စာစဉ်(၂၀) Ep 271+272+273

129 7 0
                                    

အပိုင်း (၂၇၁)

 
မို့ထင်၏လျှို့ဝှက်ဆန်းကြယ်သော အကျင့်စရိုက်နှင့် ယှဉ်လိုက်လျှင် ချွမ်ရဲ့က မီဒီယာလောကသားများနှင့် ပို၍ ထိတွေ့မှုရှိပြီး မကြာခဏ အင်တာဗျူး လက်ခံလေ့ရှိသည်။ သတင်းထောက်များနှင့် အမှတ်မထင် စုံတွေ့ခဲ့ချိန်တိုင်း သူ နှင့် သူ့မိန်းကလေးအဖော် စိတ်ကြည်နေခဲ့လျှင် သတင်းထောက် မေးမြန်းသောမေးခွန်းတိုင်းကို ရက်ရက်ရောရော ဖြေပေးလေ့ ရှိသည်။
 
 
 
သာဓက အနေဖြင့် ပြရမည်ဆိုလျှင် အမွှာ မော်ဒယ်မိန်းကလေး နှစ်ယောက်ဖြင့် တရုတ်ပြည် ပြန်ရောက်လာသည့် အဖြစ်အပျက်ကိုသာ ညွှန်ပြရပါလိမ့်မည်။
 
 
 
သူတို့သုံးယောက် အပျော်စီးသင်္ဘောပေါ်မှာ ဆင်းဆင်းချင်း သူတို့ကို စောင့်မျှော်နေသော သတင်းထောက် အဖွဲ့နှင့် ပက်ပင်းတိုးသည်။
 
 
"ချွမ်သူဌေး ခင်ဗျား။ ကျွန်တော်တို့ကို အင်တာဗျူးခွင့်လေး ပေးပါဗျာ။ ချွမ်သူဌေး ပေကျင်းပြန်ရောက်ရောက်ချင်း အများသူငှာရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တယ်နော်။ မို့သူဌေး နည်းတူး သတင်းခေါင်းစီးပိုင်းတွေမှာပါလာတော့ မီဒီယာကို တော်တော်လေး လွှမ်းမိုးနိုင်ခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး ချွမ်သူဌေးရဲ့ အတွေးလေးကို ထုတ်ပြောပေးနိုင်မလား"
 
 
"တစ်ယောက်နဲ့တစ်ယောက် ယှဉ်ကြည့်ကြရင် ဘာတွေများ အဓိက ကွာခြားမယ်လို့ ထင်လဲ"
 
 
ချွမ်ရဲ့၏ခြေလှမ်းများရပ်တန့်သွားပြီး နေကာမျက်မှန်ကိုင်းကို ဆွဲချလိုက်ပြီး လူတိုင်းကို ဖြန့်ကြည့်သည်။ ထို့နောက် ရယ်မောလိုက်သည်။
 
"ကျွန်တော့် အတွေးကို သိချင်တာလား"
 
"ကျနော်တို့နှစ်ယောက်ကြား ကွာခြားချက်ကတော့ လိင်ပိုင်းဆိုင်ရာ တိမ်ညွန့်မှုပဲ ဖြစ်လောက်မှာပါ"
 
 
ချွမ်ရဲ့က အမွှာမော်ဒယ်နှစ်ဦး၏ ပခုံးကို မဖက်ခင် ရယ်မောကာ ခပ်ဝေးဝေးကို လမ်းလျှောက်ထွက်သွားသည်။
 
 
 
ထိုအချိန်မှစ၍ ဟိုက်ဟွေ့ဖျော်ဖြေရေး၏ စီအီအို အသက်၃၂နှစ်အရွယ်ရှိသော မို့ထင်က လိင်တူကြိုက်နှစ်သက်သူဟု သတင်းပြန့်သွားသည်။
 
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးကို မို့ထင် စတင်အုပ်ချုပ်ချိန်တည်းက မို့ထင်က သိုသိုဝှက်ဝှက် နေထိုင်တတ်ပြီး ကောလဟာလသတင်း မထွက်ခဲ့ဖူးပေ။ အထူးသဖြင့် မိန်းကလေးများနှင့် ခြေရှုပ်တတ်သည့် သတင်းဆိုးမျိုး မရှိခဲ့ဖူးချေ။
 
 
ကြယ်ဘုရင်ဖျော်ဖြေရေး၏ သူဌေးချွမ်ရဲ့က ကြယ်ဘုရင်အေဂျင်စီတွင် ရှိသော အနုပညာရှင် အရေအတွက်နှင့် မျှခြေရှိသော ချစ်သူမိန်းကလေးများ ရှိနေခဲ့သည်။
 
 
ချစ်သူ မိန်းကလေး တစ်ယောက်မျှ မရှိခဲ့ဖူးသည့် မို့ထင်က အပြင်လောကမှာ လူထူးလူဆန်း ဖြစ်နေခဲ့သည်။
 
ယခုတော့ ထျန်းနင်နှင့် သတင်းထွက်နေသော်လည်း ချွမ်ရဲ့ အင်တာဗျူးကြောင့် မို့ထက်က သူ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ချင်၍ ထျန်းနင်ကို ကာဗာတွဲသည်ဟု လူတိုင်းနီးနီး ယူဆသွားသည်။
 
 
မို့ထင်က ယောက်ျားချင်းကြိုက်နှစ်သက်သူ ဟူသော သတင်းက တောမီးအလား နေရာအနှံ့ပြန့်သွားသည်။ သို့တိုင် ဟိုက်ဟွေ့ဖျော်ဖြေရေးကို ပြဿနာ မရှာရဲ၍ တိုးတိုးတိတ်တိတ် အတင်းတုပ်ရုံသာ တတ်နိုင်သည်။
 
 
"ဟေ့ မင်းတို့တွေရော ဟိုက်ဟွေ့စီအီအို သတင်း ကြားပြီးပြီလား။ ငါတော့ မယုံကြည်နိုင်ဘူး"
 
 
"တစ်ခုခုကို ဖုံးကွယ်ထားပုံရတယ်နော်။ သာမန်ယောက်ျားတွေလို ခန္ဓာကိုယ်ကို အများရှေ့ ဖော်ပြတာ မမြင်မိဘူး။ Gayတွေက တခြားသူတွေ ဝေဖန်မှာ ကဲ့ရဲ့မှာကို ရှောင်တတ်ကြတယ်။ ဒါကြောင့်လည်း မို့သူဌေးက သာမန်လူတွေထက်တောင် ပိုထူးကဲနေတာပေါ့"
 
 
"ဒါဆိုရင် ထျန်းနင်က ဘယ်လိုဖြစ်သွားမလဲ။ ထျန်းနင် ပုလင်းကွဲရှပြီပေါ့"
 
 
"ငါ့အထင်တော့ သူတို့ကို Shipနေတဲ့ ဖန်တွေရဲ့ ရင်ထဲ ကမ္ဘာပျက်နေလောက်ပြီ"
 
 
"အဲဒီချွမ်ရဲ့ကလည်း စကားပြော မဆင်ခြင်ဘူး။ သူ့ဘာသာသူ ဖော်ဖော်လော်လော် နေတတ်ရုံနဲ့ တခြားသူတွေပါ သူ့လို နေရမှာလား။ သူနဲ့ မတူတဲ့သူက သာမန်လူ မဟုတ်တော့ဘူးလား။ ဖျော်ဖြေရေးလောကမှာ သိုသိုဝှက်ဝှက် နေတတ်တဲ့သူ မရှိနိုင်တော့ဘူးလား။ မို့သူဌေးက ငါတို့တွေ မသိအောင် လက်ထပ်ထားတာလည်း ဖြစ်နိုင်ပါတယ်"
 
 
"သူက လက်ထပ်ထားပြီသားဆိုရင် ဘာလို့ ထျန်းနင်နဲ့ ဟိုလိုလိုသည်လိုလို သတင်းတွေ ထွက်နေရတာလဲ"
 
 
မီဒီယာအများစုက မို့ထင်၏ကိုယ်ရေးကိုယ်တာကိစ္စကို မဟုတ်မမှန် သတင်းဖွရန် မဝံ့မရဲ ဖြစ်နေသည်။
 
 
ရဲတင်းလွန်းသော အင်တာနက်သုံးစွဲသူများကသာ စကားကို လက်လွတ်စပယ် ပြောဆိုရဲသည်။
 
 
"ထျန်းနင်၊ ချွမ်ရဲ့ဆိုတဲ့ကောင်က ကိုယ့်ပါးစပ်ကိုယ် ထိန်းရကောင်းမှန်း မသိပါလား။ သူ့လို အရိုးငေါထွက်နေတဲ့ ခန္ဓာကိုယ်ကို ငါ့တို့သူဌေးကြီးက မယှဉ်နိုင်ဘူးလို့ ပြောရဲသေးတယ်နော်"
 
 
လုံကျဲက သတင်းကို ဖတ်ရှုလိုက်ပြီး မကျေမနပ် အော်ဟစ်နေသည်။
 
"အေဂျင်စီချင်း ယှဉ်တာ မနိုင်မှန်း သိတော့ သူဌေးချင်း ယှဉ်ချင်နေတာ သိသားလွန်းတယ်"
 
ထျန်းနင်က ခေါင်းလှည့်ပြီး တံခါးပိတ်ထားသော စာကြည့်ခန်းကို ကြည့်လိုက်သည်။
 
 
သူမကို စော်ကားမော်ကား ပြောဆိုသည့် လူပေါင်းများစွာ ရှိလည်း သူမ ဂရုစိုက်နေမည် မဟုတ်ပေ။ ယခုတော့ သူမ ချစ်မြတ်နိုးရသော မို့ထင်ကို နစ်နာအောင် ပြောဆိုနေ၍ ဒေါကန်မိသည်။
 
 
ဟိုက်ဟွေ့ဖျော်ဖြေရေးက အခြေအနေကို ထိန်းချုပ်ရန် ပီအာအဖွဲ့ကို အသုံးချခဲ့သော်လည်း မို့ထင်ကို စွပ်စွဲနေသည့် လိင်တူကြိုက်သူဟူသော ပြောဆိုချက်က နောင်အနာဂတ်မှာ အဟန့်အတား ဖြစ်လာနိုင်သည်။
 
 
 
ထျန်းနင်က မို့ထင်ကိုယ်စား ရှေ့ထွက် ပြောခဲ့လျှင်လည်း မို့ထင်နှင့် အခြေအနေချင်း ကွာခြားလွန်း၍ သူမပြောသည့် စကားလုံးများက အရေးပါ အရာမရောက်နိုင်ချေ။
 
 
 
 
"သူဌေးကြီး ဘာပြောသေးလဲ"
 
 
 
"သူ ဘာမှမပြောပါဘူး"
 
ထျန်းနင် ပြန်ဖြေသည်။
 
"ဒါဆိုရင် ချွမ်ရဲ့ စော်ကားတာကို ထိုင်ကြည့်နေတော့မှာလား။ ချွမ်ရဲ့ကို သင်ခန်းစာ ပေးဖို့ ငါတို့တွေ ကြိုတွေးထားသင့်တယ်..."
 
 
ထျန်းနင်က ခေါင်းငုံ့ကာ ချင့်ချိန်စဉ်းစားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှ ထလိုက်ပြီး စာကြည့်ခန်းဘက် ထွက်လာခဲ့သည်။
 
 
အလုပ်ကြိုးစားနေသော ခင်ပွန်းသည်ဘေးနား လမ်းလျှောက်လာပြီး ဘေးနားမှာ ထိုင်လိုက်သည်။
 
 
"ချစ် ဘာဖြစ်လို့လဲ"
 
 
"အွန်းလိုင်းက သတင်းကို ဖတ်ပြီးပြီ"
 
ထျန်းနင်က မို့ထင်၏ ရင်ခွင်လေးကို မှီလိုက်သည်။
 
"ချစ် အမှန်တိုင်းဝန်ခံရရင်၊ အဲဒီသတင်းကြောင့် စိတ်ထဲဘဝင်မကျ ဖြစ်မိတယ်။ အဲဒီချွမ်ရဲ့က 'ထင်'ရဲ့ ဂုဏ်သိက္ခာကို ချတာပဲ။ အဲလို လူတန်းစားမျိုးကို 'ချစ်' ခွင့်မလွှတ်နိုင်ဘူး"
 
 
မို့ထင်၏လက်တစ်ဖက်က စာရွက်များကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ထျန်းနင်၏ဆံသားလေးကို ဖွဖွလေးသပ်လိုက်သည်။
 
 
"သူ့ရဲ့ ပိန်ကပ်ကပ် ခန္ဓာကိုယ်က ကိုယ်နဲ့ယှဉ်နိုင်တဲ့ အဆင့်ရှိလို့လား ချစ်လေးရယ်"
 
 
"ဒါဆိုရင် 'ထင်'က ဘာမှ ပြန်မတုံ့ပြန်တော့ဘူးလား"
 
 
"သူ့အဖေကို ဖုန်းဆက်ပြောထားတယ်။ မိဘဝတ္ထရားအတိုင်း ကိုယ့်သားသမီးကိုယ် ဆုံးမပါလို့။ သူတို့ဘက်က မသွန်သင်ရင်တော့ ကိုယ် ဝင်ပါရလိမ့်မယ်"
 
 
မို့ထင်က စာရွက်စာတမ်းများကို ဖတ်ရှုလျက် ထျန်းနင်၏ မေးခွန်းကို ပြန်ဖြေသည်။
 
 
"ယောက်ျားက သူ့အဖေနဲ့ ရင်းနှီးတယ်လား"
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေး နဲ့ ကြယ်ဘုရင်ဖျော်ဖြေရေးက ပြိုင်ဘက်တွေ ဖြစ်ပေမဲ့လည်း လူကြီးတွေက မိတ်ဆွေဖြစ်နေတုန်းပဲ"
 
 
"အဲဒါကြောင့် လူကြီးတွေကို တိုင်လိုက်တာလား"
 
ထျန်းနင် အတော်ကလေး အံ့အားသင့်မိသည်။
 
"ဒါကြောင့်လည်း ကိုယ့်ကို ပွဲတစ်ပွဲ ဖိတ်ထားတယ်"
 
မို့ထင်က စာရွက်စာတမ်းများကို အောက်ချထားလိုက်ပြီး ထျန်းနင်ကို ကြည့်လိုက်သည်။
 
"အဲဒီပွဲကို သူ့အဖေရော ကိုယ့်ဦးလေးငယ်ရော တက်လိမ့်မယ်။ စစ်ပြေငြိမ်းတဲ့ သဘောအနေနဲ့လေ"
 
ယခုပြ|ဿနာက သာမန်ကာလျှံကာ ပြီးဆုံးသွားလိမ့်မည်ဟု ထျန်းနင် မမျှော်လင့်ခဲ့ဖူးပေ။
 
ထျန်းနင်က အမြဲတမ်း စိတ်တည်ငြိမ်စွာ ပြဿနာကို ရင်ဆိုင်လေ့ ရှိသူမှန်း မို့ထင် သိပါသည်။ သူမ၏ဂုဏ်သိက္ခာကို  ချနင်းသော လူတချို့ကိုပင် စိတ်ထဲမထားတတ်သူ ဖြစ်သည်။
 
 
မို့ထင် တစ်ကြိမ်တစ်ခါ စော်ကားခံရလည်း ထျန်းနင်၏စိတ်ထဲ ထိုခံစားချက်ကို စွဲမြဲနေအောင် အမှတ်ရနေသည်။
 
 
"ကိုယ့်ချစ်လေးက ကိုယ့်ဂုဏ်သိက္ခာကို အသက်ထက် တန်ဖိုးထားတော့လည်း ကိုယ်က ဒီပြဿနာကို လွယ်လွယ်နဲ့ အဆုံးသတ်လိုက်စရာလား"
 
 
ထျန်းနင် သဘောကျ နှစ်ခြိုက်စွာ ရယ်မောလိုက်သည်။ မို့ထင်က တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တည်းက သူမ စိတ်ပူနေစရာ မလိုအပ်တော့ချေ။
 
 
"ဒါနဲ့ တွေ့ဆုံပွဲက ဘယ်အချိန်လဲ"
 
 
"မနက်ဖြန် ည၇နာရီ"
 
 
"ဒီလိုဆိုရင်တော့ အခုတည်းက အဝတ်အစား သွားရွေးတော့မယ်"
 
 
တကယ်တမ်း သူမက မို့ထင်၏မိန်းကလေးအဖော် အဖြစ် ပွဲတက်သော်လည်း မို့ထင်၏ဦးငယ်လေးကို တွေ့ဆုံရမည့် အမှန်တရားကို ငြင်းဆန် မရပေ။ သူမကို မကောင်းသောထင်မြင်ချက် ပေးသွားမည်ကိုလည်း မလိုလားချေ။ ထို့ကြောင့် အချိန်ရှိခိုက် သင့်လျော်သော အဝတ်အစား ရွေးချယ်ရန် အဝတ်အစားခန်းကို ပြေးသွားပြီး စိုးရိမ်ကြောင့်ကြစွာ အဝတ်အစား ရွေးချယ်ရတော့သည်။
 
 
သူ့ရင်ခွင်လေး ဟာလာဟင်းလင်း ဖြစ်သွားသော အနေအထားလေးကို ငေးကြည့်ပြီး မို့ထင်က ခေါင်းခါလိုက်ပြီး မို့ထင် တီတိုးရေရွတ်လိုက်သည်။
 
"သူ့မိန်းမက ဘာဆိုဘာမှ မကြောက်တတ်ပါဘူး။ ဘာဆိုဘာမှ မကြောက်တတ်တဲ့ သူ့မိန်းမကလည်း နောက်ဆုံးတော့ နူးညံ့တဲ့မိန်းမသားပါပဲ"
 
လုံကျဲက အောက်ထပ်မှာ ထိုင်နေပြီး အနည်းငယ် ပျင်းရိနေသည်။ ထျန်းနင်က အဝတ်အစားဗိဒိုထဲမှ ထုတ်လာသော အဝတ်အစားများဖြင့် အလုပ်ရှုပ်နေသည်ကို မြင်ရသောအခါ ထျန်းနင်အနား လမ်းလျှောက်သွားကာ
 
"ဘယ်လိုဖြစ်ရတာလဲ။ ပွဲတက်စရာ ရှိလို့လား။ ဆုပေးပွဲအခမ်းအနား တက်ရမှာလား"
 
" မို့ထင်တို့ဘက်က လူကြီးတွေကို သွားတွေ့မလို့"
 
ထျန်းနင်က ခပ်တိုးတိုးလေး ပြန်ဖြေသည်။
" လုံကျဲရေ ငါ့ကို ကူညီပါဦးဟာ။ ငါတော့ ဇောချွေးပြန်လာပြီ"
 
" မစိုးရိမ်ပါနဲ့ဟာ ဘာမှမဖြစ်ပါဘူး"
 
 
" အံမယ် အံမယ် အစ်မက အခုတော့ ဒီစကားတွေ ပြောပြီပေါ့။ လုချယ်က သူ့မိဘတွေနဲ့ တွေ့ဖို့ ဖုန်းဆက်ပြောတော့ ဖုန်းချလိုက်ချင်း အရမ်းကြောက်နေခဲ့တာ ဘယ်သူများလဲ"
 
 
" ဘာလဲ ဘာလဲ ၊ နင်က ငါနဲ့ ယှဉ်ပြိုင်နေတာလား။ အခုတော့ နင့်ကိုယ်နင်ပဲ အရင် ဂရုစိုက်ပြီး လုပ်သင့်တာ လုပ်ပါဦး။ ဘာတွေမှ မစိုးရိမ်နဲ့။ နင့်ဘက်မှာ သူဌေးကြီး အပြည့်အဝ ရှိပြီသားလေ။ ထျန်းနင် ယုံကြည်ချက် ရှိစမ်းပါ။ ရှိုးလ်ပွဲ လျှောက်တဲ့အတိုင်း ယုံကြည်ချက် ထားလိုက်တော့။ ဒီပွဲကို ရှိုးလ်ပွဲလို့သာ သဘောထားလိုက်"
 
လုံကျဲက မျက်လုံးလေးက လည်လိုက်သည်။
 
***
အပိုင်း (၂၇၂)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now