အပိုင်း(၅၂၇)

42 3 0
                                    

အပိုင်း(၅၂၇)

မို့ထင်က ပွဲအစမှ အဆုံးအထိ လေးလေးနက်နက် စောင့်ကြည့်နေသည်။ ထျန်းနင် ပထမဆုံးအကြိမ် ဇာတ်ဆောင်မင်းသမီး အနေဖြင့် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင် ဖြစ်သည်။

ထျန်းနင်က မို့ထင်ကို စိုးရိမ်တကြီး ငေးကြည့်နေစဉ် သူ့မျက်နှာပေါ်တွင် အပြုံးလေး ပေါ်လွင်လာသည်။

"ကိုယ့်ကို ဘာလို့ ဒီလိုမျိုး ကြည့်နေတာလဲ"

"ချစ်လေးက ယောက်ျားရဲ့အတွေးကို သိချင်လို့လေ"
ထျန်းနင် ပြန်ဖြေသည်။
"သရုပ်ဆောင်ကို ဘယ်လို အကဲဖြတ်ရမလဲ ယောက်ျားက အသိဆုံးလေ"

"မို့သခင်မက ကျွန်တော်ကို အဲဒီလို အထင်ကြီးပြီး ချီးမွမ်းတော့ ဂုဏ်ယူမိပါတယ်"
မို့ထင်က ထျန်းနင်ကို ပခုံးဖက်ထားလိုက်ပြီး သူ့မေးဖျားကို သူမ၏ဦးခေါင်းပေါ် တင်လိုက်သည်။
"အရိုးသားဆုံး ပြောရရင်  ကိုယ်ဝေဖန်ဖို့တောင် မလိုတော့ဘူးလေ။ ရုပ်ရှင်ရုံ တစ်ရုံလုံးက လူအားလုံးက သူတို့အမြင်ကို ထုတ်ပြောနေတာပဲ။ ကိုယ်လည်း သူတို့ထဲက တစ်ယောက်ပဲလေ"

"ချစ်လေး၊ မင်းက အကောင်းဆုံး ကြိုးစားလိုက်လို့ အကောင်းဆုံးတွေကို ပိုင်ဆိုင်ခွင့် ရမှာပါ။ 'W.H.'ရုပ်ရှင်ရဲ့ ရလဒ်ကြောင့် ချစ်လေးကို ဖေးထန်ဆုပေးပွဲရဲ့ တက်သစ်စ အနုပညာရှင်ဆုကို ရမှာပါ"

မို့ထင်က ထျန်းနင်ကို နှစ်သိမ့်ရုံ ပြောချင် မဟုတ်ဘဲ အမှန်အတိုင်း ပြောဆိုခြင်း ဖြစ်သည်။ တကယ်တမ်း ထျန်းနင်၏ အရည်အချင်းက မို့ထင်၏မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့သည်။

အထူးသဖြင့် သူမက ပိုင်ချန်သုန်နှင့် အတူယှဉ်တွဲ သရုပ်ဆောင်နေစဉ် သူမ၏အရည်အချင်းက ပို၍ ပေါ်လွင်သည်။ သူတို့နှစ်ဦး၏ သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းများက သည်းထိတ် ရင်ဖိုဖွယ်ကောင်းနေသည်။

အကောင်းဆုံး တက်သစ်စ အနုပညာရှင်ဆု

ဤဆုကို သရုပ်ဆောင်အသစ်တိုင်း မျှော်လင့်ကြသည်။ ထျန်းနင်လည်း သူတို့နှင့် ခြားနားခြင်း မရှိခဲ့ပေ။ သို့တည်းမဟုတ်လျှင် သူမ၏မျက်ဝန်းတွင် မျှော်လင့်ချက် အလင်းရောင်များ ပေါ်လာစရာ အကြောင်းမရှိပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Tahanan ng mga kuwento. Tumuklas ngayon