြံုးချင်းဖလှယ်လိုက်သည်။
 
"အားလုံးသိကြတဲ့အတိုင်း လွန်ခဲ့တဲ့ရက်ပိုင်းလောက်က တွေ့ကြံုခဲ့ရတဲ့ လောကဓံကြောင့် ကျွန်မဟွာကျင်းကျင်း ဘဝပျက်တော့မလို ဖြစ်ခဲ့ရတယ်။ အဲဒီလိုအချိန်မှာ ကျင်းကျင်းကို ပျက်စီးနေတဲ့လမ်းကြောင်းကနေ လမ်းမှန်ပေါ် ဆွဲတင်ပေးခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကျင်းကျင်း ပြောနေတဲ့သူက တခြားသူတော့ မဟုတ်ဘူး။ စင်မြင့်ရဲ့ညာဘက်ခြမ်းမှာ ထိုင်နေတဲ့ ထျန်းနင်ပါပဲ"
 
ဟွာကျင်းကျင်း စကားပြောနေစဥ် သူမ၏ပါးမို့မို့ပေါ် မျက်ရည်စက်များ ကျဆင်းလာသည်။
 
"ဒီပွဲကို ကြွရောက်လာတဲ့လူကြီးမင်းတို့ သူငယ်ချင်းတို့မှာ တခြားသူရဲ့နွေးထွေးမှုကို ခံစားဖူးလာတော့ ကျင်းကျင်းလည်း သေချာမပြောတတ်ပါဘူး။ ဒါပေမဲ့ ထျန်းနင်နဲ့ မတွေ့ခင်အထိ ထျန်းနင်လို စိတ်ရင်းကောင်းတဲ့ မိတ်ဆွေမျိုး ကျင်းကျင်းဘဝမှာ မရှိခဲ့ဖူးဘူး။ ကျင်းကျင်းရဲ့ဘဝက အမှောင်ထဲလမ်းပျောက်နေခဲ့တာ။ နေ့တိုင်းလိုလို သတ်သေချင်စိတ်က ကြီးစိုးထားတယ်။ ဒီလောကကြီးထဲ အသက်ဆက်ရှင်နေရတာ အဓိပ္ပါယ်မဲ့နေသလိုပါပဲ။ ကျင်းကျင်းဘဝထဲ ထျန်းနင်ရောက်လာတည်းက  ကျင်းကျင်းကို မိသားစုဝင်တစ်ယောက်လို ဂရုစိုက်ပေးခဲ့တယ်။ ကျင်းကျင်းရဲ့ခံစားချက်ကို နားလည်ပေးနိုင်တယ်။အကျိုးအမြတ်တွေ ကောင်းကျိုးဆိုးကျိုးတွေအကျိုးဆက်တွေကို လျစ်လျူရှုခဲ့တယ်။ ကျင်းကျင်းဘက်က ရပ်တည်ပေးခဲ့တယ်"
 
"ကျင်းကျင်းကို အမှောင်ထုထဲက ဆွဲထုတ်ခဲ့ပြီး  ကျင်းကျင်းကို အသက်ပြန်သွင်းပေးခဲ့တာလည်း ထျန်းနင်ပါ။ ကျင်းကျင်းကို ဇွဲမလျော့ဖို့ လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ အမြဲအသိပေးခဲ့တယ်။ ပြောရရင် ထျန်းနင်ကိုယ်တိုင်ကလည်း မိတ်ဆွေကောင်း ညီအစ်မကောင်း ပီသတဲ့အပြင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမမြတ်လေးပါ"
 
"ဒီစင်မြင့်ပေါ်ကနေ ထျန်းနင်ကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ ထျန်းနင် ငါ့ကို ယုံကြည်ပြီး ငါ့ဘက်က ရှိနေပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒုတိယအနေနဲ့ ဟိုက်ဟွေ့က အနုပညာမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့အနေနဲ့ ကိုယ့်ဘာသာကိုယ် ကျေးဇူးတင်ချင်တယ်"
 
"အခုကစပြီးတော့ အကောင်းဆုံး ရှင်သန်သွားမယ်။ အခုမှ ကျင်းကျင်းကိုယ် ကျင်းကျင်း လူသားတစ်ယောက်ပါလို့ ပြန်ခံစားမိလို့  ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အတိတ်အားလုံးကို အတိတ်မှာ ချန်ခဲ့တော့မယ်"
 
"အခုအချိန်အထိ ကိုယ့်ဘာသာကိုယ် မစွန့်ပစ်လိုက်ဘဲ အသက်ဆက်ရှင်ဖို့ ဆုံးဖြတ်ခဲ့လို့ ကိုယ့်ဘာသာကိုယ် ကျေးဇူးတင်မိတယ်။ ကျင်းကျင်းပြောချင်တာ ဒီလောက်ပါပဲ ။ အားလုံးကို ကျေးဇူးတင်ပါတယ်"
 
ဟွာကျင်းကျင်းက ဆုတံဆိပ်ကို  နမ်းလိုက်လိုက်သည့် ကြည်နူးဖွယ်မြင်ကွင်းလေးကို ထျန်းနင် ငေးကြည့်နေမိသည်။ ထို့နောက် ပရိသတ်လူထုကြီး ၏ကျယ်လောင်သော လက်ခုပ်ဩဘာသံကို ကြားလိုက်ရသည်။
 
လူတိုင်းလူတိုင်းမှာ မိမိကုိယ်မိမိ ယုံကြည်သည့်စိတ်သန္တန်ရှိနေလျှင် ဘဝကို အချိန်မရွေး အသစ်ပြန်စတင်နိုင်သည့်အခွင့်အရေးရှိသည်။
 
"ဟွာကျင်းကျင်းပြောသမျှကို နားထောင်ရတာ ငါတို့တောင် စိတ်လှုပ်ရှားမိတယ်။ ထျန်းနင်လည်း ဒီပွဲမှာ ရှိနေတော့ ကျင်းကျင်း နဲ့ ထျန်းနင်တို့ကို သီချင်းလေးနဲဲ့ ဖျော်ဖြေပေးဖို့ တောင်းဆိုရင် မကောင်းဘူးလား။ မင်းတို့အားလုံးရော သီချင်းနားထောင်ချင်လား"
 
အစီအစဉ်မှူးက စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။
 
ပရိသတ်က လက်ခုပ်တီးသံဖြင့် ပြန်လည်တုံ့ပြန်သည်။
 
အစီအစဉ်မှူး ပြံုးလိုက်သည်။  ဟွာကျင်းကျင်းနှင့် ထျန်းနင်တို့ ခေါင်းညိတ်သဘောတူလိုက်ခြင်းကို မြင်မှ သူမဆက်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကျင်းကျင်းတို့ပြင်ဆင်လို့ရအောင် ဆုပေးပွဲအခမ်းအနားလေးကို ဆက်ကျင်းပကြမယ်"
 
ချင်းယွီက ထျန်းနင်ကို ယုတ်မာသောအကြည့်ဖြင့် ကြည့်ရှုနေသည်။
 
ထျန်းနင်နှင့်ဟွာကျင်းကျင်းတို့ သီချင်းဆိုရန် စင်နောက်ဘက်မှာ ပြင်ဆင်နေစဉ် ချင်းယွီလည်း သူမ၏ထိုင်ခုံမှာ မရှိတော့ပေ။ ခဏကြာမှ ပြန်ရောက်လာသည်။
 
သိပ်မကြာလိုက် ဆုပေးပွဲအခမ်းအနား၏အရေးပါသည့် အချိန်ကာလကို ရောက်သွားပြီး ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့ကို စင်ပေါ် မှာ ပြန်တွေ့ရသည်။ ဟွာကျင်းကျင်းနှင့် ထျန်းနင်က မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားပြီး စင်၏တစ်ဖက်စီမှာ မတ်တတ်ရပ်နေသည်။
 
တစ်ယောက်က အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူတို့နှစ်ဦးစလုံး ထင်ပေါ်အောင် မီးမောင်းထိုးပြထားသည်။ အားလုံး စိတ်ဝင်တစား နားစွင့်နေချိန် သံစဥ်ကို စတင်တီးခတ်လာသည်။ သံစဥ်ကြောင့် ဟွာကျင်းကျင်းတို့ သီဆိုမည့်သီချင်းခေါင်းစဥ်က 'ပျောက်ဆုံးခြင်း'မှန်း သိလိုက်သည်။
 
ဟွာကျင်းကျင်း၏အသံက အလွမ်းဓာတ်ခံကြောင့် လွမ်းဆွေးဖွယ်ရာ သီချင်းသံလေးဖြစ်ပေါ်နေသည်။ ထျန်းနင်၏အသံက ကြည်လင်ပြီး အသံငြိမ်ကာ နားဝင်ချိုသည်။
 
သူတို့၏ကျွမ်းကျင်သည့်အလုပ်က မော်ဒယ်အလုပ်ဖြစ်သော်လည်း သူတို့က ကောင်းကောင်းမွန်မွန် သီချင်းဆိုနိုင်သည်။
 
လုချယ်က သူ့ရုံးခန်းမှာ  ပွဲအခမ်းအနားကို ကြည့်ရှုနေသည်။ ထျန်းနင် သီချင်းဆိုလိုက်သည်ကို ကြားကြားချင်း မို့ထင်၏ရုံးခန်းကို အပြေးအလွှားသွားပြီး မို့ထင်အတွက် တီဗီဖွင့်ပေးလိုက်သည်။
 
ဖန်သားပြင်ပေါ်မှာ အချောအလှနှစ်ဦး၏ သီချင်းသံကို နားစွင့်ပြီး မို့ထင် တုန်လှုပ်သွားသည်။
 
"ဥက္ကဋ္ဌ။ အခုကစပြီးတော့ သခင်မကို မော်ဒယ်ရှုိးမလျှောက်ခိုင်းနဲ့့တော့ သခင်မကို သီချင်းခွေပဲ ထုတ်ပေးတော့"
လုချယ်အကြံပြုလိုက်သည်။
 
"မဖြစ်ဘူး။ သီချင်းဆိုလို့မဖြစ်ပါဘူး..."
မို့ထင် သဘောမတူပေ။
"အခုကစပြီး ငါတစ်ယောက်တည်းပဲ ငါ့အချစ်လေး သီချင်းဆိုတာကို နားထောင်မယ်။ ဒီတစ်ခေါက်တော့ တခြားသူတွေကို နားထောင်ခွင့်ပေးလိုက်မယ်"
 
လုချယ်
"..."
 
မို့ထင်ပြံုးလိုက်ပြီး သူ့လက်ထဲမှ စာရွက်စာတမ်းကို အောက်ချထားလိုက်သည်။
 
"အရေးကြီးတဲ့သတင်းကြေညာဖို့ ဖန်ယွီကို သတိပေးလိုက်ပါဦး"
 
"ဟုတ်ကဲ့"
 
မို့ထင်က သူ့စားပွဲခုံပေါ် လက်တစ်ဖက်ထောက်လိုက်ပြီး ဖန်သားပြင်ပေါ်မှာ ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့ သီချင်းဆိုနေသည်ကို စောင့်ကြည့်နေသည်။
 
ထျန်းနင်၏ခံစားချက်အပြည့်ဖြင့်သီဆိုနေသည့် အသံက သူ့ကို စိတ်လှုပ်ရှားစေသည်။ မို့ထင် သူ့ဘာသာသူ ကျေနပ်အားရစွာ ရယ်လိုက်သည်။
 
" ငါ့ဇနီးလေးရဲ့ အသံကာလာကို သဘောကျလို့ သီချင်းခွေထုတ်ပေးမယ်သူ ပေါ်လာတော့မယ်"
 
ဆုပေးပွဲအခမ်းအနားမှာ သီချင်းသံအဆုံးသတ်သည်နှင့်တစ်ပြိုင်နက်တည်း ခန်းမဆောင်တစ်ခုလုံး လက်ခုပ်တီးသံများညံသွားသည်။
 
ထျန်းနင်နှင့် ဟွာကျင်းကျင်းတို့က တစ်ယောက်နှင့်တစ်ယောက် ပြံုးပြနေသည်။ မီးအလင်းရောင်ပိတ်သွားပြီးနောက် သူတို့နှစ်ဦးစလုံး စင်အလယ်မှာ ဆုံဆည်းပြီး ပရိသတ်ကို ကျေးဇူးတင်ကြောင်းပြောဆိုရန် စီစဉ်ထားသည်။
 
သို့သော်လည်း ကက်ဦးထုပ်ဆောင်းထားသည့်အမျိုးသားတစ်ဦး စင်ပေါ် ပြေးတက်လာြပီး ထျန်းနင်ကို တွန်းထုတ်လိုက်သည်။
 
ထျန်းနင်က စင်အစွန်းနားနှင့် ကပ်နေ၍ စင်အောက် လဲကျသွားသည်။
 
အရာအားလုံးက အားလုံး မမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ခန်းမဆောင်တစ်ခုလုံး ပွက်လောရိုက်သွားပြီး အုတ်အော်သောင်နင်း ဖြစ်သွားသည်။
ကက်ဦးထုပ်ဆောင်းထားသည့်အမျိုးသားက စင်ပေါ်မှ ခုန်ဆင်းပြီး ပရိသတ်အဖွဲ့၏အနောက်ဘက်ကို ပြေးထွက်သွားသည်။ လုံခြံုရေးဝန်ထမ်းများက သူ့နောက်ကို ချက်ချင်း လိုက်သွားသည်။
 
ထိုစဉ် ဟွာကျင်းကျင်းလည်း စင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ထျန်းနင်၏အနားကို အပြေးအလွှားသွားသည်။  ထျန်းနင်က ကြမ်းပြင်ပေါ်မှာ မလှုပ်မရှား လဲလျောင်းနေသည့်မြင်ကွင်းက သူ့ကို သွေးပျက်စေသည်။
 
"ထျန်းနင် ၊ ထျန်းနင်..."
 
စက္ကန့်ပိုင်းကြာပြီးနောက် ထျန်းနင် သတိရလာသည်။ တခြားသူများ၏အကူအညီဖြင့်ဧည့်သည်တော် ထိုင်ခုံအနား ထျန်းနင်ကို  တွဲခေါ်သွားသည်။
 
"ထျန်းနင် အဆင်ပြေရဲ့လား"
ဟွာကျင်းကျင်း စိုးရိမ်မိသည်။
 
ထျန်းနင် ခေါင်းခါလိုက်သည်။ သူမ၏စိတ်ထဲ မို့ထင်ကို ပိုစိုးရိမ်မိသည်။ စင်ပေါ်မှာ ဖြစ်ခဲ့သည့် ဖြစ်ရပ်ကို မို့ထင် မြင်သွားနိုင်သည်။
ဟွာကျင်းကျင်းက ထျန်းနင်ကို စိတ်မချမိ၍ အရေးပေါ်ကားခေါ်ရန် ဖုန်းထုတ်လိုက်သော်လည်း ထျန်းနင်က သူမကို ဟန့်တားခဲ့သည်။
 
"ဝရုန်းသုန်းကား မဖြစ်စေနဲ့။ တရားခံကို အရင်ဆုံးဖမ်းမယ်။ ငါတကယ် အဆင်ပြေပါတယ်"
 
ပြီးပါပြီ။
 
အပိုင်း(၂၃၆)တရားခံကိုရှာတွေပြီ

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now