အပိုင်း(၄၉၆)

92 16 0
                                    

အပိုင်း(၄၉၆)

နေ့လည် ၃နာရီ ဆွစ်ဇာလန်

ရှားယွီလင်းနှင့် သူ့လက်ထောက်က လေဆိပ်မှ အတူတူ ထွက်ခွာကြသည်။ မို့ထင် လွှတ်ထားသည့် ကိုယ်ရံတော်များက အမည်းရောင် ကုတ်အင်္ကျီ နှင့် အမည်းရောင် လျှာထိုးဦးထုပ်ကို ဆောင်းလျက် လက်ထဲတွင် သတင်းစာ ကိုင်ဆောင်ထားမည်ဟု ထျန်းနင်က သူမကို ပြောထားသည်။ သူတို့ရင်ဘတ်တွင် ဟိုက်ဟွေ့၏အမည်ကို အီတလီဘာသာစကားဖြင့် ရေးထိုးထားသော အမှတ်တံဆိပ် ရှိလိမ့်မည်။

ထို့ကြောင့် ရှားယွီလင်းက လေဆိပ်မှ ထွက်ထွက်ချင်း မို့ထင်၏လူယုံတော်များကို ချက်ချင်း ဖျတ်ခနဲ မြင်မိသည်။ ယခုအချိန်တွင် သူမ၏လက်ထောက်လည်း ဘေးနားရှိနေ၍ သူမ၏စိုးရိမ်စိတ်ကို ဖြေဖျောက်ကာ ခပ်အေးအေး အမူအရာကို ဖန်ဆင်းထားသည်။

"သူဌေး၊ အဲဒီလူတွေက ကျွန်မတို့ကို လာခေါ်တာထင်တယ်"

အမည်းရောင် မိုးကာအင်္ကျီ နှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသော လူကို လက်ထောက်မိန်းကလေးက လက်ညိုးထိုးပြသည်။

"သေချာအောင် သွားမေးကြည့်ဦး။ ငါက အီတလီစကား နားမလည်ဘူး"
ရှားယွီလင်းက တမင်တကာ ညွှန်ကြားသည်။ တကယ်တမ်း သူမက ကျောင်းသူဘဝတည်းက အီတလီဘာသာစကားကို တတ်ကျွမ်းခဲ့သူ ဖြစ်သည်။

"ဟုတ်ကဲ့"
သူမ၏အတွင်းရေးမှူးက ထိုလူအနား အပြေးတစ်ပိုင်း သွားကာ တစ်စုံတစ်ရာကို ခပ်တိုးတိုး ပြောသည်။ ထို့နောက် သူမက လှည့်ကြည့်လာပြီး ရှားယွီလင်းကို လက်ယပ်ခေါ်သည်။
"သူဌေး၊ အားလုံး အဆင်ပြေတယ်"

ရှားယွီလင်းက ခေါင်းညိတ်ပြီး သူတို့အနား လမ်းလျှောက်သွားစဉ် မို့ထင် လွှတ်ထားသူများက သူတို့နောက်သို့ နောက်ယောင်ခံ လိုက်ပါလာသည်။

"သူဌေး ကြွပါ"
အတွင်းရေးမှူးက သူမအတွက် ကားတံခါးဖွင့်ပေးသည်။

ရှားယွီလင်းက ဘာမှ မဖြစ်ဟန် ကားပေါ် မတက်ခင် အတွင်းရေးမှူး နှင့် လာကြိုသောသူကို တစ်ချက် စောင်းငဲ့ကြည့်သည်။

"ရှားသူဌေး၊ ကျွန်မတို့သွားမယ့် ခြံကိုရောက်ဖို့ ၂နာရီလောက်တော့ ကားစီးရမယ်။ သူဌေး တရေးတမော အိပ်လို့ရတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat