Ep 415+416+417

113 6 0
                                    

အပိုင်း(၄၁၅)

Fearless အတွက် ထျန်းနင် ရိုက်ကူးပေးခဲ့သော  ကြော်ငြာ တရားဝင် ထွက်ရှိလာခဲ့သည်။ ဤဖြစ်ရပ်လေးက ထျန်းနင်ကို အံ့အားသင့်စေခဲ့သည်။

သူမက ရုပ်ရှင်ရိုက်ကူးခြင်းတွင် အရမ်းကို အာရုံစိုက်နေမိ၍ သူမ ရိုက်ကူးခဲ့သည့် ဓာတ်ပုံကိုပင် မေ့လျော့နေခဲ့သည်။ ထို့ကြောင့်လည်း Fearless အီးမေးလ်မှ တဆင့် ပို့ပေးသော မဂ္ဂဇင်း မျက်နှာဖုံးလေးကို ငေးကြည့်ပြီး ထျန်းနင်၏ စိတ်နှလုံးသားကို ပျော်ရွှင်မှုများ လွှမ်းခြုံသွားခဲ့သည်။ ထျန်းနင်၏ရိုက်ကူးရေးကြောင့် Fearless လည်း ဆောင်းဦးဖက်ရှင်ပွဲတော်ကို လွဲချော်သွားခဲ့သည်။

ထျန်းနင်က အီးမေးလ်ကို ငေးကြည့်နေစဉ် ဟိုက်ဟွေ့ဖျော်ဖြေရေးက ထျန်းနင်၏ မဂ္ဂဇင်း မျက်နှာဖုံးကို အွန်လိုင်းပေါ် တင်လိုက်၍ လူအများစု၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ရုပ်ရှင်ထဲမှ ဇာတ်ကောင်က လောကကြီးထဲ အမှန်တကယ် တည်ရှိနေသည်ဟု ခံစားသည်။

ရုပ်ရှင်ပရိသတ်များက မဂ္ဂဇင်းကို ကြည့်ရှုပြီး ရုပ်ရှင်နှင့် နှိုင်းယှဉ်နေကြသည်။ ထိုစဉ် အခိုက်အတန့် သူတို့က ထျန်းနင်က တကယ်ကို စိတ်ကျေနပ်စေသည်။ မို့ထင်က သူမ၏မန်နေဂျာ ဖြစ်နေ၍ ဖက်ရှင်လောကသားများက သူမကို မေ့လျော့သွားစရာ အကြောင်း မရှိပေ။ မို့ထင်က သူမအတွက် လမ်းဖွင့်ပေးထား၍ ဖက်ရှင်လောကထဲ အချိန်မရွေး ပြန်ဝင်နိုင်သည်။ Fearless  ဖန်တီးပေးခဲ့သာ ဖြစ်ရပ်လေးက အကောင်းဆုံး သက်သေပင်။

မော်ဒယ်က တကယ်ကို သရုပ်ဆောင် ထူးချွန်သည့် သရုပ်ဆောင်မင်းသမီး ဖြစ်လာရန် မလွယ်ကူပေ။ ထို့ကြောင့်် သူမကြောင့် ပရိသတ်များ ဂုဏ်ယူဝမ်းမြောက်ရသည်။ သူမ၏ ကိုယ်ပိုင် အရည်အချင်းကို အသုံးချပြီး နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်လျှင် နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဖြစ်လာနိုင်သည်။

"ထျန်းနင်ရဲ့ ကြော်ငြာတွေကို ကြည့်စမ်းပါဦး။ အရှေ့တိုင်း သရုပ်ဖော်တဲ့ ကြော်ငြာ နဲ့ LM လက်စွပ် ကြော်ငြာကို စတိုင်မိမိ သရုပ်ဆောင်သွားတဲ့ ထျန်းနင်လေ။ သရုပ်ဆောင်မင်းသမီး ဖြစ်သွားတာ နှမြောစရာ ကောင်းတယ်လို့ အမြဲတွေးနေမိတယ်။ ဒါပေမဲ့ 'Stupid'ရုပ်ရှင်ကို ကြည့်ပြီးတော့ ငါ့အတွေး မှားသွားခဲ့တယ်ဆိုတာ သိလိုက်တယ်။ ထျန်းနင် ကိုယ် နှစ်ကိုယ် ခွဲလို့ မရတာကိုပဲ မုန်းမိတယ်။ နှစ်ကိုယ်သာ ခွဲလို့ရရင် တစ်ယောက်က မော်ဒယ်လမ်းဖက် ဆက်လျှောက်၊ နောက်တစ်ယောက်က သရုပ်ဆောင်လုပ် အဆင်မပြေသွားဘူးလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now